အမေရိကန် ၁ဒေါ်လာ ၁၇၈၀ကျပ်အောက်စဆင်း

0
101

(Unicode)

အမေရိကန် ၁ဒေါ်လာ ၁၇၈၀ကျပ်အောက်စဆင်း

နိုင်ငံခြားငွေ ဝယ်ဈေးနှုန်းရောင်းဈေးနှုန်းများအား နိုဝင်ဘာ ၁၀ရက်ကစပြီး ဗဟိုဘဏ်ရည်ညွှန်းနှုန်း ± ဝ.၅ % ဘောင်အတွင်း ဆောင်ရွက်ကြရန် နိုင်ငံတော်ဗဟိုဘဏ်က ကြေညာချက်ထုတ်အပြီး အမေရိကန်ဒေါ်လာဈေးများ ငွေကြေးဈေးကွက်ထဲ ကျဆင်းသွားသည်။

ယနေ့ နိုဝင်ဘာ ၁၀ရက်နေ့ မနက်ပိုင်းက အမေရိကန် ၁ဒေါ်လာလျှင် မြန်မာငွေကျပ်၁၇၈၀ ပါတ်ချာလည်တွင်ရှိနေသည်။

နိုင်ငံတော်ဗဟိုဘဏ်က ဗဟိုဘဏ်ရည်ညွှန်းနှုန်း ± ဝ.၅ % ဘောင်အတွင်း ဆောင်ရွက်ကြရမည်ဆိုသော သတ်မှတ်ချက်အား ကျော်လွန်ဆောင်ရွက်ပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းတိုအရ အရေးယူမည်ဟု စာထုတ်ကြေညာထားသည်။

“ဒေါ်လာဈေးတွေက တအိအိနဲ့ ကျနေတာ ရက်ပိုင်းလောက်ရှိနေပြီ။အခု ပိုကျသွားတယ်”ဟု ငွေကြေးဈေးကွက်အခြေအနေကို ပိုကုန်လုပ်ငန်းရှင်တစ်ဦးကရှင်းပြသည်။

နိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ ဝယ်ဈေးနှုန်းရောင်းဈေးနှုန်းများနှင့် ပတ်သတ်ပြီး ၉-၄-၂၀၂၁ ( ၅/၂၀၂၁ ) က ရောင်းဈေး/ဝယ်ဈေးကွာချက်± ၁.၆%ဖြင့်လည်းကောင်း၊ ၁၂-၀၅-၂၀၂၁ ( ၈/၂၀၂၁ ) က ရောင်းဈေး/ဝယ်ဈေးကွာချက်± ၁.ဝ%ဖြင့်လည်းကောင်း၊ ၃-၈-၂၀၂၀၁ (၁၁/၂၀၂၁ ) က ရောင်းဈေး/ဝယ်ဈေးကွာချက် ± ၁.၆%ဖြင့်လည်းကောင်း၊၁၀-၉-၂၀၂၀၁ (၁၂/၂၀၂၁ ) က ရောင်းဈေး/ဝယ်ဈေးကွာချက်အား ရာခိုင်နှုန်း ပယ်ဖျက်၍လည်းကောင်း၊ ၉-၁၁-၂၀၂၀၁ (၁၈/၂၀၂၁ ) တွင် ရောင်းဈေး/ဝယ်ဈေးကွာချက် ± ဝ.၅%ဖြင့် လည်းကောင်း စသည်ဖြင့် ပြင်ဆင်သတ်မှတ်ခြင်းများရှိခဲ့သည်။

(Zawgyi)

အေမရိကန္ ၁ေဒၚလာ ၁၇၈၀က်ပ္ေအာက္စဆင္း

ႏိုင္ငံျခားေငြ ဝယ္ေဈးႏႈန္းေရာင္းေဈးႏႈန္းမ်ားအား ႏိုဝင္ဘာ ၁၀ရက္ကစၿပီး ဗဟိုဘဏ္ရည္ၫႊန္းႏႈန္း ± ဝ.၅ % ေဘာင္အတြင္း ေဆာင္႐ြက္ၾကရန္ ႏိုင္ငံေတာ္ဗဟိုဘဏ္က ေၾကညာခ်က္ထုတ္အၿပီး အေမရိကန္ေဒၚလာေဈးမ်ား ေငြေၾကးေဈးကြက္ထဲ က်ဆင္းသြားသည္။

ယေန႔ ႏိုဝင္ဘာ ၁၀ရက္ေန႔ မနက္ပိုင္းက အေမရိကန္ ၁ေဒၚလာလွ်င္ ျမန္မာေငြက်ပ္၁၇၈၀ ပါတ္ခ်ာလည္တြင္ရွိေနသည္။

ႏိုင္ငံေတာ္ဗဟိုဘဏ္က ဗဟိုဘဏ္ရည္ၫႊန္းႏႈန္း ± ဝ.၅ % ေဘာင္အတြင္း ေဆာင္႐ြက္ၾကရမည္ဆိုေသာ သတ္မွတ္ခ်က္အား ေက်ာ္လြန္ေဆာင္႐ြက္ပါက ႏိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈဥပေဒ၊ ႏိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈစည္းမ်ဥ္းတိုအရ အေရးယူမည္ဟု စာထုတ္ေၾကညာထားသည္။

“ေဒၚလာေဈးေတြက တအိအိနဲ႔ က်ေနတာ ရက္ပိုင္းေလာက္ရွိေနၿပီ။အခု ပိုက်သြားတယ္”ဟု ေငြေၾကးေဈးကြက္အေျခအေနကို ပိုကုန္လုပ္ငန္းရွင္တစ္ဦးကရွင္းျပသည္။

ႏိုင္ငံေတာ္ဗဟိုဘဏ္က ႏိုင္ငံျခားေငြ ဝယ္ေဈးႏႈန္းေရာင္းေဈးႏႈန္းမ်ားႏွင့္ ပတ္သတ္ၿပီး ၉-၄-၂၀၂၁ ( ၅/၂၀၂၁ ) က ေရာင္းေဈး/ဝယ္ေဈးကြာခ်က္± ၁.၆%ျဖင့္လည္းေကာင္း၊ ၁၂-၀၅-၂၀၂၁ ( ၈/၂၀၂၁ ) က ေရာင္းေဈး/ဝယ္ေဈးကြာခ်က္± ၁.ဝ%ျဖင့္လည္းေကာင္း၊ ၃-၈-၂၀၂၀၁ (၁၁/၂၀၂၁ ) က ေရာင္းေဈး/ဝယ္ေဈးကြာခ်က္ ± ၁.၆%ျဖင့္လည္းေကာင္း၊၁၀-၉-၂၀၂၀၁ (၁၂/၂၀၂၁ ) က ေရာင္းေဈး/ဝယ္ေဈးကြာခ်က္အား ရာခိုင္ႏႈန္း ပယ္ဖ်က္၍လည္းေကာင္း၊ ၉-၁၁-၂၀၂၀၁ (၁၈/၂၀၂၁ ) တြင္ ေရာင္းေဈး/ဝယ္ေဈးကြာခ်က္ ± ဝ.၅%ျဖင့္ လည္းေကာင္း စသည္ျဖင့္ ျပင္ဆင္သတ္မွတ္ျခင္းမ်ားရွိခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here