ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူးဟောင်း ကိုစည်သူအောင်တင်ကို ထောင်(၁၀)နှစ်ချမှတ်

0
140

(Unicode)

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူးဟောင်း ကိုစည်သူအောင်တင်ကို ထောင်(၁၀)နှစ်ချမှတ်

စက်တင်ဘာလ ၁၄ရက်နေ့ညပိုင်းက ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ်ထဲ ဖမ်းဆီးထိန်းသိမ်းခံ ထားရသည့် ကျောင်းသား၊သူ ၆ဦးထဲ ပါသည့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၏ အတွင်းရေးမှူးဟောင်း ကိုစည်သူအောင်တင်(ဥပဒေ-တတိယနှစ်)ကို သက်ဆိုင်ရာ တရားရုံးက နိုဝင်ဘာ ၃ရက်တွင် အမိန့်တစ်ရပ်ချမှတ်လိုက်သည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့၏ ယနေ့သတင်းထုတ်ပြန်ချက်အရသိရသည်။

ကိုစည်သူအောင်တင်ကို ရာဇသတ်ကြီးပုဒ်မ ၁၂၄ – ခ(ဃ) နှင့် ၅၀၅ – က တို့ဖြင့် တရားရုံးက နိုဝင်ဘာ ၃ရက်တွင် ထောင်ဒဏ် ၁၀နှစ်ချမှတ်ခဲ့သည်။

ကိုစည်သူအောင်တင်နှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒဂုံတက္ကသိုလ်မှကျောင်းသား‌ ကျောင်းသူ ၅ ဦးတို့၏ အမှုများကိုမူ ယနေ့အချိန်ထိ အမိန့်ချခြင်းမရှိသေးဟု ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့က ပြောဆိုထားသည်။

(Zawgyi)






LEAVE A REPLY

Please enter your comment!
Please enter your name here