တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်ရမည့် ရက်ကို နစက ထုတ်ပြန်

0
300

(Unicode)

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်ရမည့် ရက်ကို နစက ထုတ်ပြန်

နေပြည်တော် နိုဝင်ဘာ ၁၁

(၂၀၂၂)ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများကို ယခုလ (၁၅)ရက်မှ (၃၀)ရက်နေ့အတွင်း လျှောက်ထားရမည်ဟု နစက ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာတင်သွင်းရာတွင် ဘာသာတွဲအမှတ်စဉ် (၁)(၅)(၆)(၇)(၈)များဖြင့်ဖြေဆိုမည့်သူများက အစိမ်းရောင်ကဒ်လျှောက်လွှာနှင့်၎င်းဘာသာတွဲအမှတ်စဉ် (၂)(၃)(၄)ဖြင့်ဖြေဆိုမည့်သူများက ပန်းရောင်ဖြေဆိုခွင့်ကဒ်ဖြင့်လျှောက်ထားရန် သတ်မှတ်ထားသည်။

အခြေခံပညာအထက်တန်းကျောင်းနှင့်ကျောင်းခွဲများတွဲဖက်ကျောင်းများအပါအဝင် ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများအတွက် ကျောင်းအုပ်ကြီးများက ဖြေဆိုခွင့်လျှောက်လွှာတစ်စောင်လျှင်(၂၀၀)ကျပ်နှင့် စာမေစပွဲဝင်ကြေး(၇၀၀)ကျပ်တန်ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး လျှောက်လွှာတစ်စောင်လျှင်တံဆိပ်ခေါင်းတစ်ခုကပ်ကာ သတ်မှတ်ရက်အတွင်း မြန်မာနိုင်ငံစာစစ်ဌာန သို့ ပေးပို့ရမည်ဖြစ်သည်။

ပြင်ပဖြေဆိုမည့်သူများအနေဖြင့်သက်ဆိုင်ရာနေထိုင်ကြောင်းထောက်ခံစာနှင့်အတူ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးသို့လျှောက်ထားရမည်ဟုသိရသည်။

သတ်မှတ်ရက်ထက်ကျော်လွန်ရောက်လာသော လျှောက်လွှာများနှင့် စာဖြေခွင့်တင်ထားသည့်ဘာသာတွဲများကို ပြောင်းလဲဖြေဆိုခွင့်ပြုမည်မဟုတ်ကြောင်း ကိုလည်း ထည့်သွင်းကြေညာထားသည်။

ကိုဗစ်(၁၉)အခြေအနေကြောင့် ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့် မြို့နယ်(၄၆)မြို့မှကျောင်းသားကျောင်းသူများအတွက်လျှောက်လွှာ တင်ရမည့်ရက် ကို တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

(Zawgyi)

တကၠသိုလ္ဝင္ခြင့္ စာေမးပြဲေျဖဆိုခြင့္ ေလွ်ာက္လႊာတင္ရမည့္ ရက္ကို နစက ထုတ္ျပန္

ေနျပည္ေတာ္ ႏိုဝင္ဘာ ၁၁

(၂၀၂၂)ခုႏွစ္ တကၠသိုလ္ဝင္ခြင့္ စာေမးပြဲေျဖဆိုခြင့္ ေလွ်ာက္လႊာမ်ားကို ယခုလ (၁၅)ရက္မွ (၃၀)ရက္ေန႔အတြင္း ေလွ်ာက္ထားရမည္ဟု နစက ပညာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ေၾကညာခဲ့သည္။

စာေမးပြဲ ေျဖဆိုခြင့္ေလွ်ာက္လႊာတင္သြင္းရာတြင္ ဘာသာတြဲအမွတ္စဥ္ (၁)(၅)(၆)(၇)(၈)မ်ားျဖင့္ေျဖဆိုမည့္သူမ်ားက အစိမ္းေရာင္ကဒ္ေလွ်ာက္လႊာႏွင့္၎ဘာသာတြဲအမွတ္စဥ္ (၂)(၃)(၄)ျဖင့္ေျဖဆိုမည့္သူမ်ားက ပန္းေရာင္ေျဖဆိုခြင့္ကဒ္ျဖင့္ေလွ်ာက္ထားရန္ သတ္မွတ္ထားသည္။

အေျခခံပညာအထက္တန္းေက်ာင္းႏွင့္ေက်ာင္းခြဲမ်ားတြဲဖက္ေက်ာင္းမ်ားအပါအဝင္ ကိုယ္ပိုင္ အထက္တန္းေက်ာင္းမွ ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ ေက်ာင္းအုပ္ႀကီးမ်ားက ေျဖဆိုခြင့္ေလွ်ာက္လႊာတစ္ေစာင္လွ်င္(၂၀၀)က်ပ္ႏွင့္ စာေမစပြဲဝင္ေၾကး(၇၀၀)က်ပ္တန္ေငြသြင္းတံဆိပ္ေခါင္းမ်ားဝယ္ယူၿပီး ေလွ်ာက္လႊာတစ္ေစာင္လွ်င္တံဆိပ္ေခါင္းတစ္ခုကပ္ကာ သတ္မွတ္ရက္အတြင္း ျမန္မာႏိုင္ငံစာစစ္ဌာန သို႔ ေပးပို႔ရမည္ျဖစ္သည္။

ျပင္ပေျဖဆိုမည့္သူမ်ားအေနျဖင့္သက္ဆိုင္ရာေနထိုင္ေၾကာင္းေထာက္ခံစာႏွင့္အတူ သက္ဆိုင္ရာ ၿမိဳ႕နယ္ပညာေရးမႉး႐ုံးသို႔ေလွ်ာက္ထားရမည္ဟုသိရသည္။

သတ္မွတ္ရက္ထက္ေက်ာ္လြန္ေရာက္လာေသာ ေလွ်ာက္လႊာမ်ားႏွင့္ စာေျဖခြင့္တင္ထားသည့္ဘာသာတြဲမ်ားကို ေျပာင္းလဲေျဖဆိုခြင့္ျပဳမည္မဟုတ္ေၾကာင္း ကိုလည္း ထည့္သြင္းေၾကညာထားသည္။

ကိုဗစ္(၁၉)အေျခအေနေၾကာင့္ ျပန္လည္ဖြင့္လွစ္ႏိုင္ျခင္းမရွိေသးသည့္ ၿမိဳ႕နယ္(၄၆)ၿမိဳ႕မွေက်ာင္းသားေက်ာင္းသူမ်ားအတြက္ေလွ်ာက္လႊာ တင္ရမည့္ရက္ ကို တိုးျမႇင့္ေဆာင္႐ြက္ေပးသြားမည္ျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here