ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကို ထောင်၇၅နှစ်ချ၊ အယူခံမဝင်ဟုသိရ

0
167

(Unicode)

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကို ထောင်၇၅နှစ်ချ၊ အယူခံမဝင်ဟုသိရ

ပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခံခဲ့ထားရသော ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကို အဂတိအမှုများဖြင့် ထောင်ဒဏ် ၇၅နှစ်ကျခံစေရန် ကရင်ပြည်နယ်တရားလွှတ်တော်ကယနေ့ နိုဝင်ဘာ ၉ ရက်တွင် အမိန့်ချလိုက်သည်။

ဒေါ်နန်းခင်ထွေးမြင့်သည် ၅၀၅(ခ)ဖြင့် ထောင် ၂နှစ် ကျခံနေရသူလည်းဖြစ်သည်။

ယခု ထောင်ဒဏ် ၇၅နှစ်က ပြည်နယ်ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးသန်းနိုင်နှင့်အတူ စွဲဆိုထားသည့် အဂတိအမှု ၅ မှုအတွက် အပြီးသတ်အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဒေါ်နန်းခင်ထွေးမြင့်အပေါ် ရာထူးလက်ရှိဖြစ်နေသည့်အချိန်အခါက ဆေးဝါးကုသစရိတ် ထုတ်သည့်ကိစ္စ၊ ကရင်ပြည်နယ် ကမ်းနားလမ်း သာယာလှပရေးကိစ္စ၊ ရန်ပုံငွေပေးသွင်းမှုကို အစိုးရဘဏ်အကောင့်သို မထည့်ဘဲ ဖွံဖြိုးရေးရန်ပုံငွေအနေဖြင့် ပုဂ္ဂလိကဘဏ်တစ်ခုထဲ သီးခြားအကောင့်ဖြင့် ထည့်ခြင်းအစရှိသည့် ကိစ္စရပ်များဖြင့် စွဲဆိုထားသည့် အဂတိ အမှု ၅ မှုအတွက် တမှုကို ထောင်ဒဏ် ၁၅ နှစ်စီဖြင့် စုစုပေါင်း ထောင်ဒဏ် ၇၅ နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်သိရသည်။

ယနေ့တွင်ပင် ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်ကိုလည်း အဂတိလိုက်စားမှုအပါအဝင် အမှု ၆ မှုကို တစ်မှုလျှင် ၁၅နှစ်စီဖြင့် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် နှစ် ၉၀ ချမှတ်လိုက်သည်ဟု သိရသည်။

ကာယကံရှင်များက ပြစ်ဒဏ်များနှင့် ပတ်သတ်ပြီး အထက် တရားရုံးများထံ အယူခံမဝင်ဟု ပြောကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့က တစ်ကြိမ် ထိန်းသိမ်းခံခဲ့ရပြီး ဖေဖော်ဝါရီ ၂ရက်တွင် ပြန်လွတ်လာကာ ဖေဖော်ဝါရီ ၇ရက်တွင် ထပ်မံ ဖမ်းခံခဲ့ရသူဖြစ်သည်။

 

(Zawgyi)

ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒၚနန္းခင္ေထြးျမင့္ကို ေထာင္၇၅ႏွစ္ခ်၊ အယူခံမဝင္ဟုသိရ

 

ပုဒ္မ ၅၀၅(ခ)ျဖင့္ ေထာင္ဒဏ္ႏွစ္ႏွစ္ခ်မွတ္ခံခဲ့ထားရေသာ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒၚနန္းခင္ေထြးျမင့္ကို အဂတိအမႈမ်ားျဖင့္ ေထာင္ဒဏ္ ၇၅ႏွစ္က်ခံေစရန္ ကရင္ျပည္နယ္တရားလႊတ္ေတာ္ကယေန႔ ႏိုဝင္ဘာ ၉ ရက္တြင္ အမိန႔္ခ်လိုက္သည္။

ေဒၚနန္းခင္ေထြးျမင့္သည္ ၅၀၅(ခ)ျဖင့္ ေထာင္ ၂ႏွစ္ က်ခံေနရသူလည္းျဖစ္သည္။

ယခု ေထာင္ဒဏ္ ၇၅ႏွစ္က ျပည္နယ္ဘ႑ာေရးႏွင့္စည္ပင္သာယာေရးဝန္ႀကီးေဟာင္း ဦးသန္းႏိုင္ႏွင့္အတူ စြဲဆိုထားသည့္ အဂတိအမႈ ၅ မႈအတြက္ အၿပီးသတ္အမိန႔္ခ်မွတ္လိုက္ျခင္းျဖစ္သည္။

ေဒၚနန္းခင္ေထြးျမင့္အေပၚ ရာထူးလက္ရွိျဖစ္ေနသည့္အခ်ိန္အခါက ေဆးဝါးကုသစရိတ္ ထုတ္သည့္ကိစၥ၊ ကရင္ျပည္နယ္ ကမ္းနားလမ္း သာယာလွပေရးကိစၥ၊ ရန္ပုံေငြေပးသြင္းမႈကို အစိုးရဘဏ္အေကာင့္သို မထည့္ဘဲ ဖြံၿဖိဳးေရးရန္ပုံေငြအေနျဖင့္ ပုဂၢလိကဘဏ္တစ္ခုထဲ သီးျခားအေကာင့္ျဖင့္ ထည့္ျခင္းအစရွိသည့္ ကိစၥရပ္မ်ားျဖင့္ စြဲဆိုထားသည့္ အဂတိ အမႈ ၅ မႈအတြက္ တမႈကို ေထာင္ဒဏ္ ၁၅ ႏွစ္စီျဖင့္ စုစုေပါင္း ေထာင္ဒဏ္ ၇၅ ႏွစ္ ခ်မွတ္လိုက္ျခင္းျဖစ္သည္သိရသည္။

ယေန႔တြင္ပင္ ကရင္ျပည္နယ္စီမံကိန္း၊ ဘ႑ာေရးႏွင့္ စည္ပင္သာယာေရးဝန္ႀကီး ဦးသန္းႏိုင္ကိုလည္း အဂတိလိုက္စားမႈအပါအဝင္ အမႈ ၆ မႈကို တစ္မႈလွ်င္ ၁၅ႏွစ္စီျဖင့္ စုစုေပါင္း အလုပ္ႏွင့္ ေထာင္ဒဏ္ ႏွစ္ ၉၀ ခ်မွတ္လိုက္သည္ဟု သိရသည္။

ကာယကံရွင္မ်ားက ျပစ္ဒဏ္မ်ားႏွင့္ ပတ္သတ္ၿပီး အထက္ တရား႐ုံးမ်ားထံ အယူခံမဝင္ဟု ေျပာၾကသည္။

ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒၚနန္းခင္ေထြးျမင့္သည္ ၂၀၂၁ ေဖေဖာ္ဝါရီ ၁ရက္ေန႔က တစ္ႀကိမ္ ထိန္းသိမ္းခံခဲ့ရၿပီး ေဖေဖာ္ဝါရီ ၂ရက္တြင္ ျပန္လြတ္လာကာ ေဖေဖာ္ဝါရီ ၇ရက္တြင္ ထပ္မံ ဖမ္းခံခဲ့ရသူျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here