ရွာသာကြီး(ကညန)ရုံးမှာ လူဦးေရ ကန့်သတ်ချက်နဲ့ နိုဝင်ဘာ ၈ ရက်ကစပြီး ယာဥ် မောင်းလိုင်စင်ဖြေဆိုနိုင်

0
719

(Unicode)

ရွာသာကြီး(ကညန)ရုံးမှာ လူဦးေရ ကန့်သတ်ချက်နဲ့ နိုဝင်ဘာ ၈ ရက်ကစပြီး ယာဥ် မောင်းလိုင်စင်ဖြေဆိုနိုင်

ကိုဗစ်(၁၉)ရောဂါ လျော့ကျလာတာကြောင့် ရွာသာကြီး(ကညန)ရုံးမှာ လူဦးရေကန့်သတ်ချက်နဲ့ နိုဝင်ဘာ ၈ ရက်ကစပြီး ယာဥ်မောင်းလိုင်စင်ဖြေဆိုနိုင်တော့မှာပါ။

ဒါ့အပြင်အခြား ကညန ရုံးအသီးသီးမှာလည်း ယာဥ်မောင်းလိုင်စင်စစ်ဆေးထုတ်ပေးတာတွေကို အဲဒီနေ့မှာပဲ Online Booking စနစ်နဲ့စတင်ဆောင်ရွက်ပေးသွားမှာလည်းဖြစ်ပါတယ်။

“ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ လုပ်ရတာဖြစ်တဲ့အတွက် (ခ)လိုင်စင် (ဃ)လိုင်စင် (င)လိုင်စင်နဲ့လိုင်စင်အသစ်‌ဖြေချင်တဲ့သူတွေ သင်တန်းတက်ချင်သူတွေကို ရွာသာကြီး(ကညန)ရုံးမှာပဲလုပ်ပေးသွားမှာပါ တခြားဝန်ဆောင်မှုတွေလုပ်ပေးသွားမှာမဟုတ်ပါဘူး”လို့ မြင်သာ(ကညန)ရုံးကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ယာဥ်မောင်းလိုင်စင်ဖြေဆိုတာကိုတော့ မနက် ၁၀ နာရီကနေစပြီး ညနေ ၄ နာရီခွဲအထိ အချိန်လေးချိန်ခွဲပြီး ဝန်ဆောင်မှုပေးသွားမှာဖြစ်သလို ယာဥ်စည်းကမ်း၊လမ်းစည်းကမ်းသင်တန်းကိုတော့ မနက် ၈ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ သုံးချိန်ခွဲပြီး သင်တန်းချိန်တစ်ချိန်စီမှာ လူဦးရေ ၃၀ ယောက်ကို သင်ပေးသွားမှာပါ။

လိုင်စင်ဖြေဆိုမဲ့သူတွေကိုတော့ ဖြေဆိုချိန်လေးချိန်မှာတစ်ချိန်ကို (ခ)လိုင်စင်အတွက် ၂၅ ယောက်စီ၊ (ဃ)လိုင်စင်အတွက် ၁၀ ယောက်စီ၊ (င)လိုင်စင်အတွက် ငါးယောက်စီဖြေဆိုခွင့်ပေးသွားမှာပါ။

(Zawgyi)


 







LEAVE A REPLY

Please enter your comment!
Please enter your name here