ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည် ထောင်စုကြီး တည်ဆောက်ဖို့ အတွက် ကရင်ပြည် နယ်တွင်းက တိုင်းရင်းသား အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ နစက ဥက္ကဋ္ဌ တိုက်တွန်း

0
154
ဒီမိုကရေစီနဲ့ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည် ထောင်စုကြီးတည်ဆောက်ဖို့အတွက် ကရင်ပြည် နယ်တွင်းက တိုင်းရင်းသား အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ နစက ဥက္ကဋ္ဌတိုက်တွန်း
၁၉၉၅ ခုနှစ်၊နိုဝင်ဘာ ၇ ရက်နေ့မှာ စတင်သတ် မှတ်ခဲ့တဲ့ကရင်ပြည်နယ်နေ့၏ ၆၆ နှစ်ပြည့် အခမ်းအနားသို့ နစက ဥက္ကဋ္ဌကပေးပို့တဲ့ သဝဏ်လွှာမှာ အထက်ပါအတိုင်း အလေးအနက်ထားတိုက်တွန်းတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုမလိုလားတဲ့ အစိုးရကိုဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ သွေးထိုးလှုံ့ဆော်မှု၊ အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီးမှုတွေရဲ့အန္တရာယ်ကို တွန်းလှန်ချေမှုန်းလျက်ရှိရာမှာ တိုင်းရင်းသားပြည်သူတွေကပူး ပေါင်းပါဝင်ကြဖို့ကိုလည်း အလေးအနက်ထားတိုက်တွန်းရေးသားထားပါတယ်။
ကရင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးဘက်စုံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လမ်းပန်းဆက်သွယ် ရေး၊လျှပ်စစ်ဓာတ်အားရရှိရေး ၊စိုက်ပျိုး မွေးမြူ ရေး၊ပညာရေးနဲ့ကျန်းမာရေး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွေကို အစိုးရက ကြိုးပမ်းဆောင် ရွက်နေပါတယ်။
ရှေ့ဆက်ပြီး နိုင်ငံနဲ့လူမျိုးအပေါ်ကျရောက်လာမဲ့ ဘယ်လိုအခက်အခဲ၊စိန်ခေါ်မှုမျိုးစုံကို တိုင်းရင်း သားတွေရဲ့စစ်မှန် တဲ့ပြည်ထောင် စုစိတ်ဓာတ်ကိုအခြေခံတဲ့ မျိုးချစ်စိတ်နဲ့အခိုင်အမာကျော်လွှားနိုင်မှာကို အပြည့်အဝယုံကြည်တယ်လို့လည်း ရေးသားထားပါတယ်။
မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဥ်တွေကို ပြည်သူအားလုံးကလိုချင်တောင့်တနေကြတဲ့ ဆန္ဒရှိတာကြောင့် နောင်မျိုးဆက်တွေအတွက် ငြိမ်း ချမ်းသာယာတဲ့လူမှုအသိုက်အဝန်းတစ်ခုကို ချန်ထားပေးရမှာပါ။ထာဝရငြိမ်းချမ်းရေးကို တိုင်း ရင်းသားတွေအကုန်လုံးပါဝင်ပြီး တည်ဆောက်ပေးနိုင်ရင် လွတ်လပ်၊ငြိမ်းချမ်းပြီး သာယာဖွံ့ဖြိုးတိုးတက်တဲ့ လူမှုအသိုင်းအဝိုင်းကြီးပေါ်ထွက်လာမှာပါလို့ သဝဏ်လွှာမှာရေး သားထားပါတယ်။
Zaw Gyi


ရှေ့ဆက်ပြီး နိုင်ငံနဲ့လူမျိုးအပေါ်ကျရောက်လာမဲ့ ဘယ်လိုအခက်အခဲ၊စိန်ခေါ်မှုမျိုးစုံကို တိုင်းရင်း သားတွေရဲ့စစ်မှန်တြဲ့ ပည်ထောင်စုစိတ်ဓာတ်ကိုအခြေခံတဲ့ မျိုးချစ်စိတ်နဲ့အခိုင်အမာကျော်လွှားနိုင်မှာကို အပြည့်အဝယုံကြည်တယ်လို့လည်း ရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here