မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စတုတ္ထအကြိမ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်မည့် စီမံကိန်းများစတင်

0
225

(Unicode)

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စတုတ္ထအကြိမ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်မည့် စီမံကိန်းများစတင်

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစတုတ္ထအကြိမ်အထူးရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်မယ့် စီမံကိန်းတွေ စတင်တော့မယ်လို့ သိရပါတယ်။

စုစုပေါင်းစီမံကိန်း ၂၄ခုဆောင်ရွက်လျက်ရှိပြီး ၄င်းတို့မှာ ၂၀၁၇ခုနှစ်မှာ ပထမအသုတ် စီမံကိန်း၅ခု၊ ၂၀၁၈ခုနှစ်မှာ ဒုတိယအသုတ် စီမံကိန်း ၉ခု၊ ၂၀၂၀ခုနှစ်မှာ တတိယအသုတ် စီမံကိန်း ၆ခုနှင့် ၂၀၂၁ခုနှစ်မှာ စီမံကိန်း ၄ခုတို့ဖြစ်ပါတယ်။

၂၀၂၁မှာ အကောင်အထည် ဖော် ဖို့ ခွင့်ပြုထားတဲ့ စီမံကိန်းလုပ်ငန်းတွေကတော့ ကျေးလက်နေအိမ် ထောင်စုတွေရဲ့လူမှုစီးပွါးဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝင်ငွေတိုးတက်စေရန်၊စိုက်ပျိုးရေးစျေးကွက် အလားအလာရှိတဲ့ မက္ကဒေးမီးယားစိုက်ပျိုးသည့် လုပ်ကွက်ငယ် တောင်သူများအားနည်းပညာပံ့ပိုးပေးခြင်း၊အဆင့်မြင့်ထုတ်လုပ်မှု၊ထုပ်ပိုးမှုနည်းပညာများဖြင့် အရည်အသွေးမြှင့်ကော်ဖီထုတ်လုပ်မှု ဝင်ငွေတိုးတက်စေရေး၊နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါများနှင့် လူနှင့်တိရစ္ဆာန်ကြား အပြန်အလှန်ကူးစက်တတ်သည့် ရောဂါကာကွယ်ခြင်းများထုတ်လုပ်ခြင်း ၊နည်းပညာပူးပေါင်းဆောင်ရွက်ခြင်းများဆိုင်ရာ စီမံကိန်းများစသည် တို့ဖြစ်ပါတယ်။

၂၀၂၁ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေနဲ့ ဆောင်ရွက်မယ့် မြန်မာကစီမံကိန်းတွေအတွက် ဩဂုတ်လ ၁၀ရက်နေ့က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

ဒါ့အပြင် မဲခေါင်-လန်ချန်းရုပ်သေးပွဲတော်ကို မန္တလေးအမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှာ ဒီဇင်ဘာလ ၂၅ရက်နေ့မှ ၃၁ရက် နေ့ထိ လက်ခံကျင်းပ သွားမှာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ မဲခေါင်နိုင်ငံတွေ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုမယ့် စီမံကိန်းတွေ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရန်အတွက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်အောက်ကနေ အထူးရန်ပုံငွေကို ၂၀၁၇ ခုနှစ်ကစပြီး ထူထောင်ပေးအပ်ခဲ့တာမှာ မြန်မာနိုင်ငံက ၂၀၁၇ နှစ်ကနေ ၂၀၂၀ ကာလအတွင်း စီမံကိန်း (၅၁) ခု၊ တန်ဖိုး အမေရိကန် ဒေါ်လာ( ၁၆.၃) သန်းကို လက်ခံရရှိခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

(Zawgyi)

မဲေခါင္-လန္ခ်န္းပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ စတုတၳအႀကိမ္ရန္ပုံေငြျဖင့္ အေကာင္အထည္ေဖာ္မည့္ စီမံကိန္းမ်ားစတင္

မဲေခါင္-လန္ခ်န္းပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာစတုတၳအႀကိမ္အထူးရန္ပုံေငြနဲ႔ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မယ့္ စီမံကိန္းေတြ စတင္
ေတာ့မယ္လို႔ သိရပါတယ္။

စုစုေပါင္းစီမံကိန္း ၂၄ခုေဆာင္႐ြက္လ်က္ရွိၿပီး ၄င္းတို႔မွာ ၂၀၁၇ခုႏွစ္မွာ ပထမအသုတ္ စီမံကိန္း၅ခု၊ ၂၀၁၈ခုႏွစ္မွာ ဒုတိယအသုတ္ စီမံကိန္း ၉ခု၊ ၂၀၂၀ခုႏွစ္မွာ တတိယအသုတ္ စီမံကိန္း ၆ခုႏွင့္ ၂၀၂၁ခုႏွစ္မွာ စီမံကိန္း ၄ခုတို႔ျဖစ္ပါတယ္။

၂၀၂၁မွာ အေကာင္အထည္ ေဖာ္ ဖို႔ ခြင့္ျပဳထားတဲ့ စီမံကိန္းလုပ္ငန္းေတြကေတာ့ ေက်းလက္ေနအိမ္ ေထာင္စုေတြရဲ႕လူမႈစီးပြါးဘဝဖြံ႕ၿဖိဳးတိုးတက္ေစေရးႏွင့္ ဝင္ေငြတိုးတက္ေစရန္၊စိုက္ပ်ိဳးေရးေစ်းကြက္ အလားအလာရွိတဲ့ မကၠေဒးမီးယားစိုက္ပ်ိဳးသည့္ လုပ္ကြက္ငယ္ ေတာင္သူမ်ားအားနည္းပညာပံ့ပိုးေပးျခင္း၊အဆင့္ျမင့္ထုတ္လုပ္မႈ၊ထုပ္ပိုးမႈနည္းပညာမ်ားျဖင့္ အရည္အေသြးျမႇင့္ေကာ္ဖီထုတ္လုပ္မႈ ဝင္ေငြတိုးတက္ေစေရး၊နယ္စပ္ျဖတ္ေက်ာ္ တိရစာၦန္ကူးစက္ေရာဂါမ်ားႏွင့္ လူႏွင့္တိရစာၦန္ၾကား အျပန္အလွန္ကူးစက္တတ္သည့္ ေရာဂါကာကြယ္ျခင္းမ်ားထုတ္လုပ္ျခင္း ၊နည္းပညာပူးေပါင္းေဆာင္႐ြက္ျခင္းမ်ားဆိုင္ရာ စီမံကိန္းမ်ားစသည္ တို႔ျဖစ္ပါတယ္။

၂၀၂၁ မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္႐ြက္မႈ အထူးရန္ပုံေငြနဲ႔ ေဆာင္႐ြက္မယ့္ ျမန္မာကစီမံကိန္းေတြအတြက္ ဩဂုတ္လ ၁၀ရက္ေန႔က တ႐ုတ္ႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံတို႔ လက္မွတ္ေရးထိုးခဲ့ၾကတာပါ။

ဒါ့အျပင္ မဲေခါင္-လန္ခ်န္း႐ုပ္ေသးပြဲေတာ္ကို မႏၲေလးအမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္မွာ ဒီဇင္ဘာလ ၂၅ရက္ေန႔မွ ၃၁ရက္ ေန႔ထိ လက္ခံက်င္းပ သြားမွာလည္းျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံဟာ မဲေခါင္ႏိုင္ငံေတြ လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္မႈ အေထာက္အကူျပဳမယ့္ စီမံကိန္းေတြ အေကာင္အထည္ေဖၚေဆာင္႐ြက္ႏိုင္ရန္အတြက္ မဲေခါင္-လန္ခ်န္းပူးေပါင္းေဆာင္႐ြက္မႈလုပ္ငန္းစဥ္ေအာက္ကေန အထူးရန္ပုံေငြကို ၂၀၁၇ ခုႏွစ္ကစၿပီး ထူေထာင္ေပးအပ္ခဲ့တာမွာ ျမန္မာႏိုင္ငံက ၂၀၁၇ ႏွစ္ကေန ၂၀၂၀ ကာလအတြင္း စီမံကိန္း (၅၁) ခု၊ တန္ဖိုး အေမရိကန္ ေဒၚလာ( ၁၆.၃) သန္းကို လက္ခံရရွိခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here