အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်ကော်မတီကို အဖွဲ့ဝင် ၇ဦးဖြင့် ဖွဲ့စည်း

0
286

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်ကော်မတီကို အဖွဲ့ဝင် ၇ဦးဖြင့် ဖွဲ့စည်း

ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်ကြည်ညွန့်၊ ဦးတင်ထွဋ်ဦး၊ အရံဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ ခင်ဆောင်၊ ၂၀၂၁ ခုနှစ် ဇန္နဝါရီလ (၃၀) ရက်နေ့တွင် ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့သော (Steering Committee) မှ ဦးထွန်းမြင့်၊ ဦးကျော်ထွေး၊ ဦးမျိုးနိုင်၊ ဦးဝင်းအောင်တို့ဖြင့် ဗဟိုအလုပ်ကော်မတီ (Central Working Committee) ကို ဖွဲ့စည်း လိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က နိုဝင်ဘာ ၅ရက်ညက ကြေညာသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ဥက္ကဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ အားလုံး လွတ်လပ်စွာ စုံညီအစည်းအဝေး ကျင်းပခြင်း မပြုနိုင်မီကာလ အတွင်းတွင် အဖွဲ့ချုပ်၏ အခြေခံမူဝါဒများ၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်းပါအချက်များကို အကောင် အထည်ဖေါ်ဆောင်ရွက်နိုင်ရန်၊ ပါတီတွင်းလုပ်ငန်းစဉ်များ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်နှင့် ပြည်တွင်း၊ ပြည်ပ၊ ပါတီချင်း ဆက်ဆံရေးများဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဖွဲ့စည်းခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ရှင်းပြထားသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့တွင် ကျင်းပသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုရေးရာကော်မတီများ၊ ပြည်နယ်နှင့် တိုင်းတာဝန်ခံများ အစည်းအဝေးသို့တက်ရောက်လာကြသူအားလုံး၏ သဘောတူညီချက်အရ ဗဟိုအလုပ်ကော်မတီ (Central Working Committee) ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းနှင့် ဗဟိုအလုပ်ကော်မတီကို လက်ရှိတာဝန်ထမ်းဆောင်နိုင်သည့် အခြေအနေရှိသော ပုဂ္ဂိုလ်တို့ဖြင့် ဖွဲ့စည်းလိုက်သည့်အကြောင်းလည်း ကြေညာချက်က ဖော်ပြသည်။

လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်)၊ ဒု-ဥက္ကဌ (၁) ဦးဝင်းမြင့် (နိုင်ငံတော်သမ္မတ) တို့ အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်(၁၄)ဦးတို့သည် ဖမ်းဆီးထိန်းသိမ်းခံထားရသည့်အပြင် ပါတီ၏ အဆင့် ဆင့်သော အလုပ်အမှုဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီ ဝင်များ၊ ပါတီထောက်ခံသူများလည်း ဖမ်းဝရမ်းထုတ်ခြင်း၊ လိုက်လံ ဖမ်းဆီးမှုများခံနေရ၍ ပါတီဝင်အများစုသည် မိမိတို့နေရပ်ကို စွန့်ခွာ တိမ်းရှောင်နေကြရသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက်ထုတ်ကာပြောဆိုထားသည်။

 

Zaw Gyi
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဗဟိုအလုပ္ေကာ္မတီကို အဖြဲ႕ဝင္ ၇ဦးျဖင့္ ဖြဲ႕စည္း

ဗဟိုအလုပ္ အမႈေဆာင္ အဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ဦးေအာင္ၾကည္ၫြန႔္၊ ဦးတင္ထြဋ္ဦး၊ အရံဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕ဝင္ ေဒါက္တာ ခင္ေဆာင္၊ ၂၀၂၁ ခုႏွစ္ ဇႏၷဝါရီလ (၃၀) ရက္ေန႔တြင္ ဖြဲ႕စည္းတာဝန္ေပးအပ္ခဲ့ေသာ (Steering Committee) မွ ဦးထြန္းျမင့္၊ဦးေက်ာ္ေထြး၊ ဦးမ်ိဳးႏိုင္၊ ဦးဝင္းေအာင္တို႔ျဖင့္ဗဟိုအလုပ္ေကာ္မတီ (Central Working Committee) ကို ဖြဲ႕စည္းလိုက္ေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕က ႏိုဝင္ဘာ ၅ရက္ညက ေၾကညာသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၏ဥကၠဌ အပါအဝင္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္မ်ား အားလုံး လြတ္လပ္စြာ စုံညီအစည္းအေဝးက်င္းပျခင္း မျပဳႏိုင္မီကာလအတြင္းတြင္ အဖြဲ႕ခ်ဳပ္၏ အေျခခံမူဝါဒမ်ား၊ ၂၀၂၀ ခုႏွစ္ ေ႐ြးေကာက္ပြဲေၾကညာစာတမ္းပါအခ်က္မ်ားကို အေကာင္အထည္ေဖၚေဆာင္႐ြက္ႏိုင္ရန္၊ ပါတီတြင္းလုပ္ငန္းစဥ္မ်ား ခ်ိတ္ဆက္ေဆာင္႐ြက္ႏိုင္ရန္ႏွင့္ ျပည္တြင္း၊ ျပည္ပ၊ ပါတီခ်င္းဆက္ဆံေရးမ်ားေဆာင္႐ြက္ႏိုင္ရန္ရည္႐ြယ္၍ ဖြဲ႕စည္းျခင္းျဖစ္ေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕က ရွင္းျပထားသည္။

၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလ (၃၀)ရက္ေန႔တြင္ က်င္းပေသာ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္၏ ဗဟိုေရးရာေကာ္မတီမ်ား၊ ျပည္နယ္ႏွင့္တိုင္းတာဝန္ခံမ်ား အစည္းအေဝးသို႔တက္ေရာက္လာၾကသူအားလုံး၏ သေဘာတူညီခ်က္အရ ဗဟိုအလုပ္ေကာ္မတီ (Central Working Committee) ကို ဖြဲ႕စည္းလိုက္ျခင္းျဖစ္ေၾကာင္းႏွင့္ ဗဟိုအလုပ္ေကာ္မတီကို လက္ရွိတာဝန္ထမ္းေဆာင္ႏိုင္သည့္ အေျခအေနရွိေသာ ပုဂၢိဳလ္တို႔ျဖင့္ ဖြဲ႕စည္းလိုက္သည့္အေၾကာင္းလည္း ေၾကညာခ်က္က ေဖာ္ျပသည္။

လက္ရွိတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ (ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္)၊ ဒု-ဥကၠဌ (၁) ဦးဝင္းျမင့္ (ႏိုင္ငံေတာ္သမၼတ) တို႔ အပါအဝင္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္(၁၄)ဦးတို႔သည္ ဖမ္းဆီးထိန္းသိမ္းခံထားရသည့္အျပင္ ပါတီ၏အဆင့္ဆင့္ေသာ အလုပ္အမႈေဆာင္မ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ပါတီ ဝင္မ်ား၊ ပါတီေထာက္ခံသူမ်ားလည္း ဖမ္းဝရမ္းထုတ္ျခင္း၊ လိုက္လံဖမ္းဆီးမႈမ်ားခံေနရ၍ ပါတီဝင္အမ်ားစုသည္ မိမိတို႔ေနရပ္ကို စြန႔္ခြာတိမ္းေရွာင္ေနၾကရသည္ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕က ေၾကညာခ်က္ထုတ္ကာေျပာဆိုထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here