အဝေးသင်တက္ကသိုလ်ကျောင်းအပ်ရက်တွေထပ်တိုး

0
464
အဝေးသင်တက္ကသိုလ်ကျောင်းအပ်ရက်တွေထပ်တိုး
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှာရှိတဲ့ တက္ကသိုလ်တွေက အဝေးသင်တက္ကသိုလ်ဌာနခွဲတွေမှာ ဝိဇ္ဇာ သိပ္ပံအထူးပြု ဘာသာရပ်တွေကို ၂၀၂၀ ပညာသင်နှစ်မှာ တက်ရောက်သင် ကြားမဲ့ ကျောင်းအပ်ဖို့ကျန်တဲ့ ကျောင်းသား၊ကျောင်းသူတွေအတွက် ကျောင်းအပ် နောက်ဆုံးရက်ကို ဒီဇင်ဘာ ၅ ရက်အထိထပ်တိုးသတ်မှတ်လိုက်တယ်လို့ နေပြည်တော်၊အဆင့်မြင်ပညာဦးစီးဌာနကနေ ထုတ်ပြန်ခဲ့ပါတယ်။
အစကသတ်မှတ်ထားတဲ့ ကျောင်းအပ်တဲ့နေ့က နိုဝင်ဘာ ၁ ရက်ကစမှာဖြစ်ပြီး နောက်ဆုံးကျောင်းအပ်ရက်က နိုဝင်ဘာ ၉ ရက်ဖြစ်ပါတယ်။ စနေနဲ့တနင်္ဂနွေနေ့တွေမှာလည်း ပိတ်ရက်မရှိကျောင်းအပ်နိုင်မှာဖြစ်ပါတယ်။သင်တန်းနှစ်တွေက ပထမနှစ်၊ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်နဲ့ပဥ္စမနှစ် ကျောင်းသား၊ကျောင်းသူအားလုံးပဲဖြစ်ပါတယ်။
မြစ်ကြီးနား၊ဗန်းမော်၊ မိုးညှင်း၊လွိုင်ကော်၊ဘားအံ၊ ပခုက္ကူ၊ ဟားခါး၊ မုံရွာ၊ကလေး၊ရွှေဘို၊စစ်ကိုင်း၊ထားဝယ်၊မြိတ်၊ တောင်ငူ၊ပြည်၊ပဲခူး၊ မကွေး၊ရေနံချောင်း၊ မန္တလေး၊ ရတနာပုံ၊မိတ္ထီလာ၊ကျောက်ဆည်၊မြင်းခြံ၊ မန္တလာ၊မော်လမြိုင်၊စစ်တွေ၊တောင်ကုတ်၊ ရန်ကုန်၊ဒဂုံ၊ ရန်ကုန်အရှေ့ပိုင်း၊ ရန်ကုန်အနောက်ပိုင်း ၊တောင်ကြီး၊ ပင်လုံ၊ လာရှိုး၊ ကျိုင်းတုံ ၊ပုသိမ်၊ဟင်္သတ၊မအူပင် အစရှိတဲ့တက္ကသိုလ်တွေက ကျောင်းအပ်ဖို့ကျန်တဲ့ ကျောင်းသား၊ကျောင်းသူတွေဟာ ဒီဇင်ဘာ ၅ ရက်အထိကျောင်းအပ်နိုင်မှာဖြစ်ပါတယ်။

Zaw Gyi
အေဝးသင္တကၠသိုလ္ေက်ာင္းအပ္ရက္ေတြထပ္တိုး

ပညာေရးဝန္ႀကီးဌာန၊အဆင့္ျမင့္ပညာဦးစီးဌာနမွာရွိတဲ့ တကၠသိုလ္ေတြက အေဝးသင္တကၠသိုလ္ဌာနခြဲေတြမွာ ဝိဇၨာ သိပၸံအထူးျပဳ ဘာသာရပ္ေတြကို ၂၀၂၀ ပညာသင္ႏွစ္မွာ တက္ေရာက္သင္ ၾကားမဲ့ ေက်ာင္းအပ္ဖို႔က်န္တဲ့ ေက်ာင္းသား၊ေက်ာင္းသူေတြအတြက္ ေက်ာင္းအပ္ ေနာက္ဆုံးရက္ကို ဒီဇင္ဘာ ၅ ရက္အထိထပ္တိုးသတ္မွတ္လိုက္တယ္လို႔ ေနျပည္ေတာ္၊အဆင့္ျမင္ပညာဦးစီးဌာနကေန ထုတ္ျပန္ခဲ့ပါတယ္။

အစကသတ္မွတ္ထားတဲ့ ေက်ာင္းအပ္တဲ့ေန႔က ႏိုဝင္ဘာ ၁ ရက္ကစမွာျဖစ္ၿပီး ေနာက္ဆုံးေက်ာင္းအပ္ရက္က ႏိုဝင္ဘာ ၉ ရက္ျဖစ္ပါတယ္။ စေနနဲ႔တနဂၤေႏြေန႔ေတြမွာလည္း ပိတ္ရက္မရွိေက်ာင္းအပ္ႏိုင္မွာျဖစ္ပါတယ္။

သင္တန္းႏွစ္ေတြက ပထမႏွစ္၊ဒုတိယႏွစ္၊ တတိယႏွစ္၊ စတုတၳႏွစ္နဲ႔ပၪၥမႏွစ္ ေက်ာင္းသား၊ေက်ာင္းသူအားလုံးပဲျဖစ္ပါတယ္။ျမစ္ႀကီးနား၊ဗန္းေမာ္၊ မိုးညႇင္း၊လြိဳင္ေကာ္၊ဘားအံ၊ ပခုကၠဴ၊ ဟားခါး၊ မုံ႐ြာ၊ကေလး၊ေ႐ႊဘို၊စစ္ကိုင္း၊ထားဝယ္၊ၿမိတ္၊ ေတာင္ငူ၊ျပည္၊ပဲခူး၊ မေကြး၊ေရနံေခ်ာင္း၊ မႏၲေလး၊ ရတနာပုံ၊မိတၳီလာ၊ေက်ာက္ဆည္၊ျမင္းၿခံ၊ မႏၲလာ၊ေမာ္လၿမိဳင္၊စစ္ေတြ၊ေတာင္ကုတ္၊ ရန္ကုန္၊ဒဂုံ၊ ရန္ကုန္အေရွ႕ပိုင္း၊ ရန္ကုန္အေနာက္ပိုင္း ၊ေတာင္ႀကီး၊ ပင္လုံ၊ လာရႈိး၊ က်ိဳင္းတုံ ၊ပုသိမ္၊ဟသၤတ၊မအူပင္ အစရွိတဲ့တကၠသိုလ္ေတြက ေက်ာင္းအပ္ဖို႔က်န္တဲ့ ေက်ာင္းသား၊ေက်ာင္းသူေတြဟာ ဒီဇင္ဘာ ၅ ရက္အထိေက်ာင္းအပ္ႏိုင္မွာျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here