လားရှိုးမြို့က လဝက ရုံးမှာဗုံးပေါက်

0
403

(Unicode)

လားရှိုးမြို့က လဝက ရုံးမှာဗုံးပေါက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့၊အမှတ်(၁)ရပ်ကွက်မှာရှိတဲ့ လဝက ရုံးမှာ နိုဝင်ဘာ ၁၀ ရက်နေ့လည် ၃ နာရီခွဲလောက်က ဗုံးတစ်လုံးပေါက်ကွဲခဲ့တာကြောင့် နှစ်ယောက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မှတ်ပုံတင်လာလုပ်တဲ့လူတွေ သန်းခေါင်စာရင်းလာလုပ်တဲ့လူတွေရှိနေတဲ့အချိန် ရုံးဆင်းခါနီးမှာပေါက်တာ ပေါက်ကွဲတဲ့အသံကတော့ကျယ်တယ် ဒဏ်ရာရတဲ့သူတွေလည်းရှိတယ် လူမှုကူညီရေးကားတွေလာပြီးတင်သွားကြတယ်”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

ဗုံးပေါက်ကွဲတာကြောင့် လဝက ဝန်ထမ်း အမျိုးသမီးတစ်ယောက်ရယ် မှတ်ပုံတင်လာလုပ်တဲ့အမျိုးသားတစ်ယောက်ရယ် ဒဏ်ရာရခဲ့ပြီး အခင်းဖြစ်နေရာနဲ့လမ်းမတွေပေါ်မှာသွားလာနေတဲ့ ကားတွေဆိုင်ကယ်တွေကို လုံခြုံရေးအဖွဲ့တွေက တားဆီးစစ်ဆေးခဲ့ကြပါတယ်။

(Zawgyi)

လားရႈိးၿမိဳ႕က လဝက ႐ုံးမွာဗုံးေပါက္

 

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊လားရႈိးၿမိဳ႕၊အမွတ္(၁)ရပ္ကြက္မွာရွိတဲ့ လဝက ႐ုံးမွာ ႏိုဝင္ဘာ ၁၀ ရက္ေန႔လည္ ၃ နာရီခြဲေလာက္က ဗုံးတစ္လုံးေပါက္ကြဲခဲ့တာေၾကာင့္ ႏွစ္ေယာက္ဒဏ္ရာရခဲ့တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

“မွတ္ပုံတင္လာလုပ္တဲ့လူေတြ သန္းေခါင္စာရင္းလာလုပ္တဲ့လူေတြရွိေနတဲ့အခ်ိန္ ႐ုံးဆင္းခါနီးမွာေပါက္တာ ေပါက္ကြဲတဲ့အသံကေတာ့က်ယ္တယ္ ဒဏ္ရာရတဲ့သူေတြလည္းရွိတယ္ လူမႈကူညီေရးကားေတြလာၿပီးတင္သြားၾကတယ္”လို႔ေဒသခံတစ္ေယာက္ကေျပာပါတယ္။

ဗုံးေပါက္ကြဲတာေၾကာင့္ လဝက ဝန္ထမ္း အမ်ိဳးသမီးတစ္ေယာက္ရယ္ မွတ္ပုံတင္လာလုပ္တဲ့အမ်ိဳးသားတစ္ေယာက္ရယ္ ဒဏ္ရာရခဲ့ၿပီး အခင္းျဖစ္ေနရာနဲ႔လမ္းမေတြေပၚမွာသြားလာေနတဲ့ ကားေတြဆိုင္ကယ္ေတြကို လုံၿခဳံေရးအဖြဲ႕ေတြက တားဆီးစစ္ေဆးခဲ့ၾကပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here