ရေကျော်စျေးနားမှာ အမျိုးသမီးတယောက်ကို လုပ်ကြံသတ်ဖြတ်ခဲ့သူ ၁၃ ယောက်ကို လက်နက်တွေနဲ့အတူဖမ်းမိ

0
243

“ရေကျော်ဈေးနားမှာ အမျိုးသမီး တစ်ယောက်ကို လုပ်ကြံသတ်ဖြတ်မှုလုပ်ခဲ့သူ ၁၃ ယောက်ကို လက်နက်တွေ နဲ့အတူဖမ်းမိ”

ဒေါပုံမြိုနယ် နဲ့လှိုင်မြို နယ်တို့မှာ ဗုံးဖောက်ခွဲမှုတွေ ပြုလုပ်ခဲ့ပြီး ရေကျော်ဈေးနားမှာ အမျိုးသမီး တစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ခဲ့သူ ၁၃ ယောက်ကို လက်နက်တွေနဲ့အတူ နိုဝင်ဘာ ၁ ရက်ကဖမ်းမိခဲ့ပါတယ်။

လုံခြုံရေး အဖွဲ့ဝင်တွေဟာ ဒေါပုံမြိုနယ်နဲ့ လှိုင်မြိုနယ်တို့မှာ ဗုံးဖောက်ခွဲမှုတွေလုပ်ခဲ့သူ ကိုးယောက်ကို နိုဝင်ဘာ ၁ ရက်မနက် ၁၀ နာရီလောက် မှာ သင်္ဃန်းကျွန်းမြို့နယ်က သုမင်္ဂလာအိမ်ယာမှာ ဖမ်းမိခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူတွေရဲ့ ထွက်ဆိုချက်အရ စမ်း ချောင်းမြို့နယ်၊ မုန့်လက်ဆောင်းတောင်ရပ်ကွက်၊ မိုးမခလမ်းက တိုက်(၉)ရဲ့ ပထမထပ် မှာလက်နက်၊ ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။ အလားတူပဲ ပြစ်မှုကျူးလွန်ရာမှာပါဝင်သူ လေးယောက်ကိုလည်း လက်နက်တွေ နဲ့အတူ ဖမ်းမိခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူတွေရဲ့ ထွက်ဆိုချက်အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ဟောင်း) ဇေယျာသော် ခိုင်းစေတယ်လို ထွက်ဆို ထားတာကြောင့် ဇေယျာသော်အပါ အဝင် ဖမ်းဖို့ကျန်နေတဲ့ ခြောက်ယောက်ကိုလည်း ဖမ်းဆီးရမိဖို့ အတွက် နစက လုံခြုံရေး အဖွဲ့က ဆောင်ရွက်နေကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။

“ေရေက်ာ္ေဈးနားမွာ အမ်ိဳးသမီး တစ္ေယာက္ကို လုပ္ႀကံသတ္ျဖတ္မႈလုပ္ခဲ့သူ ၁၃ ေယာက္ကို လက္နက္ေတြ နဲ႔အတူဖမ္းမိ”

ေဒါပုံၿမိဳနယ္နဲ႔လႈိင္ၿမိဳ နယ္တို႔မွာ ဗုံးေဖာက္ခြဲမႈေတြျပဳလုပ္ခဲ့ၿပီး ေရေက်ာ္ေဈးနားမွာ အမ်ိဳးသမီး တစ္ေယာက္ကို လုပ္ႀကံသတ္ျဖတ္ခဲ့သူ ၁၃ ေယာက္ကို လက္နက္ေတြနဲ႔အတူ ႏိုဝင္ဘာ ၁ ရက္ကဖမ္းမိခဲ့ပါတယ္။

လုံၿခဳံေရးအဖြဲ႕ဝင္ေတြဟာ သတင္းေပး ခ်က္အရ ေဒါပုံၿမိဳနယ္နဲ႔လႈိင္ၿမိဳနယ္တို႔မွာ ဗုံးေဖာက္ခြဲမႈေတြလုပ္ခဲ့သူ ကိုးေယာက္ကို ႏိုဝင္ဘာ ၁ ရက္မနက္ ၁၀ နာရီေလာက္မွာ သဃၤန္းကြၽန္းၿမိဳ႕နယ္က သုမဂၤလာအိမ္ယာမွာ ဖမ္းမိခဲ့ပါတယ္။

ျပစ္မႈက်ဴးလြန္သူေတြရဲ႕ထြက္ဆိုခ်က္အရ စမ္း ေခ်ာင္းၿမိဳ႕နယ္၊ မုန႔္လက္ေဆာင္းေတာင္ရပ္ကြက္၊ မိုးမခလမ္းက တိုက္(၉)ရဲ႕ ပထမထပ္မွာလက္နက္၊ ခဲယမ္းေတြကို သိမ္းဆည္းရမိခဲ့ပါတယ္။ အလားတူပဲ ျပစ္မႈက်ဴးလြန္ရာမွာပါဝင္သူ ေလးေယာက္ကိုလည္း လက္နက္ေတြနဲ႔အတူ ဖမ္းမိခဲ့ပါတယ္။

ျပစ္မႈက်ဴးလြန္သူေတြရဲ႕ ထြက္ဆိုခ်က္အရ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ (ေဟာင္း) ေဇယ်ာေသာ္ ခိုင္းေစတယ္လို ထြက္ဆိုထားတာေၾကာင့္ ေဇယ်ာေသာ္အပါ အဝင္ ဖမ္းဖို႔က်န္ေနတဲ့ ေျခာက္ေယာက္ကိုလည္း ဖမ္းဆီးရမိဖို႔ အတြက္ နစက လုံၿခဳံေရး အဖြဲ႕ကေဆာင္႐ြက္ေနေၾကာင္း သတင္း ထုတ္ျပန္ထားပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here