ရခိုင်ပြည်နယ်တွင် ကျောင်းတက်ရာခိုင်နှုန်း ၈၅ဒသမ၁၁ရာခိုင်နှုန်းအထိရှိနေဟု ပြည်နယ်အစိုးရအဖွဲ့ပြော

0
449

(Unicode)

ရခိုင်ပြည်နယ်တွင် ကျောင်းတက်ရာခိုင်နှုန်း ၈၅ဒသမ၁၁ရာခိုင်နှုန်းအထိရှိနေဟု ပြည်နယ်အစိုးရအဖွဲ့ပြော

နိုဝင်ဘာလ ၁ရက်ကစပြီး ပြန်လည်ဖွင့်လှစ်လိုက်သည့် အခြေခံပညာကျောင်းများသို တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ကျောင်းသူအရေအတွက်မှာ လေးသိန်းကျော်ရှိသည်ဟု ပြည်နယ်အစိုးရအဖွဲက ပြောသည်။

အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်သည်မှာ (၁၀)ရက် ရှိသွားပြီဖြစ်ကာ စာရင်းအရ ကျောင်းတက်ရောက်ရမည့် ကျောင်းသားဦးရေမှာ (၅၀၇၉၈၈)အနက် နိုဝင်ဘာ ၁၀ရက်နေ့အထိ (၄၃၂၃၆၄)ဦး စာသင်ခန်းထဲရောက်ရှိနေပြီဖြစ်၍ ကျောင်းတက်ရာခိုင်နှုန်းအရ (၈၅.၁၁)ရှိနေပြီဟု တာဝန်ရှိသူများကပြောသည်။

“ရခိုင်ပြည်နယ်ပညာရေးကို မိဘ ဆရာတို ဝိုင်းဝန်းအားပေးကြပါတယ်”ဟု တာဝန်ရှိသူကပြောသည်။

ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြနချက်အရ ယခုလ ၈ ရက်နေ့အထိ ကျောင်းတက်နေသည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်းမှာ ၂ သန်း ၃ သိန်း ၅ ထောင်ကျော်ရှိနေသည်။

တိုင်းနှင့်ပြည်နယ်အသီးသီး အနက် ရခိုင်ပြည်နယ်၏ ကျောင်းတက်မှုနှုန်းမှာ အမြင့်ဆုံးဖြစ်နေသည်။

(Zawgyi)








LEAVE A REPLY

Please enter your comment!
Please enter your name here