သင်္ဃန်းကျွန်းနဲ့စမ်းချောင်းမှာ ငွေကျပ်သိန်း ၃,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးတွေ ဖမ်းမိ

0
53

(Unicode)

သင်္ဃန်းကျွန်းနဲ့စမ်းချောင်းမှာ ငွေကျပ်သိန်း ၃,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးတွေ ဖမ်းမိ

သင်္ဃန်းကျွန်းမြို့နယ်နဲ့စမ်းချောင်းမြို့နယ်တို့ကနေ နိုဝင်ဘာ ၃ ရက်မွန်းလွဲ ၂ နာရီခွဲနဲ့ညနေ ၆ နာရီခွဲတို့မှာ ငွေကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေက သင်္ဃန်းကျွန်းမြို့နယ်၊ငမိုးရိပ်ရပ်ကွက်၊ငမိုးရိပ်(၆)လမ်းက မြတ်ပိုင်စိုး(၃၅)နှစ်နဲ့ဝင့်ရီမောင်(၃၄)နှစ် တို့ဆီက စိတ်ကြွဆေးပြား ၃၀,၀၀၀ ပြားကိုဖမ်းဆီးရမိခဲ့ပါတယ်၊၊

သူတို့ကိုစစ်ဆေးချက်အရ စမ်းချောင်းမြို့နယ်၊လင်းလွန်း(တောင်)ရပ်ကွက်၊လင်းလွန်းလမ်းနေ ချစ်ကိုနိုင်(ခ)ရွှေငါး(၃၁)နှစ်ဆီက စိတ်ကြွဆေးပြား ၂၇၆,၀၀၀ ပြားကိုထပ်ပြီး ဖမ်းဆီးရမိခဲ့ပါတယ်။စုစုပေါင်း စိတ်ကြွဆေး ၃၀၆,၀၀၀ ပြားကိုဖမ်းဆီးရမိခဲ့တာပါ။

စိတ်ကြွဆေးတွေနဲ့အတူဖမ်းမိသူ သုံးယောက်ကို သက်ဆိုင်ရာမြို့မရဲစခန်းတွေက မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်စစ်ဆေးနေပါတယ်။

(Zawgyi)

သဃၤန္းကြၽန္းနဲ႔စမ္းေခ်ာင္းမွာ ေငြက်ပ္သိန္း ၃,၀၀၀ ေက်ာ္တန္ဖိုးရွိ စိတ္ႂကြေဆးေတြ ဖမ္းမိ

သဃၤန္းကြၽန္းၿမိဳ႕နယ္နဲ႔စမ္းေခ်ာင္းၿမိဳ႕နယ္တို႔ကေန ႏိုဝင္ဘာ ၃ ရက္မြန္းလြဲ ၂ နာရီခြဲနဲ႔ညေန ၆ နာရီခြဲတို႔မွာ ေငြက်ပ္သိန္း ၃၀၀၀ ေက်ာ္တန္ဖိုးရွိတဲ့ စိတ္ႂကြေဆးေတြကို ဖမ္းဆီးရမိခဲ့ပါတယ္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕ဝင္ေတြက သဃၤန္းကြၽန္းၿမိဳ႕နယ္၊ငမိုးရိပ္ရပ္ကြက္၊ငမိုးရိပ္(၆)လမ္းက ျမတ္ပိုင္စိုး(၃၅)ႏွစ္နဲ႔ဝင့္ရီေမာင္(၃၄)ႏွစ္ တို႔ဆီက စိတ္ႂကြေဆးျပား ၃၀,၀၀၀ ျပားကိုဖမ္းဆီးရမိခဲ့ပါတယ္၊၊

သူတို႔ကိုစစ္ေဆးခ်က္အရ စမ္းေခ်ာင္းၿမိဳ႕နယ္၊လင္းလြန္း(ေတာင္)ရပ္ကြက္၊လင္းလြန္းလမ္းေန ခ်စ္ကိုႏိုင္(ခ)ေ႐ႊငါး(၃၁)ႏွစ္ဆီက စိတ္ႂကြေဆးျပား ၂၇၆,၀၀၀ ျပားကိုထပ္ၿပီး ဖမ္းဆီးရမိခဲ့ပါတယ္။စုစုေပါင္း စိတ္ႂကြေဆး ၃၀၆,၀၀၀ ျပားကိုဖမ္းဆီးရမိခဲ့တာပါ။

စိတ္ႂကြေဆးေတြနဲ႔အတူဖမ္းမိသူ သုံးေယာက္ကို သက္ဆိုင္ရာၿမိဳ႕မရဲစခန္းေတြက မူးယစ္ေဆးဝါးနဲ႔စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္စစ္ေဆးေနပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here