ကန်ကြီးထောင့် အထက(ရွေး)ကျောင်း မီးလောင်မှုဖြစ်ပွား

0
98

ကန်ကြီးထောင့် အထက(ရွေး)ကျောင်း မီးလောင်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ရွေး)မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံကသိရသည်။

နိုဝင်ဘာလ ၄ရက်နေ့ ညနေ၆ နာရီ ၄၅ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကန်ကြီးထောင့်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ရွေး) မီးလောင်အပြီး စစ်ဆေးရာ လက်လုပ်မိုင်းအပိုင်းအစများတွေ့ရှိခဲ့ရသည်ဟု သက်ဆိုင်ရာကပြောဆိုသည်။

မီးလောင်မှုကြောင့် စာသင်ကျောင်းစတိုခန်းရှိ ကျောင်းပရိဘောဂပစ္စည်းများနှင့် ပြတင်းပေါက်တံခါးများ မီးလောင်ပျက်စီးသွားသည်။

သက်ဆိုင်ရာက ကန်ကြီးထောင့်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ရွေး)မီးလောင်မှုဖြစ်ပွားခဲ့ခြင်းမှာ မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် ဖြစ်သည်ဟု မှတ်ချက်ပြုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here