ကျိုက်ထီးရိုးကေဘယ်လ်ကား ပုံမှန်အတိုင်း ပြေးဆွဲ

0
297

ကျိုက်ထီးရိုးကေဘယ်လ်ကား ပုံမှန်အတိုင်း ပြေးဆွဲ

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီးသို့ လာရောက်ဖူးမျှော်ကြမည့် ဘုရားဖူးပြည်သူများ အဆင်ပြေစေရန် ကျိုက်ထီးရိုးကေဘယ်လ် ကားများကို နိုဝင်ဘာလ ၅ ရက်မှ စတင်၍ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးနေပြီ ဖြစ်ကြောင်း
Sky Asia Cable Car ကုမ္ပဏီတာဝန်ရှိသူကပြောသည်။

“နိုဝင်ဘာလ ၅ ရက် သောကြာနေ့ကပဲ ပြေးတာ ဖြစ်ပါတယ်။ မနက် (၇)နာရီကနေ ညနေ (၅) နာရီအထိ အပတ်စဉ် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တိုင်း ကို ပြေးမှာပါ။ G 2 က စီးမဲ့သူတွေအနေနဲ့ ညနေ (၄)နာရီ နောက်ဆုံးထားပြီး စီးနိုင်ပါတယ်၊နောက်ထပ် ရက်တိုးမြှင့်ပြေးဆွဲပေးဖို့လည်း စီစဉ်သွားမှာပါ “ဟု အဆိုပါ တာဝန်ရှိသူကပြောသည်။

ဘုရားဖူးများ၏ လုံခြုံရေးအတွက် တနင်္လာနေ့ မှ ကြာသပတေးနေ့ထိ စစ်ဆေးမှုများကို ပြုလုပ်၍ ပြေးဆွဲသွားမည် ဖြစ်ပြီး တစ်ဦးလျှင် တစ်ကြောင်းစာ အတွက် ငွေကျပ် ၅၀၀၀ ၊ အသွားအပြန်ခရီး အတွက်ဆိုပါက ငွေကျပ် ၇၀၀၀ သတ်မှတ်ထား ကြောင်း သိရသည်။

Zaw Gyi





photo-
KyaikHtiYoeCableCar


LEAVE A REPLY

Please enter your comment!
Please enter your name here