တာချီလိတ်မြို့ပေါ် ရပ်ကွက်များမှ အခြေခံပြည်သူများအား ဆန်နှင့်အခြေခံစားကုန်များလှူ

0
269

(Unicode)

တာချီလိတ်မြို့ပေါ် ရပ်ကွက်များမှ အခြေခံပြည်သူများအား ဆန်နှင့်အခြေခံစားကုန်များလှူ

တာချီလိတ်မြို့ပေါ်ရပ်ကွက်များမှအခြေခံပြည်သူ အိမ်ထောင်စုပေါင်း( ၆၀၀)အား ဦးအားတီ၊ဒေါ်ခင်ခင်ထွေး( စံလင်းဖြိုး)ကုမ္ပဏီမှ အခြေခံစားကုန်များအား ထောက်ပံ့ပေးခဲ့သည်။

ထောက်ပံ့သည့် ပစ္စည်းများမှာဆန်ရှစ်ပြည်ပါ တစ်အိတ် ၊ စားဆီတစ်လီတာဗူး တစ်ဗူး နှင့် ငါးသေတ္တာဗူးတစ်ကဒ်တို့ကို ထောက်ပံ့လှူဒါန်းခြင်းဖြစ်သည်။

ထိုသို့ထောက်ပံ့ပေးရာတွင် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှအခြေခံဝန်ထမ်း (၄၅)ဦးအားလည်းအခြေခံစားကုန်များထောက်ပံ့လှူဒါန်းပေးခဲ့ပြီး ဦးဆမ်သန်း (အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်)နှင့်ဦးကျော်လင်း( စံပါရမီ)ကုမ္ပဏီတို့မှတစ်ဦးလျင် ( ၁၀၀)ဘတ်စီ ထပ်မံထောက်ပံ့ပေးခဲ့သည်ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက ပြောသည်။

တာချီလိတ်မြို့ခံ ကုန်သည်တစ်ဦးက “ကျွန်တော်တို့ တာချီလိတ်မှာ အခြေခံပြည်သူတွေကို တတ်နိုင်တဲ့သူက တတ်နိုင်သလို စုပေါင်းပြီးဖြစ်စေ၊ တစ်ဦးတည်းကဖြစ်စေ ဒီလို ထောက်ပံ့ကြတဲ့ အစဉ်အလာရှိကြပါတယ်။အဲ့ဒီအစဉ်အလာအတိုင်းဆောင်ရွက်ကြတာပါ”ဟု ပြောပြသည်။

ဓါတ်ပုံ-တာချီလိတ်စည်ပင်သာယာရေးအဖွဲ့

(Zawgyi)

တာခ်ီလိတ္ၿမိဳ႕ေပၚ ရပ္ကြက္မ်ားမွ အေျခခံျပည္သူမ်ားအား ဆန္ႏွင့္အေျခခံစားကုန္မ်ားလႉ

တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္မ်ားမွအေျခခံျပည္သူ အိမ္ေထာင္စုေပါင္း( ၆၀၀)အား ဦးအားတီ၊ေဒၚခင္ခင္ေထြး( စံလင္းၿဖိဳး)ကုမၸဏီမွ အေျခခံစားကုန္မ်ားအား ေထာက္ပံ့ေပးခဲ့သည္။

ေထာက္ပံ့သည့္ ပစၥည္းမ်ားမွာဆန္ရွစ္ျပည္ပါ တစ္အိတ္ ၊ စားဆီတစ္လီတာဗူး တစ္ဗူး ႏွင့္ ငါးေသတၱာဗူးတစ္ကဒ္တို႔ကို ေထာက္ပံ့လႉဒါန္းျခင္းျဖစ္သည္။

ထိုသို႔ေထာက္ပံ့ေပးရာတြင္ တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွအေျခခံဝန္ထမ္း (၄၅)ဦးအားလည္းအေျခခံစားကုန္မ်ားေထာက္ပံ့လႉဒါန္းေပးခဲ့ၿပီး ဦးဆမ္သန္း (အိမ္ေဆာက္ပစၥည္းအေရာင္းဆိုင္)ႏွင့္ဦးေက်ာ္လင္း( စံပါရမီ)ကုမၸဏီတို႔မွတစ္ဦးလ်င္ ( ၁၀၀)ဘတ္စီ ထပ္မံေထာက္ပံ့ေပးခဲ့သည္ဟု တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ခံ ကုန္သည္တစ္ဦးက “ကြၽန္ေတာ္တို႔ တာခ်ီလိတ္မွာ အေျခခံျပည္သူေတြကို တတ္ႏိုင္တဲ့သူက တတ္ႏိုင္သလို စုေပါင္းၿပီးျဖစ္ေစ၊ တစ္ဦးတည္းကျဖစ္ေစ ဒီလို ေထာက္ပံ့ၾကတဲ့ အစဥ္အလာရွိၾကပါတယ္။အဲ့ဒီအစဥ္အလာအတိုင္းေဆာင္႐ြက္ၾကတာပါ”ဟု ေျပာျပသည္။

ဓါတ္ပုံ-တာခ်ီလိတ္စည္ပင္သာယာေရးအဖြဲ႕


LEAVE A REPLY

Please enter your comment!
Please enter your name here