ရန်ကုန်တွင် ယနေ့ မနက်ပိုင်းက ပေါက်ကွဲမှုများဆက်တိုက်ဖြစ်

0
92

(Unicode)

ရန်ကုန်တွင် ယနေ့ မနက်ပိုင်းက ပေါက်ကွဲမှုများဆက်တိုက်ဖြစ်

ရန်ကုန်တွင် နိုဝင်ဘာ ၅ရက် မနက်ပိုင်းက ပေါက်ကွဲမှု ၂ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

ကမာရွတ်ပြည်လမ်းပေါ်ရှိ မာလာမှတ်တိုင်အနီးတွင် မနက်၈နာရီအချိန်ခန့်က ပေါက်ကွဲမှုတစ်ခု၊မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းပေါ်ရှိ KBZ ATM တွင်လည်း ပေါက်ကွဲမှုဖြစ်ခဲ့သည်။

ပေါက်ကွဲမှုဖြစ်ခဲ့လို့ အနီးနားကကြော်ငြာဆိုင်းဘုတ်တွေနဲ့အဆောက်အအုံတစ်ချို့ပျက်စီးသွားတာတော့တွေ့တယ် လူတွေထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး ကားမှတ်တိုင်နားကယုဒဿန်ဖက်ခြမ်းမှာပေါက်သွားတာပါလို့ ပေါက်ကွဲမှုဖြစ်စဥ်အနီးနေသူတစ်ယောက်ကပြောပါတယ်။

“မာလာမှတ်တိုင်နား KBZ ဘဏ်ရုံး နားမှာ ပေါက်တာက အသံတော်တော်ကျယ်တယ်။ ပေါက်ကွဲမှုဖြစ်ပြီး လမ်းခေတ္တပိတ်စစ်တာတွေ လုပ်နေတာတော့ တွေ့ခဲ့ရတယ်”ဟု မြို့ခံတစ်ဦးကပြောသည်။

မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းပေါ်ရှိ KBZ ATM ပေါက်ကွဲမှု တွင်လည်း စက်ကိုကာရံထားသည့် မှန်များ ကွဲကြေသွားသည်။

“ကံကောင်းတယ်လို့ပြောရမယ် ဗုံးပေါက်တဲ့နားမှာတစ်ယောက်မှမရှိလို့ ထိခိုက်တာတော့မရှိဘူး ATM စက်နဲ့အဆောက်အဦးကတော့အကုန်လုံးနီးပါးပျက်စီးသွားတယ်”လို့ အိမ်ယာအတွင်းနေသူတစ်ယောက်ကပြောပါတယ်။

ဓါတ်ပုံ-CJ

(Zawgyi)

ရန္ကုန္တြင္ ယေန႔ မနက္ပိုင္းက ေပါက္ကြဲမႈမ်ားဆက္တိုက္ျဖစ္

ရန္ကုန္တြင္ ႏိုဝင္ဘာ ၅ရက္ မနက္ပိုင္းက ေပါက္ကြဲမႈ ၂ႀကိမ္ထက္မနည္း ျဖစ္ပြားခဲ့သည္။

ကမာ႐ြတ္ျပည္လမ္းေပၚရွိ မာလာမွတ္တိုင္အနီးတြင္ မနက္၈နာရီအခ်ိန္ခန႔္က ေပါက္ကြဲမႈတစ္ခု၊မရမ္းကုန္းၿမိဳ႕နယ္ မင္းဓမၼလမ္းေပၚရွိ KBZ ATM တြင္လည္း ေပါက္ကြဲမႈျဖစ္ခဲ့သည္။

ေပါက္ကြဲမႈျဖစ္ခဲ့လို႔ အနီးနားကေၾကာ္ျငာဆိုင္းဘုတ္ေတြနဲ႔အေဆာက္အအုံတစ္ခ်ိဳ႕ပ်က္စီးသြားတာေတာ့ေတြ႕တယ္ လူေတြထိခိုက္ဒဏ္ရာရတာေတာ့မရွိပါဘူး ကားမွတ္တိုင္နားကယုဒႆန္ဖက္ျခမ္းမွာေပါက္သြားတာပါလို႔ ေပါက္ကြဲမႈျဖစ္စဥ္အနီးေနသူတစ္ေယာက္ကေျပာပါတယ္။

“မာလာမွတ္တိုင္နား KBZ ဘဏ္႐ုံး နားမွာ ေပါက္တာက အသံေတာ္ေတာ္က်ယ္တယ္။ ေပါက္ကြဲမႈျဖစ္ၿပီး လမ္းေခတၱပိတ္စစ္တာေတြ လုပ္ေနတာေတာ့ ေတြ႕ခဲ့ရတယ္”ဟု ၿမိဳ႕ခံတစ္ဦးကေျပာသည္။

မရမ္းကုန္းၿမိဳ႕နယ္ မင္းဓမၼလမ္းေပၚရွိ KBZ ATM ေပါက္ကြဲမႈ တြင္လည္း စက္ကိုကာရံထားသည့္ မွန္မ်ား ကြဲေၾကသြားသည္။

“ကံေကာင္းတယ္လို႔ေျပာရမယ္ ဗုံးေပါက္တဲ့နားမွာတစ္ေယာက္မွမရွိလို႔ ထိခိုက္တာေတာ့မရွိဘူး ATM စက္နဲ႔အေဆာက္အဦးကေတာ့အကုန္လုံးနီးပါးပ်က္စီးသြားတယ္”လို႔ အိမ္ယာအတြင္းေနသူတစ္ေယာက္ကေျပာပါတယ္။

ဓါတ္ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here