တစ်နိုင်ငံလုံးတွင် နည်းပြ၊သရုပ်ပြဆရာ၊ဆရာမ ၃ ထောင် ကျော်ခန့်အပ်ပြီးဖြစ်

0
100

(Unicode)

တစ်နိုင်ငံလုံးတွင် နည်းပြ၊သရုပ်ပြဆရာ၊ဆရာမ ၃ ထောင် ကျော်ခန့်အပ်ပြီးဖြစ်

အဆင့်မြင့်ပညာကဏ္ဍအတွက် မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် နည်းပြ၊ သရုပ်ပြ ဆရာ၊ဆရာမပေါင်း ၃ ထောင် ကျော်ခန့်အပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သိရသည်။

အဆိုပါ ၃ ထောင်အနက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များအတွက် ၅၈၅ ဦး ခန့်အပ်ခဲ့ကြောင်း၊တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေပြီ ဖြစ်သောကြောင့်အဆင့်မြင့်ပညာကဏ္ဍတွင်လိုအပ်နေသော ဆရာ၊ ဆရာမများအား ဖြည့်ဆည်းပေးနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အသစ်ခန့်အပ်ခံရသည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ဆရာမ များအနေဖြင့် နိုင်ငံ့ဝန်ထမ်း များဖြစ်သောကြောင့် ချမှတ်ထားသောမူဝါဒများကိုသိရှိလိုက်နာရန်နှင့် သင်ယူနည်းစနစ်များကို စဉ်ဆက်မပြတ်သင်ယူကြရန် လိုကြောင်းလည်း ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်များတွင် ဖော်ပြထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဖေဖော်ဝါရီလ တစ်ရက် နောက်ပိုင်းကစ၍ နေရာလစ်လပ်နေသော တက္ကသိုလ် ၊ ကောလိပ် ၊ ဒီဂရီကောလိပ် သီးသီး နှင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများ နေရာ ၇၀၀၀ ကျော်ခန့် ရှိနိုင်ကြောင်း ခန့်မှန်းထားသော်လည်း တိကျသော စာရင်းကို ပြုစုနေဆဲ ဖြစ်ကြောင်းလည်း သိရသည်။

photo-intriguingmyanmar

(Zawgyi)

တစ္ႏိုင္ငံလုံးတြင္ နည္းျပ၊သ႐ုပ္ျပဆရာ၊ဆရာမ ၃ ေထာင္ ေက်ာ္ခန႔္အပ္ၿပီးျဖစ္

အဆင့္ျမင့္ပညာက႑အတြက္ ျမန္မာတစ္ႏိုင္ငံလုံးရွိ တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ားတြင္ နည္းျပ၊ သ႐ုပ္ျပ ဆရာ၊ဆရာမေပါင္း ၃ ေထာင္ ေက်ာ္ခန႔္အပ္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနက သိရသည္။

အဆိုပါ ၃ ေထာင္အနက္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ တကၠသိုလ္မ်ားအတြက္ ၅၈၅ ဦး ခန႔္အပ္ခဲ့ေၾကာင္း၊တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ရန္ ျပင္ဆင္ေနၿပီ ျဖစ္ေသာေၾကာင့္အဆင့္ျမင့္ပညာက႑တြင္လိုအပ္ေနေသာ ဆရာ၊ ဆရာမမ်ားအား ျဖည့္ဆည္းေပးေနျခင္း ျဖစ္ေၾကာင္းလည္း သိရသည္။

အသစ္ခန႔္အပ္ခံရသည့္ နည္းျပ၊ သ႐ုပ္ျပ ဆရာ၊ဆရာမ မ်ားအေနျဖင့္ ႏိုင္ငံ့ဝန္ထမ္း မ်ားျဖစ္ေသာေၾကာင့္ ခ်မွတ္ထားေသာမူဝါဒမ်ားကိုသိရွိလိုက္နာရန္ႏွင့္ သင္ယူနည္းစနစ္မ်ားကို စဥ္ဆက္မျပတ္သင္ယူၾကရန္ လိုေၾကာင္းလည္း ပညာေရးဝန္ႀကီးဌာန၏ သတ္မွတ္ခ်က္မ်ားတြင္ ေဖာ္ျပထားသည္။

ျမန္မာတစ္ႏိုင္ငံလုံးတြင္ ေဖေဖာ္ဝါရီလ တစ္ရက္ ေနာက္ပိုင္းကစ၍ ေနရာလစ္လပ္ေနေသာ တကၠသိုလ္ ၊ ေကာလိပ္ ၊ ဒီဂရီေကာလိပ္ သီးသီး ႏွင့္ ပညာေရးဝန္ႀကီးဌာနေအာက္ရွိ ဝန္ထမ္းမ်ား ေနရာ ၇၀၀၀ ေက်ာ္ခန႔္ ရွိႏိုင္ေၾကာင္း ခန႔္မွန္းထားေသာ္လည္း တိက်ေသာ စာရင္းကို ျပဳစုေနဆဲ ျဖစ္ေၾကာင္းလည္း သိရသည္။

photo-intriguingmyanmar


LEAVE A REPLY

Please enter your comment!
Please enter your name here