အိန္ဒိယနိုင်ငံထုတ်ကိုဗစ်ကာကွယ်ဆေး Covaxin ကို အရေးပေါ်အသုံးပြုနိုင်သောဆေးအဖြစ် WHO အတည်ပြု

0
117

အိန္ဒိယနိုင်ငံထုတ်ကိုဗစ်ကာကွယ်ဆေး Covaxin ကို အရေးပေါ်အသုံးပြုနိုင်သောဆေးအဖြစ် WHO အတည်ပြု

အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး တစ်မျိုးဖြစ်တဲ့ Covaxin ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အရေးပေါ် အသုံးပြုနိုင်သော ကာကွယ်ဆေးအဖြစ် အတည်ပြုပေးလိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၃ရက်နေ့ကထုတ်ပြန်ကြေငြာလိုက်ပါတယ်။

Covaxin ကာကွယ်ဆေးကို WHO ရဲ့ကျွမ်းကျင်ပညာရှင်များက ပြန်လည်သုံးသပ်စစ်ဆေးခဲ့ကြတာဖြစ်ပြီး အဲဒီကာကွယ်ဆေးကို အသက် ၁၈နှစ်အထက်မှာအသုံးပြုနိုင်ကာ ၂ကြိမ်အသုံးပြုနိုင်တယ်လို့လည်းအကြံပြုထားပါတယ်။

ယခုကာကွယ်ဆေးဟာ Pfizer, Moderna, Astra Zeneca, Johnson & Johnson, Sinovac, Sinopharm စတဲ့ကာကွယ်ဆေးများအပြီး WHO ကအတည်ပြုပေးလိုက်တဲ့ ၇ခုမြောက်ကာကွယ်ဆေးတစ်ခုလည်းဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာတစ်ဝန် မှာကိုဗစ်ကြောင့်သေဆုံးသူ ၅သန်းကျော်ရှိနေပြီး ဝင်ငွေနိမ့်နိုင်ငံများအနေနဲ့ ကိုဗစ်ကာကွယ်ဆေးရရှိမှု ဝ.၄ရာခိုင်နှုန်းသာ ရှိတဲ့အတွက် ကမ္ဘာတစ်ဝန်းကာကွယ်ဆေးညီမျှစွာဖြန့်ဖြူးပေးကြဖို့ WHO ကတောင်းဆိုထားပါတယ်။

Source – CAN
Photo – Devdiscourse

 

အိႏၵိယႏိုင္ငံထုတ္ကိုဗစ္ကာကြယ္ေဆး Covaxin ကို အေရးေပၚအသုံးျပဳႏိုင္ေသာေဆးအျဖစ္ WHO အတည္ျပဳ

အိႏၵိယႏိုင္ငံထုတ္ ကိုဗစ္ကာကြယ္ေဆး တစ္မ်ိဳးျဖစ္တဲ့ Covaxin ကို ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က အေရးေပၚ အသုံးျပဳႏိုင္ေသာ ကာကြယ္ေဆးအျဖစ္ အတည္ျပဳေပးလိုက္ၿပီျဖစ္ေၾကာင္း ႏိုဝင္ဘာလ ၃ရက္ေန႔ကထုတ္ျပန္ေၾကျငာလိုက္ပါတယ္။

Covaxin ကာကြယ္ေဆးကို WHO ရဲ႕ကြၽမ္းက်င္ပညာရွင္မ်ားက ျပန္လည္သုံးသပ္စစ္ေဆးခဲ့ၾကတာျဖစ္ၿပီး အဲဒီကာကြယ္ေဆးကို အသက္ ၁၈ႏွစ္အထက္မွာအသုံးျပဳႏိုင္ကာ ၂ႀကိမ္အသုံးျပဳႏိုင္တယ္လို႔လည္းအႀကံျပဳထားပါတယ္။

ယခုကာကြယ္ေဆးဟာ Pfizer, Moderna, Astra Zeneca, Johnson & Johnson, Sinovac, Sinopharm စတဲ့ကာကြယ္ေဆးမ်ားအၿပီး WHO ကအတည္ျပဳေပးလိုက္တဲ့ ၇ခုေျမာက္ကာကြယ္ေဆးတစ္ခုလည္းျဖစ္ပါတယ္။

လက္ရွိ ကမာၻတစ္ဝန္ မွာကိုဗစ္ေၾကာင့္ေသဆုံးသူ ၅သန္းေက်ာ္ရွိေနၿပီး ဝင္ေငြနိမ့္ႏိုင္ငံမ်ားအေနနဲ႔ ကိုဗစ္ကာကြယ္ေဆးရရွိမႈ ဝ.၄ရာခိုင္ႏႈန္းသာ ရွိတဲ့အတြက္ ကမာၻတစ္ဝန္းကာကြယ္ေဆးညီမွ်စြာျဖန႔္ျဖဴးေပးၾကဖို႔ WHO ကေတာင္းဆိုထားပါတယ္။Source – CANPhoto – Devdiscourse


LEAVE A REPLY

Please enter your comment!
Please enter your name here