ရေတပ်အင်အား ဖြည့်တင်းရန် လာမည့်နှစ်အတွင်း အသံနှုန်းထက် မြန်သည့် ဒုံးကျည် ရုရှားအသုံးပြုမည်

0
126

ရေတပ်အင်အားဖြည့်တင်းရန်လာမည့်နှစ်အတွင်း အသံနှုန်းထက်မြန်သည့်ဒုံးကျည် ရုရှားအသုံးပြုမည်

ရုရှားနိုင်ငံရဲ့ရေတပ်အင်အားဖြည့်တင်းရန် လာမယ့် ၂၀၂၂ခုနှစ်အတွင်း အသံနှုန်းထက်မြန်တဲ့ဒုံးကျည်အသုံးပြုမည်ဖြစ်ကြောင်း ရုရှားသမ္မတ Vladimir Putin ကနိုဝင်ဘာလ ၃ရက်နေ့မှာ ပြောကြားခဲ့ပြီး အသံနှုန်းထက် ၅ဆပိုမြန်တယ်လို့ဆိုပါတယ်။

လက်တွေ့စမ်းသပ်မှုပြုလုပ်ရာမှာလည်း မြေပြင်သင်္ဘောရော ရေငုပ်သင်္ဘောများမှာပါ ၂ခုလုံး ပစ်မှတ်ကိုထိမှန်ခဲ့ကြောင်း Putin ကဆက်လက်ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာလည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ၎င်းဒုံးကျည်စမ်သပ်ထုတ်လွှင့်မှုဗီဒီယိုဖိုင်တစ်ခုကို ထုတ်ပြန်ခဲ့တာမျိုးလည်းရှိခဲ့ပါတယ်။

အမေရိကန်နဲ့တရုတ်နိုင်ငံတို့အနေနဲ့လည်း ၎င်းဒုံးကျည်မျိုးစမ်းသပ်ပြုလုပ်နေတာရှိပြီး မြောက်ကိုရီးယားနိုင်ငံကတော့ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာ စမ်းသပ်ထုတ်လွှတ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

Zaw Gyi





Source – NHK
Photo – NBC

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here