ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော်ကို ထောင်(၁၀)နှစ်ချမှတ်

0
334

(Unicode)

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော်ကို ထောင်(၁၀)နှစ်ချမှတ်

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော်(ဓာတုဗေဒ-တတိယနှစ်)ကို ရာဇသတ်ကြီးပုဒ်မ ၁၂၄ – ခ(က) ဖြင့် ယနေ့ နိုဝင်ဘာလ ၈ရက်နေ့၌ တရားရုံးမှ ထောင်ဒဏ် ၁၀နှစ်ချမှတ်ခဲ့သည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ရက်နေ့ ညပိုင်း ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်၌ သူမ အပါအဝင် ဒဂုံတက္ကသိုလ်မှကျောင်းသား‌ ကျောင်းသူ ၆ဦးသည် ဖမ်းဆီးခြင်းကိုခံခဲ့ပြီးနောက် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းခံ၆ဦးတွင်ပါဝင်‌သော ကိုစည်သူအောင်တင်သည် နိုဝင်ဘာလ ၃ရက်နေ့၌ ထောင် ၁၀နှစ်ချမှတ်ခြင်းခံခဲ့ရပြီး ကျန်‌ကျောင်းသား‌၊ကျောင်းသူ ၄ဦး၏ အမှုများကိုမူ ယနေ့အချိန်ထိ အမိန့်ချခြင်းမရှိသေးပေ။

(Zawgyi)

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲဝင် မသဉ္ဇာဇော်ကို ထောင်(၁၀)နှစ်ချမှတ်

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲဝင် မသဉ္ဇာဇော်(ဓာတုဗေဒ-တတိယနှစ်)ကို ရာဇသတ်ကြီးပုဒ်မ ၁၂၄ – ခ(က) ဖြင့် ယနေ့ နိုဝင်ဘာလ ၈ရက်နေ့၌ တရားရုံးမှ ထောင်ဒဏ် ၁၀နှစ်ချမှတ်ခဲ့သည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကပြောသည်။




LEAVE A REPLY

Please enter your comment!
Please enter your name here