ကချင်ပြည်နယ်က ကလေး ၅ ယောက်အပါအဝင် အနည်းဆုံး အရပ်သား ၂၉ ယောက် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့ကြရ

0
97
ကချင်ပြည်နယ်က ကလေး ၅ ယောက်အပါအဝင် အနည်းဆုံး အရပ်သား ၂၉ ယောက်မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့ကြရ
လွန်ခဲ့သောလများကစပြီး မြေမြှုပ်မိုင်းနှင့် အခြား ပေါက်ကွဲစေတတ်သောပစ္စည်းများ အသုံးပြုမှု ပိုမိုများပြားလာခြင်းကြောင့် အရပ်သား ပြည်သူများ၏ စားဝတ်နေရေးအတွက် တောင်ယာစိုက်ခင်းများသို့ ဘေးကင်းစွာသွားရောက်နိုင်မှု သိသိသာသာ နည်းပါးသွားသည်ဟု အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့က ပြောသည်။
ယင်းဖြစ်ရပ်များက ဆိုးရွားသည့် ကြေကွဲဖွယ်ရာအဖြစ်ဆိုးများသို့ ဦးတည်လျက်ရှိနေသည်ဟုလည်းပြောသည်။
“မြေမြှုပ်မိုင်းအသုံးပြုမှုတွေကြောင့် လူသားချင်စာနာထောက်ထားမှုကို ဆုံးရှုံးစေတာ တကယ့်ကို လက်ခံလို့မရပါဘူး” လို့ အိုင်စီအာရ်စီရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Stephan Sakalian က ပြောကြားသည်။
ယင်းနောက် “ဒီနှစ်အတွင်းကချင်ပြည်နယ်မှာ ကလေး ၅ ယောက်အပါအဝင် အနည်းဆုံး အရပ်သား ၂၉ ယောက်ဟာ သူတို့ရဲ့ နေ့စဥ် အလုပ်တွေကိုလုပ်ကိုင်နေတုန်းမှာပဲ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့ကြပါတယ်။ ၂၀၂၀ ပြည့်နှစ်နဲ့ ယှဥ်ကြည့်မယ်ဆိုရင် ဒါက ရာခိုင်နှုန်း ၇၀ နီးပါး တိုးမြင့်လာတာပါ။” ဟု၄င်းကပြောသည်။

Zaw Gyi

ကခ်င္ျပည္နယ္က ကေလး ၅ ေယာက္အပါအဝင္ အနည္းဆုံး အရပ္သား ၂၉ ေယာက္ေျမျမႇဳပ္မိုင္းေပါက္ကြဲမႈေၾကာင့္ ထိခိုက္ခဲ့ၾကရ

လြန္ခဲ့ေသာလမ်ားကစၿပီး ေျမျမႇဳပ္မိုင္းႏွင့္ အျခား ေပါက္ကြဲေစတတ္ေသာပစၥည္းမ်ား အသုံးျပဳမႈ ပိုမိုမ်ားျပားလာျခင္းေၾကာင့္ အရပ္သားျပည္သူမ်ား၏ စားဝတ္ေနေရးအတြက္ ေတာင္ယာစိုက္ခင္းမ်ားသို႔ ေဘးကင္းစြာသြားေရာက္ႏိုင္မႈ သိသိသာသာ နည္းပါးသြားသည္ဟု အျပည္ျပည္ဆိုင္ရာၾကက္ေျခနီအဖြဲ႕က ေျပာသည္။

ယင္းျဖစ္ရပ္မ်ားက ဆိုး႐ြားသည့္ ေၾကကြဲဖြယ္ရာအျဖစ္ဆိုးမ်ားသို႔ ဦးတည္လ်က္ရွိေနသည္ဟုလည္းေျပာသည္။

“ေျမျမႇဳပ္မိုင္းအသုံးျပဳမႈေတြေၾကာင့္ လူသားခ်င္စာနာေထာက္ထားမႈကို ဆုံးရႈံးေစတာ တကယ့္ကို လက္ခံလို႔မရပါဘူး” လို႔ အိုင္စီအာရ္စီရဲ႕ ျမန္မာႏိုင္ငံ ဌာေနကိုယ္စားလွယ္ Stephan Sakalian က ေျပာၾကားသည္။

ယင္းေနာက္ “ဒီႏွစ္အတြင္းကခ်င္ျပည္နယ္မွာ ကေလး ၅ ေယာက္အပါအဝင္ အနည္းဆုံး အရပ္သား ၂၉ ေယာက္ဟာ သူတို႔ရဲ႕ ေန႔စဥ္အလုပ္ေတြကိုလုပ္ကိုင္ေနတုန္းမွာပဲ ေျမျမႇဳပ္မိုင္းေပါက္ကြဲမႈေၾကာင့္ ထိခိုက္ခဲ့ၾကပါတယ္။ ၂၀၂၀ ျပည့္ႏွစ္နဲ႔ ယွဥ္ၾကည့္မယ္ဆိုရင္ ဒါက ရာခိုင္ႏႈန္း ၇၀ နီးပါး တိုးျမင့္လာတာပါ။” ဟု၄င္းကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here