ရန်ကုန်တက္ကသိုလ်အတွက် သရုပ်ပြ၊ နည်းပြ ဆရာ ဆရာမ ၇၆ ဦးခန့်အပ်

0
179

(Unicode)

ရန်ကုန်တက္ကသိုလ်အတွက် သရုပ်ပြ၊ နည်းပြ ဆရာ ဆရာမ ၇၆ ဦးခန့်အပ်


ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိရန်ကုန်တက္ကသိုလ်တွင် အသစ်ခန့်အပ်သော သရုပ်ပြ၊ နည်းပြ ဆရာ ဆရာမ ၇၆ ဦးအတွက်ဆရာ၊ ဆရာမ သစ်လွင်ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ ၈ ရက် (ယနေ့)နံနက်က ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဆရာ ဆရာမများအနေဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိကာ စွမ်းရည်တက်နေစေရန်နှင့် သင်ကြားရုံတင် မကဘဲ သုတေသနကိုပါ ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ တင်မောင်ထွန်းကပြောကြားခဲ့သည်။

အဆိုပါ ဆရာ ဆရာမများမှာ ရန်ကုန်တက္ကသိုလ်မှ ကျောင်းပြီးသွားသူများနှင့် အခြား တက္ကသိုလ် ကောလိပ်များမှ မဟာဘွဲ့ရကျောင်းပြီးသူများ ပါဝင်သောကြောင့် မွမ်းမံသင်တန်းတွင် ရန်ကုန်တက္ကသိုလ်အကြောင်း သိကောင်းစရာ၊ ပညာရေးဝန်ကြီးဌာန၏မူဝါဒ၊ နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ စီမံခန့်ခွဲရေး၊ သင်တန်းရေးရာ၊ ဘဏ္ဍာဌာနစသည်တိုနှင့် ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများ သိရှိစေရန်ရန် သင်ကြားပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ)မှ ဒေါက်တာ ခင်ချစ်ချစ်ကပြောသည်။

အဆိုပါ ဆရာဆရာမများမှာ နိုဝင်ဘာလ ၅ ရက်တွင် တာဝန်စတင်ထမ်းဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

(Zawgyi

ရန္ကုန္တကၠသိုလ္အတြက္ သ႐ုပ္ျပ၊ နည္းျပ ဆရာ ဆရာမ ၇၆ ဦးခန႔္အပ္

ပညာေရးဝန္ႀကီးဌာန၊ အဆင့္ျမင့္ပညာဦးစီးဌာနေအာက္ရွိရန္ကုန္တကၠသိုလ္တြင္ အသစ္ခန႔္အပ္ေသာ သ႐ုပ္ျပ၊ နည္းျပ ဆရာ ဆရာမ ၇၆ ဦးအတြက္ဆရာ၊ ဆရာမ သစ္လြင္ႀကိဳဆိုပြဲႏွင့္ မြမ္းမံသင္တန္းဖြင့္ပြဲကို ႏိုဝင္ဘာလ ၈ ရက္ (ယေန႔)နံနက္က ရန္ကုန္တကၠသိုလ္ ဝိဇၨာခန္းမ၌ ျပဳလုပ္ခဲ့သည္။

အဆိုပါအခမ္းအနားတြင္ ဆရာ ဆရာမမ်ားအေနျဖင့္ မိမိကိုယ္ကို ယုံၾကည္မႈရွိကာ စြမ္းရည္တက္ေနေစရန္ႏွင့္ သင္ၾကား႐ုံတင္ မကဘဲ သုေတသနကိုပါ ေဆာင္႐ြက္ႏိုင္ရန္လိုအပ္ေၾကာင္း ရန္ကုန္တကၠသိုလ္ပါေမာကၡခ်ဳပ္ ေဒါက္တာ တင္ေမာင္ထြန္းကေျပာၾကားခဲ့သည္။

အဆိုပါ ဆရာ ဆရာမမ်ားမွာ ရန္ကုန္တကၠသိုလ္မွ ေက်ာင္းၿပီးသြားသူမ်ားႏွင့္ အျခား တကၠသိုလ္ ေကာလိပ္မ်ားမွ မဟာဘြဲ႕ရေက်ာင္းၿပီးသူမ်ား ပါဝင္ေသာေၾကာင့္ မြမ္းမံသင္တန္းတြင္ ရန္ကုန္တကၠသိုလ္အေၾကာင္း သိေကာင္းစရာ၊ ပညာေရးဝန္ႀကီးဌာန၏မူဝါဒ၊ ႏိုင္ငံဝန္ထမ္းဥပေဒ၊ နည္းဥပေဒမ်ား၊ စီမံခန႔္ခြဲေရး၊ သင္တန္းေရးရာ၊ ဘ႑ာဌာနစသည္တိုႏွင့္ ပတ္သက္၍ စည္းမ်ဥ္းစည္းကမ္းမ်ား သိရွိေစရန္ရန္ သင္ၾကားေပးသြားမည္ ျဖစ္ေၾကာင္း ရန္ကုန္တကၠသိုလ္ ဒုတိယပါေမာကၡခ်ဳပ္ (စီမံ)မွ ေဒါက္တာ ခင္ခ်စ္ခ်စ္ကေျပာသည္။

အဆိုပါ ဆရာဆရာမမ်ားမွာ ႏိုဝင္ဘာလ ၅ ရက္တြင္ တာဝန္စတင္ထမ္းေဆာင္ခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here