MAI လေကြောင်းလိုင်းက ရန်ကုန်-ဒေလီ-ရန်ကုန် Special Flight တွေပျံသန်းမယ်

0
347

MAI လေကြောင်းလိုင်းက ရန်ကုန်-ဒေလီ-ရန်ကုန် Special Flight တွေပျံသန်းမယ်


မြန်မာအပြည်ပြည် ဆိုင်ရာလေကြောင်းလိုင်း (MAI)က နိုဝင်ဘာ ၁၃ ရက်ကစပြီး ရန်ကုန်-ဒေလီ-ရန်ကုန် Special Flight တွေကို ပျံသန်းပေးသွားမှာဖြစ်ပြီး နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေနဲ့ တခြားနိုင်ငံသားတွေအတွက် ရည်ရွယ်တယ်လို့ MAI ကထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဒေလီကနေ ရန်ကုန်ကို MAI လေကြောင်းလိုင်းနဲ့ပြန်လာမဲ့ မြန်မာနိုင်ငံသားတွေက ဒေလီမှာရှိတဲ့ မြန်မာသံရုံးနဲ့ ရန်ကုန်ကနေဒေလီ ကိုလိုက်ပါမဲ့တခြားနိုင်ငံသားတွေကတော့ ရန်ကုန်မြို့က အိန္ဒိယသံရုံးမှာ မှတ်ပုံတင်ရမှာဖြစ်ပါတယ်။

အလားတူပဲ သက်ဆိုင်ရာနိုင်ငံတွေက ချမှတ်ထားတဲ့ ကိုဗစ်(၁၉)ရောဂါ စည်းကမ်းချက်တွေနဲ့အညီ သတ်မှတ်လူဦးရေနဲ့ MAI လေကြောင်းလိုင်းမှာ လိုက်ပါရမှာဖြစ်ပါတယ်။

လက်မှတ်ခတွေက အမေရိကန်ဒေါ်လာ ၄၆၅ ဒေါ်လာနှင့်အထူးတန်းလက်မှတ် အမေရိကန်ဒေါ်လာ ၇၅၀ သတ်မှတ်ထားတယ်လို့ထုတ်ပြန် ကြေညာချက်မှာ ရေးသားထားပါတယ်။

Zaw Gyi






 


LEAVE A REPLY

Please enter your comment!
Please enter your name here