ပြည်တွင်းလေယာဉ်စီးခရီးသည်တွေအတွက် ကိုဗစ်၁၉ အခမဲ့စစ်ဆေးပေးမည်

0
188

(Unicode)

ပြည်တွင်းလေယာဉ်စီးခရီးသည်တွေအတွက် ကိုဗစ်၁၉ အခမဲ့စစ်ဆေးပေးမည်

ပြည်တွင်းလေယာဉ်စီးခရီးသည်တွေ အဆင် ပြေချောမွေ့စေဖို့အတွက်ခရီးစဉ်မတိုင်မီ ၄၈နာရီအတွင်းRDT ဖြင့် ကိုဗစ်၁၉စစ်ဆေးမှုကို အခမဲ့ပြုလုပ်ပေးသွားမယ် လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

ခရီးစဉ်မတိုင်မီ ၄၈နာရီထက်နောက်မကျစေပဲ လေယာဉ်ကွင်းတည်ရှိရာ သက်ဆိုင်ရာ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးများတွင် ကိုဗစ်
၁၉ရောဂါကို နေ့စဉ်နံနက်၉ နာရီမှ ၁၁နာရီနှင့် နေ့လည် ၁နာရီမှ ၃နာရီအထိ ပိတ်ရက်မရှိ အခ မဲ့စစ်ဆေးပေးသွားမယ်လို့ ကြေညာချက်ထဲပါရှိပါတယ်။

ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနမှ လုပ်ထုံး လုပ်နည်းနှင့်အညီ စစ်ဆေး၍ ရောဂါရှာဖွေရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသော ပုဂ္ဂလိကဆေးရုံများ၊ဆေးခန်းများ၊ဓာတ်ခွဲခန်းများတွင် လည်း သတ်မှတ်နှုန်းထားနှင့် စစ်ဆေးဆောင်ရွက်နိုင်ကြောင်းလည်း ကြေညာထားပါတယ်။

ပြည်တွင်းလေယာဉ်စီးခရီးသည်တွေဟာ ခရီးမသွားခင် ၄၈နာရီအတွင်း ကိုဗစ်၁၉ရောဂါမရှိကြောင်း စစ်ဆေးချက်ကို သက်ဆိုင်ရာလေဆိပ် တွင် check in ဝင်တဲ့အခါမှာ ပြသနိုင်မှသာ ခရီးသွားခွင့် ရရှိမှာဖြစ်ပါတယ်။

(Zawgyi)

ျပည္တြင္းေလယာဥ္စီးခရီးသည္ေတြအတြက္ ကိုဗစ္၁၉ အခမဲ့စစ္ေဆးေပးမည္

 

ျပည္တြင္းေလယာဥ္စီးခရီးသည္ေတြ အဆင္ ေျပေခ်ာေမြ႕ေစဖို႔အတြက္ခရီးစဥ္မတိုင္မီ ၄၈နာရီအတြင္းRDT ျဖင့္ ကိုဗစ္၁၉စစ္ေဆးမႈကို အခမဲ့ျပဳလုပ္ေပးသြားမယ္ လို႔ က်န္းမာေရးဝန္ႀကီးဌာနက ေၾကညာထားပါတယ္။

ခရီးစဥ္မတိုင္မီ ၄၈နာရီထက္ေနာက္မက်ေစပဲ ေလယာဥ္ကြင္းတည္ရွိရာ သက္ဆိုင္ရာ ၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန႐ုံးမ်ားတြင္ ကိုဗစ္
၁၉ေရာဂါကို ေန႔စဥ္နံနက္၉ နာရီမွ ၁၁နာရီႏွင့္ ေန႔လည္ ၁နာရီမွ ၃နာရီအထိ ပိတ္ရက္မရွိ အခ မဲ့စစ္ေဆးေပးသြားမယ္လို႔ ေၾကညာခ်က္ထဲပါရွိပါတယ္။

ဒါ့အျပင္ က်န္းမာေရးဝန္ႀကီးဌာနမွ လုပ္ထုံး လုပ္နည္းႏွင့္အညီ စစ္ေဆး၍ ေရာဂါရွာေဖြေရးလုပ္ငန္း လုပ္ကိုင္ခြင့္ျပဳထားေသာ ပုဂၢလိကေဆး႐ုံမ်ား၊ေဆးခန္းမ်ား၊ဓာတ္ခြဲခန္းမ်ားတြင္ လည္း သတ္မွတ္ႏႈန္းထားႏွင့္ စစ္ေဆးေဆာင္႐ြက္ႏိုင္ေၾကာင္းလည္း ေၾကညာထားပါတယ္။

ျပည္တြင္းေလယာဥ္စီးခရီးသည္ေတြဟာ ခရီးမသြားခင္ ၄၈နာရီအတြင္း ကိုဗစ္၁၉ေရာဂါမရွိေၾကာင္း စစ္ေဆးခ်က္ကို သက္ဆိုင္ရာေလဆိပ္ တြင္ check in ဝင္တဲ့အခါမွာ ျပသႏိုင္မွသာ ခရီးသြားခြင့္ ရရွိမွာျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here