ဂျပန်လေကြောင်းလိုင်းက ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်းစစ်ဆေးမှု ဒီဂျစ်တယ်စနစ်ဖြင့်စတင်

0
176

(Unicode)

ဂျပန်လေကြောင်းလိုင်းက ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်းစစ်ဆေးမှု ဒီဂျစ်တယ်စနစ်ဖြင့်စတင်

ဂျပန်လေကြောင်းလိုင်းက ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်းစစ်ဆေးမှုကို ဒီဂျစ်တယ်စနစ်ဖြင့်စစ်ဆေးမှု ပထမဆုံးစတင်မိတ်ဆက်လိုက်ပြီဖြစ်ကာ အမေရိကန်နိုင်ငံကလာတဲ့ ကာကွယ်ဆေးအပြည့်ထိုးနှံထားတဲ့နိုင်ငံခြားခရီးသည်တွေကို လက်ခံနေပြီဖြစ်ပါတယ်။

ယခုမိတ်ဆက်လိုက်တဲ့စနစ်ကိုတော့ စမတ်ဖုန်းအပလီကေးရှင်းမှတစ်ဆင့် အသုံးပြုစစ်ဆေးရမှာဖြစ်ပြီး ဒီစနစ်သာမရှိရင် ခရီးသည်တစ်ဦးကို အဆင့် ၄ဆင့်နဲ့စစ်ဆေးရမယ်လို့ဆိုပါတယ်။

ဝင်ရောက်လာမယ့်နိုင်ငံခြားသားတွေအနေနဲ့ ၁၄ရက်ထက်မနည်းတဲ့အချိန်တစ်ခုအတွင်း ကာကွယ်ဆေးထိုးနှံထားရမှာဖြစ်ပြီး ကိုဗစ်ရောဂါကင်းရှင်းကြောင်း ၃ရက်အတွင်းစစ်ဆေးထားမှုလည်း ပါဝင်ရမှာဖြစ်ပါတယ်။

ဂျပန်လေကြောင်းလိုင်းကတာဝန်ရှိသူ Utsunomiya Saori က “ဒီစနစ်ကိုပိုပြီးရိုးရှင်းတဲ့ပုံစံမျိုးနဲ့ပြုလုပ်ထားပါတယ်၊ နိုင်ငံခြားခရီးသွားတွေများများဝင်လာဖို့လည်း မျှော်လင့်ပါတယ်” လို့ပြောထားပါတယ်။

Source – NHK

(Zawgyi)


 





Source – NHK


LEAVE A REPLY

Please enter your comment!
Please enter your name here