UNICEF နှင့်မိတ်ဖက်အဖွဲ့အစည်းများမှ လှိုင်သာယာနှင့် ရွှေပြည်သာမှ ကိုယ်ဝန်ဆောင်နှင့်ကလေးတွေအတွက် ကျန်းမာရေးအကူအညီများ ထောက်ပံ့

0
79

(Unicode)

UNICEF နှင့်မိတ်ဖက်အဖွဲ့အစည်းများမှ လှိုင်သာယာနှင့် ရွှေပြည်သာမှ ကိုယ်ဝန်ဆောင်နှင့်ကလေးတွေအတွက် ကျန်းမာရေးအကူအညီများ ထောက်ပံ့

UNICEF နဲ့မိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး လှိုင်သာယာနဲ့ ရွှေပြည်သာက ကိုယ်ဝန် ဆောင်မိခင်တွေနဲ့ ကလေးတွေအတွက် အွန်လိုင်းနှင့်ဖုန်းတွေမှ တဆင့် ဆရာဝန်ပြခြင်းနှင့် လွှဲပေးခြင်းတို့အပါအဝင် အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများ စတင်ပေးနေပြီလို့ UNICEF Myanmar ကထုတ်ပြန်ထားပါတယ်။

အမျိုးသမီးနှင့် ၆နှစ်အောက်ကလေးငယ် ၆၃၀၀ ကျော်ဟာ လိုအပ်တဲ့ ကျန်းမာရေးဝန် ဆောင်မှုတွေကို ၂၀၂၁ ဧပြီကစပြီး ရရှိပြီးဖြစ်တယ်လို့ UNICEF ကဆိုပါတယ်။

ဒါ့အပြင် လှိုင်သာယာက ကိုယ်ဝန်ဆောင်မိခင် တွေနဲ့ ကလေးငယ် ၅၃၀၀ အတွက် လည်း လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာ ငွေကြေးအကူအညီတွေ ပေးပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

UNICEF ဟာ ပြီးခဲ့တဲ့ ၂လအတွင်းမှာ
-အသက်၆ လမှ ၅နှစ်အတွင်းက ကလေးငယ် အယောက် ၁၅၀၀၀ကျော်နှင့် ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင် ၂၀၀၀ ကျော်တို့အတွက် အာဟာရဖြည့်စွက်ဆေးဝါးများ ပေးပို့နိုင်ခြင်း၊
-ရခိုင်နှင့်ကယားပြည်နယ်ရှိ ဒေသခံပြည်သူ ၂၄၈၀၀ ကျော်ကို တကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများဖြန့်ဝေနိုင်ခဲ့ခြင်း၊
-မြန်မာနိုင်ငံရဲ့ ပဋိပက္ခဒဏ်ခံစားနေရတဲ့ နယ်မြေများမှ မိန်းကလေး ၁၈၀၀ နှင့် ယောကျ်ားလေး ၁၇၀၀ကျော်အပါအဝင် လူပေါင်း ၆၀၀၀ ကျော်အတွက် စိတ်ကျန်းမာရေးဆိုင်ရာဝန် ဆောင်မှုများ ပံ့ပိုးပေးခဲ့ခြင်း စတာတွေကို လုပ်ဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

(Zawgyi)

UNICEF ႏွင့္မိတ္ဖက္အဖြဲ႕အစည္းမ်ားမွ လႈိင္သာယာႏွင့္ ေ႐ႊျပည္သာမွ ကိုယ္ဝန္ေဆာင္ႏွင့္ကေလးေတြအတြက္ က်န္းမာေရးအကူအညီမ်ား ေထာက္ပံ့

UNICEF နဲ႔မိတ္ဖက္အဖြဲ႕အစည္းေတြ ပူးေပါင္းၿပီး လႈိင္သာယာနဲ႔ ေ႐ႊျပည္သာက ကိုယ္ဝန္ ေဆာင္မိခင္ေတြနဲ႔ ကေလးေတြအတြက္ အြန္လိုင္းႏွင့္ဖုန္းေတြမွ တဆင့္ ဆရာဝန္ျပျခင္းႏွင့္ လႊဲေပးျခင္းတို႔အပါအဝင္ အေရးေပၚက်န္းမာေရးဝန္ေဆာင္မႈမ်ား စတင္ေပးေနၿပီလို႔ UNICEF Myanmar ကထုတ္ျပန္ထားပါတယ္။

အမ်ိဳးသမီးႏွင့္ ၆ႏွစ္ေအာက္ကေလးငယ္ ၆၃၀၀ ေက်ာ္ဟာ လိုအပ္တဲ့ က်န္းမာေရးဝန္ ေဆာင္မႈေတြကို ၂၀၂၁ ဧၿပီကစၿပီး ရရွိၿပီးျဖစ္တယ္လို႔ UNICEF ကဆိုပါတယ္။

ဒါ့အျပင္ လႈိင္သာယာက ကိုယ္ဝန္ေဆာင္မိခင္ ေတြနဲ႔ ကေလးငယ္ ၅၃၀၀ အတြက္ လည္း လူ သားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ေငြေၾကးအကူအညီေတြ ေပးပို႔ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။

UNICEF ဟာ ၿပီးခဲ့တဲ့ ၂လအတြင္းမွာ
-အသက္၆ လမွ ၅ႏွစ္အတြင္းက ကေလးငယ္ အေယာက္ ၁၅၀၀၀ေက်ာ္ႏွင့္ ကိုယ္ဝန္ေဆာင္၊ႏို႔တိုက္မိခင္ ၂၀၀၀ ေက်ာ္တို႔အတြက္ အာဟာရျဖည့္စြက္ေဆးဝါးမ်ား ေပးပို႔ႏိုင္ျခင္း၊
-ရခိုင္ႏွင့္ကယားျပည္နယ္ရွိ ေဒသခံျပည္သူ ၂၄၈၀၀ ေက်ာ္ကို တကိုယ္ရည္သုံးသန္႔ရွင္းေရးပစၥည္းမ်ားျဖန္႔ေဝႏိုင္ခဲ့ျခင္း၊
-ျမန္မာႏိုင္ငံရဲ႕ ပဋိပကၡဒဏ္ခံစားေနရတဲ့ နယ္ေျမမ်ားမွ မိန္းကေလး ၁၈၀၀ ႏွင့္ ေယာက်္ားေလး ၁၇၀၀ေက်ာ္အပါအဝင္ လူေပါင္း ၆၀၀၀ ေက်ာ္အတြက္ စိတ္က်န္းမာေရးဆိုင္ရာဝန္ ေဆာင္မႈမ်ား ပံ့ပိုးေပးခဲ့ျခင္း စတာေတြကို လုပ္ေဆာင္ႏိုင္ခဲ့ေၾကာင္း ထုတ္ျပန္ထားပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here