လမ်းမတော်က ထွေအုပ်ရုံးနားက ရပ်ထားတဲ့ကားပေါ်မှာဗုံးပေါက်

0
263

(Unicode)

လမ်းမတော်က ထွေအုပ်ရုံးနားက ရပ်ထားတဲ့ကားပေါ်မှာဗုံးပေါက်

လမ်းမတော်မြို့နယ်၊ဘုန်းကြီးလမ်း(အောက် လမ်း)နဲ့ကမ်းနားလမ်းထောင့်မှာရှိတဲ့ ထွေအုပ်ရုံးနားနဲ့ဒလတံတားစီမံကိန်းနားမှာ ရပ်ထားတဲ့ကားပေါ်ကဗုံးတွေ နိုဝင်ဘာ ၁၀ ရက်မနက် ၈ နာရီလောက်က ဆက်တိုက်ပေါက်ကွဲခဲ့တာကြောင့် လုံခြုံရေးအဖွဲ့ဝင်တစ်ယောက် လက်ပြတ်သွားခဲ့တယ်လို့ ပတ်ဝန်းကျင်နေသူတွေဆီက သိရပါတယ်။

“ရပ်ထားတဲ့ကားပေါ်ကနေပေါက်တာ စုစုပေါင်း ခြောက်လုံးပေါက်တယ် ဖြတ်သွားဖြတ်လာတွေကောစျေးသည်တွေကောပြေးရတာပေါ့ စစချင်းဘာဖြစ်မှန်းမသိတော့ စစ်သားတစ်ယောက်လက်ပြတ်သွားတယ် ချက်ခြင်းလာခေါ်သွားကြတယ်”လို့ပတ်ဝန်းကျင်နေသူတစ်ယောက်ကပြောပါတယ်။

ဗုံးပေါက်ပြီးနောက်မှာ အခင်းဖြစ်နေရာကို လုံခြုံ ရေးအဖွဲ့တွေရောက်လာပြီး ကမ်းနားလမ်းကိုပိတ်ပြီး စစ်ဆေးတာတွေလုပ်နေပါတယ်။ဒါ့အပြင် အနီးနားက ရပ်ကွက်တွေထဲကိုလည်း ဝင်ပြီးစစ်ဆေးနေသလို စျေးသည်တွေကိုလည်းဆိုင်တွေပိတ်ခိုင်းထားတယ်လို့ သိရပါတယ်။

“ကားနဲ့ဗုံးခွဲတယ်လို့ထင်တယ် ရပ်ထားတဲ့ကားပေါ်ကနေပေါက်တာဆိုတော့ အခုအဲ့ကားလည်းမီးလောင်နေလို့ မီးသတ်တွေလာငြိမ်းနေကြတယ် စစ်သားတွေကတော့ လမ်းမတော် ၁၃ လမ်းထဲကအိမ်တွေကိုအထဲထိဝင်စစ်နေကြတယ်”လို့ပတ်ဝန်းကျင်နေသူတစ်ယောက်ကပြောပါတယ်။

Photo-CJ

(Zawgyi)

လမ္းမေတာ္က ေထြအုပ္႐ုံးနားက ရပ္ထားတဲ့ကားေပၚမွာဗုံးေပါက္

လမ္းမေတာ္ၿမိဳ႕နယ္၊ဘုန္းႀကီးလမ္း(ေအာက္ လမ္း)နဲ႔ကမ္းနားလမ္းေထာင့္မွာရွိတဲ့ ေထြအုပ္႐ုံးနားနဲ႔ဒလတံတားစီမံကိန္းနားမွာ ရပ္ထားတဲ့ကားေပၚကဗုံးေတြ ႏိုဝင္ဘာ ၁၀ ရက္မနက္ ၈ နာရီေလာက္က ဆက္တိုက္ေပါက္ကြဲခဲ့တာေၾကာင့္ လုံၿခဳံေရးအဖြဲ႕ဝင္တစ္ေယာက္ လက္ျပတ္သြားခဲ့တယ္လို႔ ပတ္ဝန္းက်င္ေနသူေတြဆီက သိရပါတယ္။

“ရပ္ထားတဲ့ကားေပၚကေနေပါက္တာ စုစုေပါင္း ေျခာက္လုံးေပါက္တယ္ ျဖတ္သြားျဖတ္လာေတြေကာေစ်းသည္ေတြေကာေျပးရတာေပါ့ စစခ်င္းဘာျဖစ္မွန္းမသိေတာ့ စစ္သားတစ္ေယာက္လက္ျပတ္သြားတယ္ ခ်က္ျခင္းလာေခၚသြားၾကတယ္”လို႔ပတ္ဝန္းက်င္ေနသူတစ္ေယာက္ကေျပာပါတယ္။

ဗုံးေပါက္ၿပီးေနာက္မွာ အခင္းျဖစ္ေနရာကို လုံၿခဳံ ေရးအဖြဲ႕ေတြေရာက္လာၿပီး ကမ္းနားလမ္းကိုပိတ္ၿပီး စစ္ေဆးတာေတြလုပ္ေနပါတယ္။ဒါ့အျပင္ အနီးနားက ရပ္ကြက္ေတြထဲကိုလည္း ဝင္ၿပီးစစ္ေဆးေနသလို ေစ်းသည္ေတြကိုလည္းဆိုင္ေတြပိတ္ခိုင္းထားတယ္လို႔ သိရပါတယ္။

“ကားနဲ႔ဗုံးခြဲတယ္လို႔ထင္တယ္ ရပ္ထားတဲ့ကားေပၚကေနေပါက္တာဆိုေတာ့ အခုအဲ့ကားလည္းမီးေလာင္ေနလို႔ မီးသတ္ေတြလာၿငိမ္းေနၾကတယ္ စစ္သားေတြကေတာ့ လမ္းမေတာ္ ၁၃ လမ္းထဲကအိမ္ေတြကိုအထဲထိဝင္စစ္ေနၾကတယ္”လို႔ပတ္ဝန္းက်င္ေနသူတစ္ေယာက္ကေျပာပါတယ္။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here