ပဲခူးမြို့ပေါ်နဲ့ပြည်မြို့နယ်တို့မှာ စိတ်ကြွဆေးပြားတွေဖမ်းမိ

0
164

(Unicode)

ပဲခူးမြို့ပေါ်နဲ့ပြည်မြို့နယ်တို့မှာ စိတ်ကြွဆေးပြားတွေဖမ်းမိ

ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့ပေါ်နဲ့ပြည်မြို့နယ်တို့မှာ ကားပေါ်မှာဝှက်ပြီးသယ်လာတဲ့ စိတ်ကြွဆေးပြားတွေနဲ့နေအိမ်အတွင်းမှာဝှက်ထားတဲ့ စိတ်ကြွ ဆေး ၃၈၃၀၀ ပြားကို နိုဝင်ဘာ ၈ ရက်က မူးယစ်ဆေးဝါးတားဆီးနှမ်နင်းရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ဖြစ်စဥ်တွေမှာ ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ကြေးနီကန်လမ်းအတိုင်း ရွှေသာလျောင်းဘုရားဘက်ကနေ မဇင်း(၁)လမ်းဆုံဘက်ကို နန်း၀င်းအောင်(ခ)ငစိုင်း(၃၆)နှစ် မောင်းလာတဲ့ HONDA FIT ကားကိုစစ်ဆေးရာမှာ ကားပေါ် ဝှက်သယ်လာတဲ့ စိတ် ကြွဆေး ၁၉၅၀၀ ပြားကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေက နေ့လည် ၃ နာရီခွဲမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

အလားတူပဲ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ဗိုလ်တထောင်ကြံတောကုန်း၊ဗိုလ်တထောင်ဘုရားလမ်းက မျိုးရန်နောင်စိုး(ခ)ရန်နောင်စိုး(၂၉)နှစ်ရဲ့အိမ်ကို နေ့လည် ၁ နာရီခွဲက သတင်းအရဝင်ရောက်စစ်ဆေးရာမှာ စိတ်ကြွဆေး ၁၈၈၀၀ ပြားကို မူး ယစ်ဆေးဝါးသုံးစွဲရာမှာအသုံးပြုတဲ့ဆက်စပ်ပ စ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

စိတ်ကြွဆေးပြားတွေနဲ့အတူ ဖမ်းမိတဲ့နှစ်ယောက်ကို သက်ဆိုင်ရာမြို့မရဲစခန်းတွေက မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရ အရေးယူထားပြီးစစ်ဆေးနေပါတယ်။

(Zawgyi)


 






LEAVE A REPLY

Please enter your comment!
Please enter your name here