မီနီဘက်ဂျက်အတွက် ပထမဆုံးအကြိမ် MIC အစည်းအဝေးကျင်းပ အလုပ်ကိုင်အခွင့်အလမ်း သုံးထောင်နီးပါးဖန်တီးပေးနိုင်

0
185

(Unicode)

မီနီဘက်ဂျက်အတွက် ပထမဆုံးအကြိမ် MIC အစည်းအဝေးကျင်းပ အလုပ်ကိုင်အခွင့်အလမ်း သုံးထောင်နီးပါးဖန်တီးပေးနိုင်

နေပြည်တော် နိုဝင်ဘာ ၅

ယခုဘဏ္ဍာနှစ်မီနီဘက်ဂျက်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ယခုလ (၃)ရက်နေ့က ကျင်းပခဲ့ပြီးပြည်တွင်းမှာ အလုပ်အကိုင်နေရာပေါင်း (၂၉၇၂)နေရာ ဖန်တီးပေးနိုင်မည့် လုပ်ငန်းများခွင့်ပြုပေးခဲ့သည်ဟုသိရသည်။

စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ (၂၀၄)သန်းကျော်နှင့်ကျပ်သန်းပေါင်း (၂၂၅၅၂၀)ကျော် ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့သည်ဟု သိရသည်။

ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊စိုက်ပျိုးရေးကဏ္ဍ၊ကုန်ထုတ်လုပ်မှုကဏ္ဍနှင့်ဝန်ဆောင်မှုကဏ္ဍများအပါအဝင် လုပ်ငန်းသစ်(၁၃)ခုကိုယခုအစည်းအဝေးမှ ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။

မီနီဘက်ဂျက်အတွင်းပထမဆံုး အကြိမ်ကျင်းပသည့် ယခုအစည်းအဝေးသို့ MIC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ကိုယ်တိုင်တက်ရောက်ခဲ့ခြင်းဖြစ်သည်။

(Zawgyi)

မီနီဘက်ဂျက်အတွင် ပထမဆုံးအကြိမ် MIC အစည်းအဝေးကျင်းပ အလုပ်ကိုင်အခွင့်အလမ်း သုံးထောင်နီးပါးဖန်တီးပေးနိုင်

နေပြည်တော် နိုဝင်ဘာ ၅




မီနီဘက်ဂျက်အတွင်းပထမဆုံး အကြိမ်ကျင်းပသည့် ယခုအစည်းအဝေးသို့ MIC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ကိုယ်တိုင်တက်ရောက်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here