စစ်ဘေးနှင့် ကိုဗစ်ကြောင့် မကျင်းပခဲ့သော စစ်တွေမြို့တန်ဆောင်တိုင်ပွဲတော်ဆွမ်းတော်ကြီးလောင်းလှူပွဲပြန်စမည်

0
475

(Unicode)

စစ်ဘေးနှင့် ကိုဗစ်ကြောင့် မကျင်းပခဲ့သော စစ်တွေမြို့တန်ဆောင်တိုင်ပွဲတော်ဆွမ်းတော်ကြီးလောင်းလှူပွဲပြန်စမည်

စစ်ရေး နှင့် ကိုဗစ်ကပ်ရောဂါတို့ကြောင့် နှစ် နှစ်ကြာ မပြုလုပ်ခဲ့ရသော ရခိုင်ပြည်နယ် စစ်တွေမြို့တန်ဆောင်တိုင်ပွဲတော် ဆွမ်းတော်ကြီးလောင်းလှူပွဲကို လာမည့် နိုဝင်ဘာလ ၁၈ ရက် တန်ဆောင်မုန်းလပြည့်နေ့ နံနက်ကိုးနာရီတွင် စစ်တွေမြို့ ဝင်္ကဘာကွင်း၌ပြန်လည်ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါ ပွဲတော် ကျင်းပရေးအဖွဲ့က သိရသည်။

ယင်းပွဲတော်အတွက် နိုဝင်ဘာလ ၈ ရက်မှ ယနေ့ နိုဝင်ဘာလ ၁၀ ရက်ထိ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးဂေါပကအဖွဲ့ ဦးဆောင်၍ စစ်တွေမြို့တွင်းလှည့်လည်အလှူခံရာတွင် အများစိတ်ဝင်စားမှု ရရှိစေရန်ရွှေရောင်မေတ္တာအသင်းသားများက ဇနီးမောင်နှံ အရုပ်ကြီး နှစ်ရုပ်ပြုလုပ်၍ အလှူခံခြင်း ဖြစ်ပြီး ရလာသည့်အလှူငွေများကို ဆွမ်းတော်ကြီးလောင်းလှူရာတွင် အသုံးပြုကာ ပိုလျှံပါက ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရေးအတွက် အသုံးပြုမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ တန်ဆောင်မုန်းလပြည့်နေ့တွင် စစ်တွေမြို့၌ သံဃာတော်အပါး ၅၅၀ အား ဆွမ်းစိမ်းလောင်းလှူသွားမည် ဖြစ်ကြောင်း၊ယင်းနေ့တွင် စိန်ရွှေရတနာဇာတ်သဘင်က ကပြဖျော်ဖြေမည်ဖြစ်ကြောင်းလည်း သိရသည်။

ပုံစာ- ယခုနှစ် ပြန်လုပ်မည့် တန်ဆောင်တိုင်ပွဲတော်ဆွမ်းတော်ကြီးလောင်းလှူပွဲအတွက် အလှူခံရန် ထွက်လာသော ဇနီးမောင်နှံအရုပ်ကြီးများ

(Zawgyi)

စစ္ေဘးႏွင့္ ကိုဗစ္ေၾကာင့္ မက်င္းပခဲ့ေသာ စစ္ေတြၿမိဳ႕တန္ေဆာင္တိုင္ပြဲေတာ္ဆြမ္းေတာ္ႀကီးေလာင္းလႉပြဲျပန္စမည္

 

စစ္ေရး ႏွင့္ ကိုဗစ္ကပ္ေရာဂါတို႔ေၾကာင့္ ႏွစ္ ႏွစ္ၾကာ မျပဳလုပ္ခဲ့ရေသာ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕တန္ေဆာင္တိုင္ပြဲေတာ္ ဆြမ္းေတာ္ႀကီးေလာင္းလႉပြဲကို လာမည့္ ႏိုဝင္ဘာလ ၁၈ ရက္ တန္ေဆာင္မုန္းလျပည့္ေန႔ နံနက္ကိုးနာရီတြင္ စစ္ေတြၿမိဳ႕ ဝကၤဘာကြင္း၌ျပန္လည္က်င္းပသြားမည္ ျဖစ္ေၾကာင္း အဆိုပါ ပြဲေတာ္ က်င္းပေရးအဖြဲ႕က သိရသည္။

ယင္းပြဲေတာ္အတြက္ ႏိုဝင္ဘာလ ၈ ရက္မွ ယေန႔ ႏိုဝင္ဘာလ ၁၀ ရက္ထိ အတုလမာရဇိန္ျပည္လုံးခ်မ္းသာဘုရားႀကီးေဂါပကအဖြဲ႕ ဦးေဆာင္၍ စစ္ေတြၿမိဳ႕တြင္းလွည့္လည္အလႉခံရာတြင္ အမ်ားစိတ္ဝင္စားမႈ ရရွိေစရန္ေ႐ႊေရာင္ေမတၱာအသင္းသားမ်ားက ဇနီးေမာင္ႏွံ အ႐ုပ္ႀကီး ႏွစ္႐ုပ္ျပဳလုပ္၍ အလႉခံျခင္း ျဖစ္ၿပီး ရလာသည့္အလႉေငြမ်ားကို ဆြမ္းေတာ္ႀကီးေလာင္းလႉရာတြင္ အသုံးျပဳကာ ပိုလွ်ံပါက ဘုရားႀကီးဘက္စုံျပဳျပင္မြမ္းမံေရးအတြက္ အသုံးျပဳမည္ျဖစ္ေၾကာင္းသိရသည္။

အဆိုပါ တန္ေဆာင္မုန္းလျပည့္ေန႔တြင္ စစ္ေတြၿမိဳ႕၌ သံဃာေတာ္အပါး ၅၅၀ အား ဆြမ္းစိမ္းေလာင္းလႉသြားမည္ ျဖစ္ေၾကာင္း၊ယင္းေန႔တြင္ စိန္ေ႐ႊရတနာဇာတ္သဘင္က ကျပေဖ်ာ္ေျဖမည္ျဖစ္ေၾကာင္းလည္း သိရသည္။

ပုံစာ- ယခုႏွစ္ ျပန္လုပ္မည့္ တန္ေဆာင္တိုင္ပြဲေတာ္ဆြမ္းေတာ္ႀကီးေလာင္းလႉပြဲအတြက္ အလႉခံရန္ ထြက္လာေသာ ဇနီးေမာင္ႏွံအ႐ုပ္ႀကီးမ်ား


LEAVE A REPLY

Please enter your comment!
Please enter your name here