ကြို့ပင်ကောက်စစ်ဆေးရေးဂိတ်ပစ်ခတ်ခံရ

0
184

(Unicode)

ကြို့ပင်ကောက်စစ်ဆေးရေးဂိတ်ပစ်ခတ်ခံရ

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်က ရန်ကုန်- ပြည်ကားလမ်းပေါ်မှာရှိတဲ့ ကြို့ပင်ကောက်စစ် ဆေးရေးဂိတ်ကို ဒီနေ့မနက် ၅ နာရီခွဲလောက်မှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် တာဝန်ကျနေတဲ့ ဒုရဲအုပ်တစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“နှစ်ဖက်အပြန်အလှန်ပစ်နေတဲ့အသံတွေတော့ကြားရတယ် စစ်ဆေးရေးဂိတ်ကို ဆိုင်ကယ်နဲ့လာပစ်သွားကြတယ်လို့တော့သိထားတယ် ဒဏ်ရာရတဲ့ ဒုရဲအုပ်ကိုတော့ ပြည်ဆေးရုံကြီးကိုခေါ်သွားကြပြီ”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

အခင်းဖြစ်တဲ့အချိန်က စစ်ဆေးရေးဂိတ်မှာ ဒဏ် ရာရတဲ့ဒုရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင်သုံး‌ ယောက်ပဲရှိတယ်လို့ သိရပါတယ်။

အခုဖြစ်စဥ်ကို ကြို့ပင်ကောက်မြို့ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

(Zawgyi)

ႀကိဳ႕ပင္ေကာက္စစ္ေဆးေရးဂိတ္ပစ္ခတ္ခံရ

 

ပဲခူးတိုင္း၊ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္က ရန္ကုန္- ျပည္ကားလမ္းေပၚမွာရွိတဲ့ ႀကိဳ႕ပင္ေကာက္စစ္ ေဆးေရးဂိတ္ကို ဒီေန႔မနက္ ၅ နာရီခြဲေလာက္မွာ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕က ဝင္ေရာက္ပစ္ခတ္ခဲ့တာေၾကာင့္ တာဝန္က်ေနတဲ့ ဒုရဲအုပ္တစ္ေယာက္ ဒဏ္ရာရခဲ့တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

“ႏွစ္ဖက္အျပန္အလွန္ပစ္ေနတဲ့အသံေတြေတာ့ၾကားရတယ္ စစ္ေဆးေရးဂိတ္ကို ဆိုင္ကယ္နဲ႔လာပစ္သြားၾကတယ္လို႔ေတာ့သိထားတယ္ ဒဏ္ရာရတဲ့ ဒုရဲအုပ္ကိုေတာ့ ျပည္ေဆး႐ုံႀကီးကိုေခၚသြားၾကၿပီ”လို႔ ေဒသခံတစ္ေယာက္ကေျပာပါတယ္။

အခင္းျဖစ္တဲ့အခ်ိန္က စစ္ေဆးေရးဂိတ္မွာ ဒဏ္ ရာရတဲ့ဒုရဲအုပ္အပါအဝင္ ရဲတပ္ဖြဲ႕ဝင္သုံး‌ ေယာက္ပဲရွိတယ္လို႔ သိရပါတယ္။

အခုျဖစ္စဥ္ကို ႀကိဳ႕ပင္ေကာက္ၿမိဳ႕ျပည္သူ႔ကာ ကြယ္ေရးတပ္ဖြဲ႕က လုပ္ေဆာင္ခဲ့ျခင္းျဖစ္တယ္လို႔ ထုတ္ျပန္ထားပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here