ဗိုလ်ချုပ်ဈေးပြန်ဖွင့် ရာမှာ ဆိုင်ခန်းဖွင့်သူတွေ နည်းနေသေး

0
176
ဗိုလ်ချုပ်ဈေးပြန်ဖွင့် ရာမှာ ဆိုင်ခန်းဖွင့်သူတွေ နည်းနေသေး
စကော့ဈေးလို အများသိတဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေးကြီးမှာ ဆိုင်ခန်းပေါင်း ၁၈၀၀ လောက် ရှိတဲ့အထဲက လတ်တလော ဆိုင်ခန်း ၂၀၀ လောက်ပဲ ဖွင့်သေးတယ်လို့ ရန်ကုန်မြိုတော် စည်ပင်သာယာရေးကော်မတီရဲ့ စာရင်းတွေအရ သိရပါတယ်။
အရေအတွက်ကို ကြည့်မယ်ဆိုရင် ပြန်ဖွင့်တဲ့ဈေးဆိုင်တွေ နည်းတယ်လို ပြောနိုင်ပေမဲ့လည်း ဗိုလ်ချုပ်ဈေးရဲ့ သဘောသဘာဝအရ တဖြည်းဖြည်းချင်းမှ များလာမဲ့ အနေအထားမှာ ရှိနေတာပါ။
ဘာဖြစ်လို့လဲဆိုရင် နိုင်ငံခြားသားတွေကို အဓိကထားပြီး ရောင်းချနေတဲ့ ဈေးဖြစ်တာကတစ်ကြောင်း၊ အဖိုးတန်ပစ္စည်းတွေ ရောင်းချကြ တာဖြစ်လို့ လုံခြုံရေးအခြေအနေကို စိတ်ပူတာကတစ်ကြောင်း စတဲ့အချက်တွေကြောင့် လာရောက်ရောင်းချတဲ့ အရေအတွက် နည်းနေရသေးတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း စပြီး ဖွင့်တဲ့ရက်မှာ ဗိုလ်ချုပ်ဈေးမှာ ဖွင့်တဲ့ ဆိုင် ၅၀ လောက်ပဲ ရှိတာကနေ အခု ဆိုင်ခန်း ၂၀၀ ထိ ဖွင့်လာတယ်ဆိုတာ တဖြည်းဖြည်း ဖွင့်တဲ့သူ များလာမယ်ဆိုတဲ့ အခြေအနေကို မြင်နေရတာလည်း ဖြစ်တယ်လို့ ဈေးရောင်းချတဲ့ ဆိုင်တွေက မှတ်ချက်ပြုကြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်ရက်နေ့ကစလို ရန်ကုန်မြိုတော် စည်ပင်သာယာရေးကော်မတီ ကြီးကြပ်မှုအောက်မှာရှိတဲ့ ဈေးပေါင်း ၁၄၀ ကျော် အပါအဝင် ပုဂ္ဂလိကပိုင် ဈေးတွေအားလုံးကို ဖွင့်လှစ်ခဲ့တာပါ။
အဲဒီဈေးတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ပထမလှိုင်းကာလက နှစ်လလောက်ပိတ်ထားပြီး မေလ ၁၆ ရက်နေ့မှာ ပြန်ဖွင့်ခဲ့ပေမဲ့ကိုဗစ် ဒုတိယလှိုင်းကြောင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၂ ရက်နေ့က ပြန်ပိတ်ခဲ့ရတာပါ။
ပြီးတော့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ တစ်ရက်နေ့မှာ ပြန်ဖွင့်ဖို လုပ်ခဲ့တာ ဖြစ်ပေမဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် မဖွင့်ဖြစ်ခဲ့ပါဘူး။
ရန်ကုန်မြိုတော် စည်ပင်သာယာရေးကော်မတီ ကြီးကြပ်မှုအောက်မှာရှိတဲ့ ဈေးပေါင်း ၁၄၀ ကျော်မှာ ဆိုင်ခန်းပေါင်း ၆၀၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Zaw Gyi
ဗိုလ္ခ်ဳပ္ေဈးျပန္ဖြင့္ ရာမွာ ဆိုင္ခန္းဖြင့္သူေတြ နည္းေနေသး

စေကာ့ေဈးလို အမ်ားသိတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေဈးႀကီးမွာ ဆိုင္ခန္းေပါင္း ၁၈၀၀ ေလာက္ ရွိတဲ့အထဲက လတ္တေလာ ဆိုင္ခန္း ၂၀၀ ေလာက္ပဲ ဖြင့္ေသးတယ္လို႔ ရန္ကုန္ၿမိဳေတာ္ စည္ပင္သာယာေရးေကာ္မတီရဲ႕ စာရင္းေတြအရ သိရပါတယ္။

အေရအတြက္ကို ၾကည့္မယ္ဆိုရင္ ျပန္ဖြင့္တဲ့ေဈးဆိုင္ေတြ နည္းတယ္လို ေျပာႏိုင္ေပမဲ့လည္း ဗိုလ္ခ်ဳပ္ေဈးရဲ႕ သေဘာသဘာဝအရ တျဖည္းျဖည္းခ်င္းမွ မ်ားလာမဲ့ အေနအထားမွာ ရွိေနတာပါ။ဘာျဖစ္လို႔လဲဆိုရင္ ႏိုင္ငံျခားသားေတြကို အဓိကထားၿပီး ေရာင္းခ်ေနတဲ့ ေဈးျဖစ္တာကတစ္ေၾကာင္း၊ အဖိုးတန္ပစၥည္းေတြ ေရာင္းခ်ၾက တာျဖစ္လို႔ လုံၿခဳံေရးအေျခအေနကို စိတ္ပူတာကတစ္ေၾကာင္း စတဲ့အခ်က္ေတြေၾကာင့္ လာေရာက္ေရာင္းခ်တဲ့ အေရအတြက္ နည္းေနရေသးတာ ျဖစ္ပါတယ္။ဒါေပမဲ့လည္း စၿပီး ဖြင့္တဲ့ရက္မွာ ဗိုလ္ခ်ဳပ္ေဈးမွာ ဖြင့္တဲ့ ဆိုင္ ၅၀ ေလာက္ပဲ ရွိတာကေန အခု ဆိုင္ခန္း ၂၀၀ ထိ ဖြင့္လာတယ္ဆိုတာ တျဖည္းျဖည္း ဖြင့္တဲ့သူ မ်ားလာမယ္ဆိုတဲ့ အေျခအေနကို ျမင္ေနရတာလည္း ျဖစ္တယ္လို႔ ေဈးေရာင္းခ်တဲ့ ဆိုင္ေတြက မွတ္ခ်က္ျပဳၾကပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ တစ္ရက္ေန႔ကစလို ရန္ကုန္ၿမိဳေတာ္ စည္ပင္သာယာေရးေကာ္မတီ ႀကီးၾကပ္မႈေအာက္မွာရွိတဲ့ ေဈးေပါင္း ၁၄၀ ေက်ာ္ အပါအဝင္ ပုဂၢလိကပိုင္ ေဈးေတြအားလုံးကို ဖြင့္လွစ္ခဲ့တာပါ။အဲဒီေဈးေတြဟာ ကိုဗစ္-၁၉ ကပ္ေရာဂါ ပထမလႈိင္းကာလက ႏွစ္လေလာက္ပိတ္ထားၿပီး ေမလ ၁၆ ရက္ေန႔မွာ ျပန္ဖြင့္ခဲ့ေပမဲ့ကိုဗစ္ ဒုတိယလႈိင္းေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္ စက္တင္ဘာလ ၁၂ ရက္ေန႔က ျပန္ပိတ္ခဲ့ရတာပါ။

ၿပီးေတာ့ ၂၀၂၁ ခုႏွစ္ေဖေဖာ္ဝါရီလ တစ္ရက္ေန႔မွာ ျပန္ဖြင့္ဖို႔ လုပ္ခဲ့တာ ျဖစ္ေပမဲ့ ႏိုင္ငံေရးအေျပာင္းအလဲေတြေၾကာင့္ မဖြင့္ျဖစ္ခဲ့ပါဘူး။ရန္ကုန္ၿမိဳေတာ္ စည္ပင္သာယာေရးေကာ္မတီ ႀကီးၾကပ္မႈေအာက္မွာရွိတဲ့ ေဈးေပါင္း ၁၄၀ ေက်ာ္မွာ ဆိုင္ခန္းေပါင္း ၆၀၀၀၀ ေက်ာ္ရွိတယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here