ဗဟန်းမြို့နယ်က ကျူးကျော်ဆိုင်တွေနဲ့ကျူး ကျော်အိမ်တွေကိုဖယ်ရှား

0
200

(Unicode)

ဗဟန်းမြို့နယ်က ကျူးကျော်ဆိုင်တွေနဲ့ကျူး ကျော်အိမ်တွေကိုဖယ်ရှား

ဗဟန်းမြို့နယ်မှာရှိတဲ့ အစိုးရပိုင်မြေနဲ့ဝင်းတွေ အဆောက်အဦးတွေထဲကို ကျူးကျော်နေထိုင်နေကြသူတွေနဲ့ကျူးကျော်ဆိုင်တွေကို နိုဝင်ဘာ ၈ ရက်မနက်ပိုင်းကစတင်ပြီး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက ဖယ်ရှားရှင်းလင်းနေကြပါတယ်။

အခုလိုဖယ်ရှားရခြင်းဟာ ကျူးကျော်နေသူတွေ၊ကျူးကျော်ဆိုင်တွေကြောင့် အများပြည်သူကိုစိတ်အနှောင့်အယှက်ဖြစ်တဲ့အပြင် ကျန်းမာရေးနဲ့လုံခြုံရေးကိုလည်း ထိခိုက်စေနိုင်တာတွေတွေ့လာရတာကြောင့် အခုလိုဖယ်ရှားရှင်းလင်းရခြင်းဖြစ်တယ်လို ရန်ကုန်မြို့တော်စည်ပင်က ဝန်ထမ်းတစ်ယောက်ကပြောပါတယ်။

ကျူးကျော်နေထိုင်သူတွေဟာ ဗဟန်းမြို့နယ်ထဲက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင်မြေ(သို့)ကော်မတီကစီမံခန့်ခွဲခွင့်ရှိတဲ့မြေနဲ့အစိုးရဌာနပိုင်မြေတွေ၊အများပြည်သူဆိုင်ရာနေရာတွေမှာ ကျူးကျော်နေထိုင်ကြတာဖြစ်ပါတယ်။

“လက်ရှိဖယ်ရှားနေသလို ထပ်ပြီးကျူးကျော်မနေနိုင်အောင်လုပ်နေကြတယ် ကျွန်တော်တို့ကပိုက်ဆံမရှိလို့အခုလိုကျူးကျော်နေရတာလေ အခုလိုလာဖယ်လိုက်တော့ဘယ်မှာသွားနေရတော့မှာလဲဗျာ အရမ်းဒုက္ခရောက်ရတယ်”လိုကျူးကျော်နေအိမ်ဖျက်ခံရသူတစ်ယောက်ကပြောပါတယ်။

Photo-အောင်မြင့်

(Zawgyi)

ဗဟန္းၿမိဳ႕နယ္က က်ဴးေက်ာ္ဆိုင္ေတြနဲ႔က်ဴး ေက်ာ္အိမ္ေတြကိုဖယ္ရွား

ဗဟန္းၿမိဳ႕နယ္မွာရွိတဲ့ အစိုးရပိုင္ေျမနဲ႔ဝင္းေတြ အေဆာက္အဦးေတြထဲကို က်ဴးေက်ာ္ေနထိုင္ေနၾကသူေတြနဲ႔က်ဴးေက်ာ္ဆိုင္ေတြကို ႏိုဝင္ဘာ ၈ ရက္မနက္ပိုင္းကစတင္ၿပီး ဌာနဆိုင္ရာပူးေပါင္းအဖြဲ႕ေတြက ဖယ္ရွားရွင္းလင္းေနၾကပါတယ္။

အခုလိုဖယ္ရွားရျခင္းဟာ က်ဴးေက်ာ္ေနသူေတြ၊က်ဴးေက်ာ္ဆိုင္ေတြေၾကာင့္ အမ်ားျပည္သူကိုစိတ္အေႏွာင့္အယွက္ျဖစ္တဲ့အျပင္ က်န္းမာေရးနဲ႔လုံၿခဳံေရးကိုလည္း ထိခိုက္ေစႏိုင္တာေတြေတြ႕လာရတာေၾကာင့္ အခုလိုဖယ္ရွားရွင္းလင္းရျခင္းျဖစ္တယ္လို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္က ဝန္ထမ္းတစ္ေယာက္ကေျပာပါတယ္။

က်ဴးေက်ာ္ေနထိုင္သူေတြဟာ ဗဟန္းၿမိဳ႕နယ္ထဲက ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီပိုင္ေျမ(သို႔)ေကာ္မတီကစီမံခန္႔ခြဲခြင့္ရွိတဲ့ေျမနဲ႔အစိုးရဌာနပိုင္ေျမေတြ၊အမ်ားျပည္သူဆိုင္ရာေနရာေတြမွာ က်ဴးေက်ာ္ေနထိုင္ၾကတာျဖစ္ပါတယ္။

“လက္ရွိဖယ္ရွားေနသလို ထပ္ၿပီးက်ဴးေက်ာ္မေနႏိုင္ေအာင္လုပ္ေနၾကတယ္ ကြၽန္ေတာ္တို႔ကပိုက္ဆံမရွိလို႔အခုလိုက်ဴးေက်ာ္ေနရတာေလ အခုလိုလာဖယ္လိုက္ေတာ့ဘယ္မွာသြားေနရေတာ့မွာလဲဗ်ာ အရမ္းဒုကၡေရာက္ရတယ္”လိုက်ဴးေက်ာ္ေနအိမ္ဖ်က္ခံရသူတစ္ေယာက္ကေျပာပါတယ္။

Photo-ေအာင္ျမင့္


LEAVE A REPLY

Please enter your comment!
Please enter your name here