လှည်းကူးက EPC ရုံးရှေ့မှာ ဗုံးနှစ်လုံးပေါက်

0
291

(Unicode)

လှည်းကူးက EPC ရုံးရှေ့မှာ ဗုံးနှစ်လုံးပေါက်

လှည်းကူးမြို့က EPC ရုံးရှေ့မှာ နိုဝင်ဘာ ၁၀ ရက် မနက် ၁၀ နာရီခွဲလောက်က ဗုံးတစ်လုံးစတင်ပေါက်ကွဲပြီး လုံခြုံရေးအဖွဲ့တွေရောက်လာချိန်မှာ နောက်ထပ်ဗုံးတစ်လုံး(ပေါင်း ဗုံးနှစ်လုံး)ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

မီတာလာဆောင်သူတွေရှိပေမဲ့လည်း ဗုံးပေါက်ကွဲတဲ့နေရာက မီတာဆောင်ဖို့တန်းစီနေတဲ့သူတွေနဲ့ အနည်းငယ်ဝေးတာကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူတွေမရှိပေမဲ့ ကားတစ်စီးနဲ့ဆိုင်ကယ်လေးစီးကတော့ ပျက်စီးသွားပါတယ်။

“ပထမတစ်လုံးပေါက်ပြီး စစ်သားတွေရောက်လာတဲ့အချိန် နောက်တစ်လုံးထပ်ပေါက်တာ ဒီနေ့မီတာလာဆောင်တဲ့သူတွေများတယ်”လို့မျက်မြင်ကြုံတွေ့ခဲ့သူတစ်ယောက်ကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးချိန်မှာ လုံခြုံ‌ရေးအဖွဲ့တွေက မီတာလာဆောင်သူတွေကို စစ်ဆေးနေသလို အနီးဝန်းကျင်နဲ့လမ်းတွေပေါ်မှာလည်း ဖြတ်သွားဖြတ်လာတွေ ရပ်ကွက်အတွင်းတွေကို လိုက်ပြီးစစ် ဆေးနေပါတယ်။

Photo – CJ

(Zawgyi)

လွည္းကူးက EPC ႐ုံးေရွ႕မွာ ဗုံးႏွစ္လုံးေပါက္

 

လွည္းကူးၿမိဳ႕က EPC ႐ုံးေရွ႕မွာ ႏိုဝင္ဘာ ၁၀ ရက္ မနက္ ၁၀ နာရီခြဲေလာက္က ဗုံးတစ္လုံးစတင္ေပါက္ကြဲၿပီး လုံၿခဳံေရးအဖြဲ႕ေတြေရာက္လာခ်ိန္မွာ ေနာက္ထပ္ဗုံးတစ္လုံး(ေပါင္း ဗုံးႏွစ္လုံး)ေပါက္ကြဲခဲ့တယ္လို႔ ၿမိဳ႕ခံေတြဆီကသိရပါတယ္။

မီတာလာေဆာင္သူေတြရွိေပမဲ့လည္း ဗုံးေပါက္ကြဲတဲ့ေနရာက မီတာေဆာင္ဖို႔တန္းစီေနတဲ့သူေတြနဲ႔ အနည္းငယ္ေဝးတာေၾကာင့္ ထိခိုက္ဒဏ္ရာရတဲ့သူေတြမရွိေပမဲ့ ကားတစ္စီးနဲ႔ဆိုင္ကယ္ေလးစီးကေတာ့ ပ်က္စီးသြားပါတယ္။

“ပထမတစ္လုံးေပါက္ၿပီး စစ္သားေတြေရာက္လာတဲ့အခ်ိန္ ေနာက္တစ္လုံးထပ္ေပါက္တာ ဒီေန႔မီတာလာေဆာင္တဲ့သူေတြမ်ားတယ္”လို႔မ်က္ျမင္ႀကဳံေတြ႕ခဲ့သူတစ္ေယာက္ကေျပာပါတယ္။

ေပါက္ကြဲမႈျဖစ္ၿပီးခ်ိန္မွာ လုံၿခဳံ‌ေရးအဖြဲ႕ေတြက မီတာလာေဆာင္သူေတြကို စစ္ေဆးေနသလို အနီးဝန္းက်င္နဲ႔လမ္းေတြေပၚမွာလည္း ျဖတ္သြားျဖတ္လာေတြ ရပ္ကြက္အတြင္းေတြကို လိုက္ၿပီးစစ္ ေဆးေနပါတယ္။

Photo – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here