ရန်ကုန်ပညာရေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားကိုထက်ရာဇာနှင့်မိခင်ဖြစ်သူတို့ ဖမ်းဆီးခံရ

0
261

(Unicode)

ရန်ကုန်ပညာရေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားကိုထက်ရာဇာနှင့်မိခင်ဖြစ်သူတို့ ဖမ်းဆီးခံရ

ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ် ၊ဥသျှစ်ပင်မြို့၊မကြီးထိုးကျေးရွာနေ ရန်ကုန်ပညာရေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားဖြစ်သူ ကိုထက်ရာဇာကို ပုဒ်မ ၅၀(ည) ဖြင့် နိုဝင်ဘာလ ၃ရက်နေ့က ရဲနှင့်လုံခြုံ​ရေး တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားသည်။၎င်းနှင့်အတူ မိခင်ဖြစ်သူအားလည်း တစ်ပါတည်းဖမ်းဆီးသွားကြောင်း ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပြောသည်။

ကိုထက်ရာဇာနှင့် မိခင်ဖြစ်သူကို လက်ရှိအချိန်တွင်ပန်းတောင်းမြို့၌ ထိန်းသိမ်းထားသည်။

ယခုရက်ထဲမှာပင် ရန်ကုန်ပညာရေးတက္ကသိုလ်ဥက္ကဌဟောင်း ကိုနောင်ထက်အောင်နှင့် မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂခေါင်းဆောင် ကိုရန်စိုးပိုင်အပါအဝင် လူငယ်(၆)ဦးလည်း အောက်တိုဘာ ၃၁ရက်က မန္တလေးတွင် ဖမ်းဆီးထားသည်။

ယင်းနေ့ည (၁၀)နာရီဝန်းကျင်ခန့်က မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုရန်စိုးပိုင်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌဟောင်း၊ ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင်ဟောင်း ကိုနောင်ထက်အောင်နှင့်အတူ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီမှ ဒေါ်သက်ဆုလှိုင်နှင့်ဦးနိုင်းသီဟကျော်အပါဝင် လူငယ်(၆)ဦးကို စစ်သားနှင့်ရဲများက လာဖမ်းသွားပြီး ယခုအချိန်အထိ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ဆိုသည်ကို မသိရှိရသေးဟု ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ဗကသများအဖွဲ့ချုပ်သတင်းနှင့်ပြန်ကြားရေး က ပြောဆိုသည်။

(Zawgyi)

ရန္ကုန္ပညာေရးတကၠသိုလ္ေနာက္ဆုံးႏွစ္ေက်ာင္းသားကိုထက္ရာဇာႏွင့္မိခင္ျဖစ္သူတို႔ ဖမ္းဆီးခံရ

ပဲခူးတိုင္း၊ပန္းေတာင္းၿမိဳ႕နယ္ ၊ဥသွ်စ္ပင္ၿမိဳ႕၊မႀကီးထိုးေက်း႐ြာေန ရန္ကုန္ပညာေရးတကၠသိုလ္ေနာက္ဆုံးႏွစ္ေက်ာင္းသားျဖစ္သူ ကိုထက္ရာဇာကို ပုဒ္မ ၅၀(ည) ျဖင့္ ႏိုဝင္ဘာလ ၃ရက္ေန႔က ရဲႏွင့္လုံၿခဳံ​ေရး တပ္ဖြဲ႕ဝင္မ်ားက လာေရာက္ဖမ္းဆီးသြားသည္။၎ႏွင့္အတူ မိခင္ျဖစ္သူအားလည္း တစ္ပါတည္းဖမ္းဆီးသြားေၾကာင္း ရန္ကုန္ပညာေရးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢက ေျပာသည္။

ကိုထက္ရာဇာႏွင့္ မိခင္ျဖစ္သူကို လက္ရွိအခ်ိန္တြင္ပန္းေတာင္းၿမိဳ႕၌ ထိန္းသိမ္းထားသည္။

ယခုရက္ထဲမွာပင္ ရန္ကုန္ပညာေရးတကၠသိုလ္ဥကၠဌေဟာင္း ကိုေနာင္ထက္ေအာင္ႏွင့္ မႏၲေလးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢေခါင္းေဆာင္ ကိုရန္စိုးပိုင္အပါအဝင္ လူငယ္(၆)ဦးလည္း ေအာက္တိုဘာ ၃၁ရက္က မႏၲေလးတြင္ ဖမ္းဆီးထားသည္။

ယင္းေန႔ည (၁၀)နာရီဝန္းက်င္ခန႔္က မႏၲေလးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢမွ ကိုရန္စိုးပိုင္ႏွင့္ ရန္ကုန္ပညာေရးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ(ဗကသမ်ားအဖြဲ႕ခ်ဳပ္) ဥကၠ႒ေဟာင္း၊ ဗကသမ်ားအဖြဲ႕ခ်ဳပ္ ဗဟိုအမႈေဆာင္အဖြဲ႕ဝင္ေဟာင္း ကိုေနာင္ထက္ေအာင္ႏွင့္အတူ အေျခခံပညာ ပညာေရးဝန္ထမ္းမ်ားအေထြေထြသပိတ္ေကာ္မတီမွ ေဒၚသက္ဆုလႈိင္ႏွင့္ဦးႏိုင္းသီဟေက်ာ္အပါဝင္ လူငယ္(၆)ဦးကို စစ္သားႏွင့္ရဲမ်ားက လာဖမ္းသြားၿပီး ယခုအခ်ိန္အထိ မည္သည့္ေနရာတြင္ ထိန္းသိမ္းထားသည္ဆိုသည္ကို မသိရွိရေသးဟု ရန္ကုန္ပညာေရးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ၊ဗကသမ်ားအဖြဲ႕ခ်ဳပ္သတင္းႏွင့္ျပန္ၾကားေရး က ေျပာဆိုသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here