ရန်ကုန်မြို့မှာ တစ်ရက်ထဲမြို့နယ်လေးခုအတွင်း ပစ်ခတ်မှုတွေဖြစ်

0
133

ရန်ကုန်မြို့မှာ တစ်ရက်ထဲမြို့နယ်လေးခုအတွင်း ပစ်ခတ်မှုတွေဖြစ်

ရန်ကုန်မြို့မှာ နိုဝင်ဘာ ၇ ရက်တစ်ရက်ထဲကို လှိုင်သာယာမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ မရမ်းကုန်းမြို့နယ် နဲ့မင်္ဂလာဒုံ မြို့နယ်တို့မှာ ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပြီး သေဆုံးဒဏ်ရာရခဲ့တဲ့သူတွေလည်း ရှိတယ်လို့စုံစမ်းသိရှိရပါတယ်။

ဖြစ်စဥ်တွေကတော့ လှိုင်သာယာမြို့နယ်၊အမှတ်(၃)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းမှာနေတဲ့ အမျိုးသားတစ်ယောက်ဟာ နေအိမ်ရှေ့ မှာဓာတ်ဆီ ရောင်းနေချိန် မနက် ၁၀ နာရီခွဲလောက်မှာ သေနတ်နဲ့အနီးကပ် သုံးချက်အပစ်ခံခဲ့ရတယ်လို့ အဲဒီရပ်ကွက် မှာနေတဲ့သူတွေဆီက သိရပါတယ်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က ဖြစ်စဥ်ကတော့ စစ်တပ်သတင်းပေးလို့သတင်းထွက်နေတဲ့လူတစ်ယောက်ကို (၂၀)ရပ်ကွက်နားက အောင်ဗောဓိဘုရားနားမှာ မနက် ၁၁ နာရီလောက်က သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပါတယ်။အပစ်ခံရတဲ့လူဟာ ခါးမှာသေနတ် ဒဏ်ရာ ရရှိခဲ့ပါတယ်။ဖြစ်စဥ်ဖြစ်ပြီးနောက်မှာ လုံခြုံရေးအဖွဲ့တွေနဲ့ပစ်ခတ်သူတွေကြားမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

အလားတူပဲ မင်္ဂလာဒုံမြို့နယ်က ထွေအုပ်ရုံးကို မွန်းတည့် ၁၂ နာရီလောက်မှာ လက်နက်ငယ်တွေနဲ့ကားပေါ်ကနေပစ်ခတ်ခဲ့တာကြောင့် လုံခြုံရေးအဖွဲ့ဝင်တစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်တို့သေဆုံးခဲ့ပြီး လုံခြုံရေးအဖွဲဝင်တစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။ဒါ့အပြင် မင်္ဂလာဒုံမြို့နယ် ၊ကုန်းတလပေါင်ကျေးရွာထိပ်မှာရှိတဲ့ တပ်ရင်း ၉ လည်း နေ့လည် ၁ နာရီခွဲလောက်မှာ လက်နက်ငယ်တွေ နဲ့ပစ်ခတ်ခံခဲ့ရပါတယ်။

မရမ်းကုန်းမြို့နယ်၊သမိုင်း(၁)ရပ်ကွက်၊သမိုင်းဂုံးကျော်တံတားအောက်မှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုလည်း နေ့လည် ၁ နာရီ ၂၀ မိနစ်လောက်မှာ လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ် ခံခဲ့ရတာကြောင့် အုပ်ချုပ်ရေးအဖွဲ့ဝင် သုံးယောက်သေဆုံးခဲ့ပြီး တစ်ယောက် ဒဏ်ရာ ရခဲ့တယ်လို့ အနီးနားနေသူတွေဆီက သိရပါတယ်။

Zaw Gyi

ရန္ကုန္ၿမိဳ႕မွာ တစ္ရက္ထဲၿမိဳ႕နယ္ေလးခုအတြင္း ပစ္ခတ္မႈေတြျဖစ္

ရန္ကုန္ၿမိဳ႕မွာ ႏိုဝင္ဘာ ၇ ရက္တစ္ရက္ထဲကို လႈိင္သာယာၿမိဳ႕နယ္၊ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊မရမ္းကုန္းၿမိဳ႕နယ္နဲ႔မဂၤလာဒုံၿမိဳ႕နယ္တို႔မွာ ပစ္ခတ္မႈေတြျဖစ္ေပၚခဲ့ၿပီး ေသဆုံးဒဏ္ရာရခဲ့တဲ့သူေတြလည္း ရွိတယ္လို႔စုံစမ္းသိရွိရပါတယ္။

ျဖစ္စဥ္ေတြကေတာ့ လႈိင္သာယာၿမိဳ႕နယ္၊အမွတ္(၃)ရပ္ကြက္၊မင္းရဲေက်ာ္စြာလမ္းမွာေနတဲ့ အမ်ိဳးသားတစ္ေယာက္ဟာ ေနအိမ္ေရွ႕မွာဓာတ္ဆီေရာင္းေနခ်ိန္ မနက္ ၁၀ နာရီခြဲေလာက္မွာ ေသနတ္နဲ႔အနီးကပ္ သုံးခ်က္အပစ္ခံခဲ့ရတယ္လို႔ အဲဒီရပ္ကြက္မွာေနတဲ့သူေတြဆီက သိရပါတယ္။

ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္က ျဖစ္စဥ္ကေတာ့ စစ္တပ္သတင္းေပးလို႔သတင္းထြက္ေနတဲ့လူတစ္ေယာက္ကို (၂၀)ရပ္ကြက္နားက ေအာင္ေဗာဓိဘုရားနားမွာ မနက္ ၁၁ နာရီေလာက္က ေသနတ္နဲ႔ပစ္ခတ္ခံခဲ့ရပါတယ္။အပစ္ခံရတဲ့လူဟာ ခါးမွာေသနတ္ဒဏ္ရာရရွိခဲ့ပါတယ္။ျဖစ္စဥ္ျဖစ္ၿပီးေနာက္မွာ လုံၿခဳံေရးအဖြဲ႕ေတြနဲ႔ပစ္ခတ္သူေတြၾကားမွာ အျပန္အလွန္ပစ္ခတ္မႈေတြျဖစ္ေပၚခဲ့ပါတယ္။

အလားတူပဲ မဂၤလာဒုံၿမိဳ႕နယ္က ေထြအုပ္႐ုံးကို မြန္းတည့္ ၁၂ နာရီေလာက္မွာ လက္နက္ငယ္ေတြနဲ႔ကားေပၚကေနပစ္ခတ္ခဲ့တာေၾကာင့္ လုံၿခဳံေရးအဖြဲ႕ဝင္တစ္ေယာက္နဲ႔အမ်ိဳးသမီးတစ္ေယာက္တို႔ေသဆုံးခဲ့ၿပီး လုံၿခဳံေရးအဖြဲဝင္တစ္ေယာက္ ဒဏ္ရာရခဲ့ပါတယ္။ဒါ့အျပင္ မဂၤလာဒုံၿမိဳ႕နယ္၊ကုန္းတလေပါင္ေက်း႐ြာထိပ္မွာရွိတဲ့ တပ္ရင္း ၉ လည္း ေန႔လည္ ၁ နာရီခြဲေလာက္မွာ လက္နက္ငယ္ေတြနဲ႔ပစ္ခတ္ခံခဲ့ရပါတယ္။

မရမ္းကုန္းၿမိဳ႕နယ္၊သမိုင္း(၁)ရပ္ကြက္၊သမိုင္းဂုံးေက်ာ္တံတားေအာက္မွာရွိတဲ့ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးကိုလည္း ေန႔လည္ ၁ နာရီ ၂၀ မိနစ္ေလာက္မွာ လက္နက္ငယ္ေတြနဲ႔ဝင္ေရာက္ပစ္ခတ္ခံခဲ့ရတာေၾကာင့္ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ သုံးေယာက္ေသဆုံးခဲ့ၿပီး တစ္ေယာက္ဒဏ္ရာရခဲ့တယ္လို႔ အနီးနားေနသူေတြဆီက သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here