ပွဲစားတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှုမရှိတာကြောင့် ဒုက္ခရောက်နေတဲ့မြန်မာအလုပ်သမားတွေ

0
112

(Unicode)

ပွဲစားတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှုမရှိတာကြောင့် ဒုက္ခရောက်နေတဲ့မြန်မာအလုပ်သမားတွေ

ထိုင်းနိုင်ငံကိုသွားရောက်ပြီး အလုပ်လုပ်ဖို့အ တွက် တရားမဝင်သွားရောက်ရာမှာ တောလမ်းကနေတဆင့် သွားရမှာဖြစ်တာကြောင့် ထိုင်းနိုင်ငံအရောက်အဖြစ် မြန်မာပွဲစားတွေကပို့ဆောင်ခကို သိန်းချီတောင်းယူကြပေမဲ့ ဖမ်းဆီးခံရချိန်မှာ တာဝန်ယူမှု တာဝန်ခံမှုမရှိတာကြောင့် မြန်မာအလုပ်သမားတွေ ဒုက္ခတွေနဲ့ကြုံတွေ့နေရပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ လိုအပ်နေတဲ့လုပ်သားလိုအပ်ချက်အရ ရွှေ့ပြောင်းလုပ်သား ရှစ်သောင်းလောက်ကို ဒီဇင်ဘာလအတွင်းမှာ MOU စနစ်နဲ့ ခေါ်ယူသွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ဝန်ကြီးက နိုဝင်ဘာ ၃ ရက်ကပြောကြားခဲ့ပါတယ်။

အခုလိုပြောကြားပြီးချိန်နဲ့အဲဒီမတိုင်ခင်ထဲက ထိုင်းနိုင်ငံကိုသွားပြီး အလုပ်လုပ်မဲ့ မြန်မာနိုင်ငံသားတွေဟာ တောလမ်းကနေတဆင့်သွားရောက်ဖို့အတွက် ပွဲစားတွေက အလုပ်သမားတစ်ယောက်ကို မြန်မာငွေကျပ် ရှစ်သိန်းကနေ ဆယ်သိန်းအထိ ရယူပြီးချိတ်ဆက်ပို့ဆောင်ပေးနေကြပါတယ်။

ဒါပေမဲ့ ပွဲစားတွေဟာ ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာအလုပ်သမားတွေဖမ်းဆီးခံရချိန်မှာတော့ လာရောက်ဖြေရှင်းပေးခြင်းမရှိဘဲ တိမ်းရှောင်နေကြတာများတယ်လို့ သိရပါတယ်။ထိုင်းနိုင်ငံအစိုးရကတော့ အခုလိုဖြစ်စဥ်တွေမဖြစ်အောင် မြန်မာနိုင်ငံဖက်က အလုပ်သမားပို့ဆောင်ရေး အေဂျင်စီ လေးခုလောက်နဲ့ညှိနှိုင်းဆောင်ရွက်နေပါတယ်။

“ဒီမှာအလုပ်လုပ်ရတာခက်ခဲတာကြောင့် ရှိစုမဲ့စုပိုက်ဆံလေးတွေစု အတိုးနဲ့သူများဆီကပိုက်ဆံဆွဲပြီး အမျိုးသားကို ထိုင်းမှာအလုပ်သွားလုပ်ဖို့အတွက် လွှတ်လိုက်ရတယ် အခုအဖမ်းခံရတော့ပွဲစားကိုသွားပြောတာ သွားတဲ့အခါတိုင်းတစ်ကြိမ်မှမတွေ့ခဲ့ရဘူးရှောင်နေတယ် ဒါ့ကြောင့်အဲဒီပွဲစားကို တရားစွဲဖို့လုပ်နေတယ်”လို့ဖမ်းဆီးခံထားရသူတစ်ယောက်ရဲ့ အမျိုးသမီးကပြောပါတယ်။

မြန်မာနိုင်ငံဖက်ကဖမ်းဆီးတာမဟုတ်ဘဲ ထိုင်းနိုင်ငံဖက်က ထိုင်းဘုရင့်တပ်မတော်၊နယ်စပ်မူးယစ်ဆေးဝါးနဲ့တရားမ၀င်နယ်စပ်ဖြတ်ကျော်မှုခင်းတားဆီးရေးတပ်ဖွဲ၊လူ၀င်မှုကြီးကြပ်ရေးအဖွဲ၊နယ်ခြားစောင့်တပ်ဖွဲတွေကဖမ်းဆီးတာပါ။

အောက်တိုဘာလအတွင်းမှာကိုပဲ မြန်မာရွှေ့ပြောင်းအလုပ်သမားပေါင်း ၃၀၃၄၃ ယောက်ကို ထိုင်းနိုင်ငံအတွင်းနဲ့ ထိုင်း-မြန်မာနယ်စပ်တွေမှာဖမ်းဆီးခံခဲ့ရပြီး နိုဝင်ဘာ ၇ ရက်အထိကို ဖမ်းဆီးခံရတဲ့အလုပ်သမားတွေ အများအပြားရှိနေပါတယ်။

“အခုလိုသူများနိုင်ငံကိုတရားမဝင်နည်းလမ်းနဲ့သွားတာက စိတ်ချလက်ချအလုပ်လုပ်ကိုင်လို့မရဘူး ဘယ်အချိန်လာဖမ်းခံရမလဲဆိုတာကိုတွေးကြောက်နေရတယ် ဒါ့ကြောင့် တရားဝင်လမ်းကြောင်းကနေသွားပြီး တခြားနိုင်ငံတွေမှာအလုပ်လုပ်တာကအကောင်းဆုံးပဲ”လိုထိုင်းနိုင်ငံကို တရားဝင်စာရွက်စာတမ်းတွေနဲ့သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ ကိုဇော်ဝင်းထွန်းကပြောပါတယ်။

(Zawgyi)

ပြဲစားေတြရဲ႕ တာဝန္ယူမႈ တာဝန္ခံမႈမရွိတာေၾကာင့္ ဒုကၡေရာက္ေနတဲ့ျမန္မာအလုပ္သမားေတြ

ထိုင္းႏိုင္ငံကိုသြားေရာက္ၿပီး အလုပ္လုပ္ဖို႔အ တြက္ တရားမဝင္သြားေရာက္ရာမွာ ေတာလမ္းကေနတဆင့္ သြားရမွာျဖစ္တာေၾကာင့္ ထိုင္းႏိုင္ငံအေရာက္အျဖစ္ ျမန္မာပြဲစားေတြကပို႔ေဆာင္ခကို သိန္းခ်ီေတာင္းယူၾကေပမဲ့ ဖမ္းဆီးခံရခ်ိန္မွာ တာဝန္ယူမႈ တာဝန္ခံမႈမရွိတာေၾကာင့္ ျမန္မာအလုပ္သမားေတြ ဒုကၡေတြနဲ႔ႀကဳံေတြ႕ေနရပါတယ္။

ထိုင္းႏိုင္ငံအတြင္းမွာ လိုအပ္ေနတဲ့လုပ္သားလိုအပ္ခ်က္အရ ေ႐ႊ႕ေျပာင္းလုပ္သား ရွစ္ေသာင္းေလာက္ကို ဒီဇင္ဘာလအတြင္းမွာ MOU စနစ္နဲ႔ ေခၚယူသြားမယ္လို႔ ထိုင္းအလုပ္သမားဝန္ႀကီးဌာန ဝန္ႀကီးက ႏိုဝင္ဘာ ၃ ရက္ကေျပာၾကားခဲ့ပါတယ္။

အခုလိုေျပာၾကားၿပီးခ်ိန္နဲ႔အဲဒီမတိုင္ခင္ထဲက ထိုင္းႏိုင္ငံကိုသြားၿပီး အလုပ္လုပ္မဲ့ ျမန္မာႏိုင္ငံသားေတြဟာ ေတာလမ္းကေနတဆင့္သြားေရာက္ဖို႔အတြက္ ပြဲစားေတြက အလုပ္သမားတစ္ေယာက္ကို ျမန္မာေငြက်ပ္ ရွစ္သိန္းကေန ဆယ္သိန္းအထိ ရယူၿပီးခ်ိတ္ဆက္ပို႔ေဆာင္ေပးေနၾကပါတယ္။

ဒါေပမဲ့ ပြဲစားေတြဟာ ထိုင္း-ျမန္မာနယ္စပ္မွာ ျမန္မာအလုပ္သမားေတြဖမ္းဆီးခံရခ်ိန္မွာေတာ့ လာေရာက္ေျဖရွင္းေပးျခင္းမရွိဘဲ တိမ္းေရွာင္ေနၾကတာမ်ားတယ္လို႔ သိရပါတယ္။ထိုင္းႏိုင္ငံအစိုးရကေတာ့ အခုလိုျဖစ္စဥ္ေတြမျဖစ္ေအာင္ ျမန္မာႏိုင္ငံဖက္က အလုပ္သမားပို႔ေဆာင္ေရး ေအဂ်င္စီ ေလးခုေလာက္နဲ႔ညႇိႏႈိင္းေဆာင္႐ြက္ေနပါတယ္။

“ဒီမွာအလုပ္လုပ္ရတာခက္ခဲတာေၾကာင့္ ရွိစုမဲ့စုပိုက္ဆံေလးေတြစု အတိုးနဲ႔သူမ်ားဆီကပိုက္ဆံဆြဲၿပီး အမ်ိဳးသားကို ထိုင္းမွာအလုပ္သြားလုပ္ဖို႔အတြက္ လႊတ္လိုက္ရတယ္ အခုအဖမ္းခံရေတာ့ပြဲစားကိုသြားေျပာတာ သြားတဲ့အခါတိုင္းတစ္ႀကိမ္မွမေတြ႕ခဲ့ရဘူးေရွာင္ေနတယ္ ဒါ့ေၾကာင့္အဲဒီပြဲစားကို တရားစြဲဖို႔လုပ္ေနတယ္”လို႔ဖမ္းဆီးခံထားရသူတစ္ေယာက္ရဲ႕ အမ်ိဳးသမီးကေျပာပါတယ္။

ျမန္မာႏိုင္ငံဖက္ကဖမ္းဆီးတာမဟုတ္ဘဲ ထိုင္းႏိုင္ငံဖက္က ထိုင္းဘုရင့္တပ္မေတာ္၊နယ္စပ္မူးယစ္ေဆးဝါးနဲ႔တရားမ၀င္နယ္စပ္ျဖတ္ေက်ာ္မႈခင္းတားဆီးေရးတပ္ဖြဲ၊လူ၀င္မႈႀကီးၾကပ္ေရးအဖြဲ၊နယ္ျခားေစာင့္တပ္ဖြဲေတြကဖမ္းဆီးတာပါ။

ေအာက္တိုဘာလအတြင္းမွာကိုပဲ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေပါင္း ၃၀၃၄၃ ေယာက္ကို ထိုင္းႏိုင္ငံအတြင္းနဲ႔ ထိုင္း-ျမန္မာနယ္စပ္ေတြမွာဖမ္းဆီးခံခဲ့ရၿပီး ႏိုဝင္ဘာ ၇ ရက္အထိကို ဖမ္းဆီးခံရတဲ့အလုပ္သမားေတြ အမ်ားအျပားရွိေနပါတယ္။

“အခုလိုသူမ်ားႏိုင္ငံကိုတရားမဝင္နည္းလမ္းနဲ႔သြားတာက စိတ္ခ်လက္ခ်အလုပ္လုပ္ကိုင္လို႔မရဘူး ဘယ္အခ်ိန္လာဖမ္းခံရမလဲဆိုတာကိုေတြးေၾကာက္ေနရတယ္ ဒါ့ေၾကာင့္ တရားဝင္လမ္းေၾကာင္းကေနသြားၿပီး တျခားႏိုင္ငံေတြမွာအလုပ္လုပ္တာကအေကာင္းဆုံးပဲ”လိုထိုင္းႏိုင္ငံကို တရားဝင္စာ႐ြက္စာတမ္းေတြနဲ႔သြားေရာက္အလုပ္လုပ္ကိုင္ေနတဲ့ ကိုေဇာ္ဝင္းထြန္းကေျပာပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here