ပြီးခဲ့တဲ့ ၁၀ လအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမှာ မတော်တဆမှု ၂၀၀ ကျော်ရှိပြီး ၇၁ ယောက်သေဆုံးခဲ့

0
139

(Unicode)

ပြီးခဲ့တဲ့ ၁၀ လအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမှာ မတော်တဆမှု ၂၀၀ ကျော်ရှိပြီး ၇၁ ယောက်သေဆုံးခဲ့

၂၀၂၁ ခုနှစ်ရဲ့ပြီးခဲ့တဲ့ ၁၀ လအတွင်းက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ယာဥ်မတော်တဆမှု ၂၁၄ မှုဖြစ်ပွားခဲ့တာကြောင့် သေဆုံးသူ ၇၁ ယောက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၃၅၂ ယောက်ရှိခဲ့တယ်လို နေပြည်တော်၊အမြန်လမ်းမကြီးရဲတပ်ဖွဲမှူးရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။

ဇန်နဝါရီလက မတော်တဆမှု ၂၉ မှုရှိခဲ့ပြီး သေ ဆုံးသူက လေးယောက်၊ဒဏ်ရာရသူက အယောက် ၄၀ ရှိခဲ့ပါတယ်။ဖေဖော်ဝါရီလမှာတော့ ၂၁ မှုဖြစ်ခဲ့ပြီး သုံးယောက်သေဆုံးခဲ့သလို ၃၉ ယောက်ဒဏ်ရာရခဲ့ပါတယ်။

မတ်လမှာ ၂၅ မှု၊သေဆုံးသူ ၁၃ ယောက်နဲ့ဒဏ်ရာရသူ ၅၁ ယောက်၊ ဧပြီလမှာ ၂၁ မှု၊သေဆုံးသူ ၁၃ ယောက် ဒဏ်ရာရသူ ၆၆ ယောက်၊ မေလမှာ ၃၁ မှု၊သေဆုံးသူ ၁၂ ယောက်နဲ့ဒဏ်ရာရသူ ၄၃ ယောက်၊ ဇွန်လမှာ ၂၀ မှု၊သေဆုံးသူ သုံးယောက် ဒဏ်ရာရသူ ၃၇ ယောက်၊ ဇူလိုင်လမှာ ၁၄ မှု၊သေဆုံးသူ တစ်ယောက်နဲ့ဒဏ်ရာရသူ ၁၁ ယောက်ရှိခဲ့ပါတယ်။

အလားတူပဲ သြဂုတ်လမှာ မတော်တဆမှု ၁၄ မှုကြောင့် သေဆုံးသူ လေးယောက်၊ဒဏ်ရာရသူ ၂၂ ယောက်၊ စက်တင်ဘာလမှာ ၁၉ မှု၊သေဆုံးသူ လေးယောက်၊ဒဏ်ရာရသူ ၂၃ ယောက်နဲ့ အောက် တိုဘာလမှာ ၂၀ မှု၊သေဆုံးသူ ၁၄ ယောက်နဲ့ဒဏ် ရာရသူ ၂၀ ယောက်ရှိခဲ့တယ်လို့ စာရင်းတွေအရသိရပါတယ်။

မတော်တဆမှုတွေကြောင့် ပျက်စီးဆုံးရှုးမှုတန်ဖိုးကလည်း ငွေကျပ် ၁၉၄ သန်းကျော်ရှိခဲ့ပါတယ်။

(Zawgyi)








LEAVE A REPLY

Please enter your comment!
Please enter your name here