စစ်တွေတက္ကသိုလ် နည်းပြ သရုပ်ပြ ဆရာ ဆရာမ သစ်လွင်များကြိုဆိုပွဲပြုလုပ်

0
281

(Unicode)

စစ်တွေတက္ကသိုလ် နည်းပြ သရုပ်ပြ ဆရာ ဆရာမ သစ်လွင်များကြိုဆိုပွဲပြုလုပ်

ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ကြမယ့် တက္ကသိုလ် နည်းပြ သရုပ်ပြ ဆရာ ဆရာမ သစ်လွင်တွေကို ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေက ဒီကနေ့ နိုဝင်ဘာ ၈ရက်မှာ အခမ်းအနားနဲ့ ကြိုဆိုခဲ့ကြပါတယ်။

စစ်တွေတက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမမှာ အခမ်းအနားနဲ့ ပြုလုပ်ကျင်းပခဲ့ကြတာဖြစ်ပြီး စစ်တွေတက္ကသိုလ်မှ ပါမောက္ခများ၊ လက်ထောက်ကထိက ဆရာ ဆရာများနှင့် နည်းပြ သရုပ်ပြအသစ် ဆရာ ဆရာမ (၉၀)ဦး တက်ရောက်ခဲ့တယ်လို့ ပြည်နယ်အစိုးရအဖွဲက ပြောပါတယ်။

နည်းပြ သရုပ်ပြ ဆရာ ဆရာမ အသစ်တွေဟာ ဒီကနေ့က စပြီး မွမ်းမံသင်တန်းတွေကို တစ်လကြာ တက်ရောက်ကြဖို့လည်း ရှိနေပါတယ်။

နစကက ကိုဗစ်ကြောင့် ပိတ်ထားတဲ့ တက္ကသိုလ်နဲ့ ကောလိပ်တွေကို ပြန်ဖွင့်ဖို့ စီစဉ်နေတဲ့ အပြင် အဝေးသင်တွေကိုလည်း သင်တန်းလက်ခံတာတွေ လုပ်နေပါပြီ။

တက္ကသိုလ်၊ကောလိပ်တက်မယ့် ကျောင်းသား၊ကျောင်းသူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့လည်း ရှိနေတယ်လို့ ကြေညာထားတာရှိပါတယ်။

(Zawgyi)

စစ္ေတြတကၠသိုလ္ နည္းျပ သ႐ုပ္ျပ ဆရာ ဆရာမ သစ္လြင္မ်ားႀကိဳဆိုပြဲျပဳလုပ္

ရခိုင္ျပည္နယ္ စစ္ေတြတကၠသိုလ္မွာ တာဝန္ထမ္းေဆာင္ၾကမယ့္ တကၠသိုလ္ နည္းျပ သ႐ုပ္ျပ ဆရာ ဆရာမ သစ္လြင္ေတြကို ျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္ေက်ာ္မင္းနဲ႔ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးေတြက ဒီကေန႔ ႏိုဝင္ဘာ ၈ရက္မွာ အခမ္းအနားနဲ႔ ႀကိဳဆိုခဲ့ၾကပါတယ္။

စစ္ေတြတကၠသိုလ္ ဘြဲႏွင္းသဘင္ခန္းမမွာ အခမ္းအနားနဲ႔ ျပဳလုပ္က်င္းပခဲ့ၾကတာျဖစ္ၿပီး စစ္ေတြတကၠသိုလ္မွ ပါေမာကၡမ်ား၊ လက္ေထာက္ကထိက ဆရာ ဆရာမ်ားႏွင့္ နည္းျပ သ႐ုပ္ျပအသစ္ ဆရာ ဆရာမ (၉၀)ဦး တက္ေရာက္ခဲ့တယ္လို႔ ျပည္နယ္အစိုးရအဖြဲက ေျပာပါတယ္။

နည္းျပ သ႐ုပ္ျပ ဆရာ ဆရာမ အသစ္ေတြဟာ ဒီကေန႔က စၿပီး မြမ္းမံသင္တန္းေတြကို တစ္လၾကာ တက္ေရာက္ၾကဖို႔လည္း ရွိေနပါတယ္။

နစကက ကိုဗစ္ေၾကာင့္ ပိတ္ထားတဲ့ တကၠသိုလ္နဲ႔ ေကာလိပ္ေတြကို ျပန္ဖြင့္ဖို႔ စီစဥ္ေနတဲ့ အျပင္ အေဝးသင္ေတြကိုလည္း သင္တန္းလက္ခံတာေတြ လုပ္ေနပါၿပီ။

တကၠသိုလ္၊ေကာလိပ္တက္မယ့္ ေက်ာင္းသား၊ေက်ာင္းသူေတြကို ကိုဗစ္ကာကြယ္ေဆးထိုးေပးဖို႔လည္း ရွိေနတယ္လို႔ ေၾကညာထားတာရွိပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here