ထိုင်းရောက်မြန်မာ ၅၀၀နီးပါး မြဝတီနယ်စပ်မှတဆင့် ယနေ့ ပြန်ဝင်လာ

0
103

(Unicode)

ထိုင်းရောက်မြန်မာ ၅၀၀နီးပါး မြဝတီနယ်စပ်မှတဆင့် ယနေ့ ပြန်ဝင်လာ

ထိုင်းရောက်မြန်မာများအား တစ်ရက်ခြား (၅၀၀) ဦးနှုန်းဖြင့် နေရပ်ပြန်နိုင်ရေး ထိုင်း-မြန်မာနှစ်နိုင်ငံသဘောတူညီချက်ဖြင့် ခွင့်ပြုပေးလျှက်ရှိနေရာ ယနေ့ နိုဝင်ဘာ ၁၁ရက်တွင် ကျား (၃၀၁)ဦး၊ မ(၁၉၆)ဦး၊ စုစုပေါင်း(၄၉၇)ဦးတို့ နေရပ်ပြန်လာခဲ့ကြသည်ဟု အလုပ်သမားသံအရာရှိရုံး(မြန်မာ)က ပြောသည်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း ထိုင်းနိုင်ငံအတွင်းနေထိုင်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနက် ဆေးရုံတက်ရောက်ကုသနေရသည့်လူနာများ၊ အကြောင်းအမျိုးမျိုးကြောင့်ဖမ်းဆီးထိန်းသိမ်းခံရသူများနှင့် ပြစ်ဒဏ်ကျခံပြီးဖြစ်၍ ပြန်လည်လွတ်မြောက်လာသူများ၊ တာ့ခ်ပြည်နယ်အတွင်း နေထိုင်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများ နေရပ်ပြန်နိုင်ရေးအတွက် မဲဆောက်မြို့အလုပ်သမားသံအရာရှိရုံးအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မဲဆောက်မြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၂)မှတဆင့် တစ်ရက်ခြား (၅၀၀) ဦးနှုန်းဖြင့် နေရပ်ပြန်နိုင်ရေးခွင့်ပြုပေးလျက်ရှိသည်ဟုလည်းပြောသည်။

ယနေ့တွင် ပြည်တော်ပြန်မြန်မာများအား ထိုင်းဘုရင့်တပ်မတော်၊ နယ်စပ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Lieutenant General Pongtep Gaewchaiyo နှင့်အဖွဲ့မှ ချစ်ကြည်ရေးတံတားအမှတ် (၂) သို့ လာရောက်၍ အလုပ်သမားသံအရာရှိနှင့်အတူ နေရပ်ပြန်မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သေးကြောင်းလည်းသိရသည်။

(Zawgyi)

ထိုင္းေရာက္ျမန္မာ ၅၀၀နီးပါး ျမဝတီနယ္စပ္မွတဆင့္ ယေန႔ ျပန္ဝင္လာ

ထိုင္းေရာက္ျမန္မာမ်ားအား တစ္ရက္ျခား (၅၀၀) ဦးႏႈန္းျဖင့္ ေနရပ္ျပန္ႏိုင္ေရး ထိုင္း-ျမန္မာႏွစ္ႏိုင္ငံသေဘာတူညီခ်က္ျဖင့္ ခြင့္ျပဳေပးလွ်က္ရွိေနရာ ယေန႔ ႏိုဝင္ဘာ ၁၁ရက္တြင္ က်ား (၃၀၁)ဦး၊ မ(၁၉၆)ဦး၊ စုစုေပါင္း(၄၉၇)ဦးတို႔ ေနရပ္ျပန္လာခဲ့ၾကသည္ဟု အလုပ္သမားသံအရာရွိ႐ုံး(ျမန္မာ)က ေျပာသည္။

ကိုဗစ္ကပ္ေရာဂါကာလအတြင္း ထိုင္းႏိုင္ငံအတြင္းေနထိုင္လုပ္ကိုင္လ်က္ရွိသည့္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအနက္ ေဆး႐ုံတက္ေရာက္ကုသေနရသည့္လူနာမ်ား၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ဖမ္းဆီးထိန္းသိမ္းခံရသူမ်ားႏွင့္ ျပစ္ဒဏ္က်ခံၿပီးျဖစ္၍ ျပန္လည္လြတ္ေျမာက္လာသူမ်ား၊ တာ့ခ္ျပည္နယ္အတြင္း ေနထိုင္လုပ္ကိုင္လ်က္ရွိေသာ အလုပ္သမားမ်ား ေနရပ္ျပန္ႏိုင္ေရးအတြက္ မဲေဆာက္ၿမိဳ႕အလုပ္သမားသံအရာရွိ႐ုံးအေနျဖင့္ ကူညီေဆာင္႐ြက္ေပးလ်က္ရွိၿပီး မဲေဆာက္ၿမိဳ႕ ထိုင္း-ျမန္မာ ခ်စ္ၾကည္ေရးတံတားအမွတ္(၂)မွတဆင့္ တစ္ရက္ျခား (၅၀၀) ဦးႏႈန္းျဖင့္ ေနရပ္ျပန္ႏိုင္ေရးခြင့္ျပဳေပးလ်က္ရွိသည္ဟုလည္းေျပာသည္။

ယေန႔တြင္ ျပည္ေတာ္ျပန္ျမန္မာမ်ားအား ထိုင္းဘုရင့္တပ္မေတာ္၊ နယ္စပ္ေရးရာဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ Lieutenant General Pongtep Gaewchaiyo ႏွင့္အဖြဲ႕မွ ခ်စ္ၾကည္ေရးတံတားအမွတ္ (၂) သို႔ လာေရာက္၍ အလုပ္သမားသံအရာရွိႏွင့္အတူ ေနရပ္ျပန္ျမန္မာႏိုင္ငံသားမ်ားႏွင့္ ေတြ႕ဆုံႏႈတ္ဆက္ခဲ့ေသးေၾကာင္းလည္းသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here