အောက်စက်တော်ရာအား သွားရောက် ဖူးမြော်နိုင်ရန် ယာယီ တံတားတည်ဆောက်နေ

0
224

အောက်စက်တော်ရာအား သွားရောက်ဖူးမြော်နိုင်ရန် ယာယီတံတားတည်ဆောက်နေ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရားကြီးမှာ ရှိတဲ့ အောက်စက်တော်ရာ မြတ်ဗုဒ္ဓခြေတော်ရာ ဖူးမြော်နိုင်ဖို့အတွက် နိုဝင်ဘာလ ပထမပတ်မှာပဲ ယာယီလူကူး ဝါးတံတား တစ်စင်းကို ထည်ဆောက်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ယာယီသစ်သားတံတားတစ်စင်းကို တည်ဆောက်ခဲ့ပါသေးတယ်။ဒါပေမဲ့ မန်းချောင်းရေ တိုးမြင့် လာတာကြောင့် ပြန်ဖြုတ်ခဲ့ရတာ ဖြစ်ပြီးအခုဆိုရင် မန်းချောင်းရေ ပြန်လည်ကျဆင်း သွားပြီဖြစ်လို့ အောက်ခြေတော်ရာကို လာရောက် ဖူးမြော်တဲ့သူတွေ သွားလာရေးလွယ်ကူအောင် ယာယီတံတားတစ်စင်းကို တည်ဆောက်ရတာ ဖြစ်တယ်လို့ မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့က သိရပါတယ်။

ဝါးအလုံး ၃၀၀ နီးပါး အသုံးပြုပြီး လူသွားလမ်းအကျယ် ၆ ပေ၊ အရှည် ၉၅ ပေနီးပါးရှိတဲ့ တံတားကို တည်ဆောက်နေတာ ဖြစ်ပြီး တစ်ဦးတည်း အလှူရှင်က လှူဒါန်းတာ ဖြစ်တယ်လို့ ဂေါပက တာဝန်ရှိသူက ပြောပြပါတယ်။

Zaw Gyi

ေအာက္စက္ေတာ္ရာအား သြားေရာက္ဖူးေျမာ္ႏိုင္ရန္ ယာယီတံတားတည္ေဆာက္ေန

မေကြးတိုင္းေဒသႀကီး မင္းဘူးခ႐ိုင္ မင္းဘူး(စကု)ၿမိဳ႕နယ္ မန္းေ႐ႊစက္ေတာ္ဘုရားႀကီးမွာ ရွိတဲ့ ေအာက္စက္ေတာ္ရာ ျမတ္ဗုဒၶေျခေတာ္ရာဖူးေျမာ္ႏိုင္ဖို႔အတြက္ ႏိုဝင္ဘာလ ပထမပတ္မွာပဲ ယာယီလူကူး ဝါးတံတား တစ္စင္းကို ထည္ေဆာက္ေနၾကတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလအတြင္းက ယာယီသစ္သားတံတားတစ္စင္းကို တည္ေဆာက္ခဲ့ပါေသးတယ္။ဒါေပမဲ့ မန္းေခ်ာင္းေရတိုးျမင့္လာတာေၾကာင့္ ျပန္ျဖဳတ္ခဲ့ရတာ ျဖစ္ၿပီးအခုဆိုရင္ မန္းေခ်ာင္းေရ ျပန္လည္က်ဆင္း သြားၿပီျဖစ္လို႔ ေအာက္ေျခေတာ္ရာကို လာေရာက္ဖူးေျမာ္တဲ့သူေတြ သြားလာေရးလြယ္ကူေအာင္ ယာယီတံတားတစ္စင္းကို တည္ေဆာက္ရတာ ျဖစ္တယ္လို႔ မန္းေ႐ႊစက္ေတာ္ဘုရားေဂါပကအဖြဲ႕က သိရပါတယ္။

ဝါးအလုံး ၃၀၀ နီးပါး အသုံးျပဳၿပီး လူသြားလမ္းအက်ယ္ ၆ ေပ၊ အရွည္ ၉၅ ေပနီးပါးရွိတဲ့ တံတားကို တည္ေဆာက္ေနတာ ျဖစ္ၿပီး တစ္ဦးတည္း အလႉရွင္က လႉဒါန္းတာ ျဖစ္တယ္လို႔ ေဂါပက တာဝန္ရွိသူက ေျပာျပပါတယ္။

 


LEAVE A REPLY

Please enter your comment!
Please enter your name here