နိုင်ငံရေးပါတီများအား အဖွဲ့များ စုဖွဲ့၍ လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲစနစ် ဒီဇိုင်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပွဲ ထပ်လုပ်မည်ဟု UEC ဥက္ကဋ္ဌဆို

0
189

(Unicode)

နိုင်ငံရေးပါတီများအား အဖွဲ့များ စုဖွဲ့၍ လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲစနစ် ဒီဇိုင်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပွဲ ထပ်လုပ်မည်ဟု UEC ဥက္ကဋ္ဌဆို

နောက်တစ်လ၊နှစ်လအတွင်း နိုင်ငံရေးပါတီများ၊စိတ်ပါဝင်စားသူများအား ဖိတ်ကြားပြီး အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်ကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသွားကြမည့် ဆွေးနွေးပွဲတစ်ခု ပြုလုပ်သွားရန်ရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးသိန်းစိုးကပြောသည်။

ထပ်မံပြုလုပ်ရန် ရှိသည့် ဆွေးနွေးပွဲက နိုင်ငံရေးပါတီများ၊ စိတ်ပါဝင်စားသူများကို ဖိတ်ကြား၍ တက်ရောက်လာသူများကို အဖွဲ့များ စုဖွဲ့၍ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များအတွက် ရွေးကောက်ပွဲစနစ် ဒီဇိုင်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးအကြံပြုဆွေးနွေးပွဲ ပြုလုပ်မည့် ဆွေးနွေးပွဲဖြစ်သည်ဟု ကော်မရှင်ဥက္ကဋ္ဌက နိုင်ငံရေးပါတီများကို ရှင်းပြသည်။

ရန်ကုန်တွင်ပြုလုပ်သော နိုင်ငံရေးပါတီ၅၀ကျော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့၏ ရွေးကောက်ပွဲစနစ် ဆွေးနွေးပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဝန်ထမ်းများသည် ရွေးကောက်ပွဲအတွက် အချိန်ပြည့်စဉ်းစား ဆောင်ရွက်လျက်ရှိပြီး ရွေးကောက်ပွဲစာတမ်းများလည်း ပြုစုနေသည့်အပြင်၊ နိုင်ငံရေးပါတီများမှ ရရှိသည့်အကြံဉာဏ်များနှင့်စပ်လျဉ်း၍ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကာ၊ နိုင်ငံကောင်းအောင်စဉ်းစား ဆောင်ရွက်ကြရမည်ဟုလည်း ပြောကြားခဲ့သေးသည်။

ရန်ကုန်တွင် ယခုရက်ထဲ နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကော်ကပွဲကော်မရှင်တို့၏ ဆွေးနွေးပွဲသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တတိယအကြိမ်တွေ့ဆုံဆွေးနွေးမှုဖြစ်ပြီး PR ဒီဇိုင်း မည်သို့ဆောင်ရွက်ကြမည်နည်း၊ မြန်မာနိုင်ငံနှင့်ညီညွတ်သည့် PR စနစ် ကျင့်သုံးနိုင်ရန် ဆွေးနွေးအကြံပြုချက်တောင်းခံခြင်းဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးသိန်းစိုးကပြောသည်။

ဥက္ကဋ္ဌဦးသိန်းစိုးက တိုင်းရင်းသား (၁၃၅) မျိုးလုံးအတွက် လုံခြုံမှုအာမခံမှုရှိနိုင်ရန်၊ ဥပဒေနှင့် အုပ်ချုပ်ရေးများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် စဉ်းစားပေးရန်လိုကြောင်း၊ စည်းရုံးစွမ်းဆောင်ရွက်နိုင်မှု အပေါ်မူတည်ပြီး နယ်မြေလုံခြုံတိုးတက်မည်ဖြစ်ပြီး နိုင်ငံလည်း ပိုမိုတိုးတက်လာမည်ဟုလည်းပြောသည်။

(Zawgyi)

ႏိုင္ငံေရးပါတီမ်ားအား အဖြဲ႕မ်ား စုဖြဲ႕၍ လႊတ္ေတာ္အသီးသီးအတြက္ ေ႐ြးေကာက္ပြဲစနစ္ ဒီဇိုင္းမ်ားကို က်ယ္က်ယ္ျပန႔္ျပန႔္ေဆြးေႏြးပြဲ ထပ္လုပ္မည္ဟု UEC ဥကၠ႒ဆို

ေနာက္တစ္လ၊ႏွစ္လအတြင္း ႏိုင္ငံေရးပါတီမ်ား၊စိတ္ပါဝင္စားသူမ်ားအား ဖိတ္ၾကားၿပီး အခ်ိဳးက်ကိုယ္စားျပဳေ႐ြးေကာက္ပြဲစနစ္ကို က်ယ္က်ယ္ျပန႔္ျပန႔္ေဆြးေႏြးသြားၾကမည့္ ေဆြးေႏြးပြဲတစ္ခု ျပဳလုပ္သြားရန္ရွိသည္ဟု ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ဦးသိန္းစိုးကေျပာသည္။

ထပ္မံျပဳလုပ္ရန္ ရွိသည့္ ေဆြးေႏြးပြဲက ႏိုင္ငံေရးပါတီမ်ား၊ စိတ္ပါဝင္စားသူမ်ားကို ဖိတ္ၾကား၍ တက္ေရာက္လာသူမ်ားကို အဖြဲ႕မ်ား စုဖြဲ႕၍ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ တိုင္းေဒသႀကီး/ျပည္နယ္လႊတ္ေတာ္မ်ားအတြက္ ေ႐ြးေကာက္ပြဲစနစ္ ဒီဇိုင္းမ်ားကို က်ယ္က်ယ္ျပန႔္ျပန႔္ေဆြးေႏြးအႀကံျပဳေဆြးေႏြးပြဲ ျပဳလုပ္မည့္ ေဆြးေႏြးပြဲျဖစ္သည္ဟု ေကာ္မရွင္ဥကၠ႒က ႏိုင္ငံေရးပါတီမ်ားကို ရွင္းျပသည္။

ရန္ကုန္တြင္ျပဳလုပ္ေသာ ႏိုင္ငံေရးပါတီ၅၀ေက်ာ္ႏွင့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္တို႔၏ ေ႐ြးေကာက္ပြဲစနစ္ ေဆြးေႏြးပြဲတြင္ အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ေကာ္မရွင္ဥကၠ႒က ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံး ဝန္ထမ္းမ်ားသည္ ေ႐ြးေကာက္ပြဲအတြက္ အခ်ိန္ျပည့္စဥ္းစား ေဆာင္႐ြက္လ်က္ရွိၿပီး ေ႐ြးေကာက္ပြဲစာတမ္းမ်ားလည္း ျပဳစုေနသည့္အျပင္၊ ႏိုင္ငံေရးပါတီမ်ားမွ ရရွိသည့္အႀကံဉာဏ္မ်ားႏွင့္စပ္လ်ဥ္း၍ အေကာင္းဆုံးျဖစ္ေအာင္ ေဆာင္႐ြက္သြားမည္ျဖစ္ကာ၊ ႏိုင္ငံေကာင္းေအာင္စဥ္းစား ေဆာင္႐ြက္ၾကရမည္ဟုလည္း ေျပာၾကားခဲ့ေသးသည္။

ရန္ကုန္တြင္ ယခုရက္ထဲ ႏိုင္ငံေရးပါတီမ်ားႏွင့္ ျပည္ေထာင္စုေ႐ြးေကာ္ကပြဲေကာ္မရွင္တို႔၏ ေဆြးေႏြးပြဲသည္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ ႏိုင္ငံေရးပါတီမ်ား တတိယအႀကိမ္ေတြ႕ဆုံေဆြးေႏြးမႈျဖစ္ၿပီး PR ဒီဇိုင္း မည္သို႔ေဆာင္႐ြက္ၾကမည္နည္း၊ ျမန္မာႏိုင္ငံႏွင့္ညီၫြတ္သည့္ PR စနစ္ က်င့္သုံးႏိုင္ရန္ ေဆြးေႏြးအႀကံျပဳခ်က္ေတာင္းခံျခင္းျဖစ္သည္ဟု ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ဦးသိန္းစိုးကေျပာသည္။

ဥကၠ႒ဦးသိန္းစိုးက တိုင္းရင္းသား (၁၃၅) မ်ိဳးလုံးအတြက္ လုံၿခဳံမႈအာမခံမႈရွိႏိုင္ရန္၊ ဥပေဒႏွင့္ အုပ္ခ်ဳပ္ေရးမ်ားတြင္ ပါဝင္ေဆာင္႐ြက္ႏိုင္ရန္ စဥ္းစားေပးရန္လိုေၾကာင္း၊ စည္း႐ုံးစြမ္းေဆာင္႐ြက္ႏိုင္မႈ အေပၚမူတည္ၿပီး နယ္ေျမလုံၿခဳံတိုးတက္မည္ျဖစ္ၿပီး ႏိုင္ငံလည္း ပိုမိုတိုးတက္လာမည္ဟုလည္းေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here