မန္တလေးမြို့က ကညနရုံးကို ဆိုင်ကယ်စီးလာသူတွေက လက်လုပ်ဗုံးနဲ့ပစ်ပေါက်

0
256

မန္တလေးမြို့က ကညနရုံးကို ဆိုင်ကယ်စီးလာသူတွေက လက်လုပ်ဗုံးနဲ့ပစ်ပေါက်

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်က ကညနရုံး(ဒေသအခေါ် စွယ်တော် ကညနရုံး)ကို ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာ ဆိုင်ကယ်စီးလာသူတွေက လက်လုပ်ဗုံးနဲ့ပစ်ပေါက်ခဲ့လို့ ဗုံးပေါက်ကွဲခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

“ကျွန်တော့မျက်စိရှေ့တင်ပဲ ဆိုင်ကယ်တွေနဲ့မောင်းလာပြီး အဲဒီထဲကတစ်စီးရဲ့နောက်ကထိုင်နေတဲ့လူက လှမ်းပစ်လိုက်တာ ကျတာနဲ့ချက်ခြင်းပေါက်ကွဲသွားတယ် နောက်တော့စစ်သားတွေပြေးထွက်လာပြီး နှစ်ဖက်အပြန်အလှန်ပစ်တယ် ဆိုင်ကယ်ကမောင်းပြေးသွားတယ် ပစ်တော့ထိမှာစိုးလို့ပုန်းနေရတယ်”လို့မျက်မြင်တွေ့ရှိခဲ့သူတစ်ယောက်ကပြောပါတယ်။

လက်လုပ်ဗုံးဟာ ကညနရုံးဝင်ပေါက်နားမှာကျပြီးပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိပေမဲ့ ဘယ်နှစ်ယောက်လောက်ထိသွားတယ်ဆိုတာတော့ မသိရသေးဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။

အခင်းဖြစ်ပြီးချိန်မှာ လုံခြုံရေးအဖွဲ့တွေထပ်ရောက်လာပြီး စွယ်တော်ကားကြီးကွင်းအတွင်းမှာစစ်ဆေးတာတွေ ရပ်ကွက်တွေအတွင်းလိုက်စစ်တာတွေ ၆၈ လမ်းပိတ်ပြီးစစ်ဆေးတာတွေအပြင် ဆိုင်ကယ်တွေကို အဓိကထားပြီး စစ်ဆေးတာတွေလုပ်ဆောင်ခဲ့ကြပါတယ်။

Mandalay ကညန ရုံးပုံ
Photo _ CJ

မႏၲေလးၿမိဳ႕က ကညန႐ုံးကို ဆိုင္ကယ္စီးလာသူေတြက လက္လုပ္ဗုံးနဲ႔ပစ္ေပါက္

မႏၲေလးၿမိဳ႕၊ျပည္ႀကီးတံခြန္ၿမိဳ႕နယ္က ကညန႐ုံး(ေဒသအေခၚ စြယ္ေတာ္ ကညန႐ုံး)ကို ဒီေန႔မနက္ ၁၀ နာရီခြဲေလာက္မွာ ဆိုင္ကယ္စီးလာသူေတြက လက္လုပ္ဗုံးနဲ႔ပစ္ေပါက္ခဲ့လို႔ ဗုံးေပါက္ကြဲခဲ့ၿပီး အျပန္အလွန္ပစ္ခတ္မႈေတြလည္းရွိခဲ့တယ္လို႔ ၿမိဳ႕ခံေတြဆီကသိရပါတယ္။

“ကြၽန္ေတာ့မ်က္စိေရွ႕တင္ပဲ ဆိုင္ကယ္ေတြနဲ႔ေမာင္းလာၿပီး အဲဒီထဲကတစ္စီးရဲ႕ေနာက္ကထိုင္ေနတဲ့လူက လွမ္းပစ္လိုက္တာ က်တာနဲ႔ခ်က္ျခင္းေပါက္ကြဲသြားတယ္ ေနာက္ေတာ့စစ္သားေတြေျပးထြက္လာၿပီး ႏွစ္ဖက္အျပန္အလွန္ပစ္တယ္ ဆိုင္ကယ္ကေမာင္းေျပးသြားတယ္ ပစ္ေတာ့ထိမွာစိုးလို႔ပုန္းေနရတယ္”လို႔မ်က္ျမင္ေတြ႕ရွိခဲ့သူတစ္ေယာက္ကေျပာပါတယ္။

လက္လုပ္ဗုံးဟာ ကညန႐ုံးဝင္ေပါက္နားမွာက်ၿပီးေပါက္ကြဲခဲ့တာျဖစ္ၿပီး ထိခိုက္ဒဏ္ရာရတဲ့သူေတြရွိေပမဲ့ ဘယ္ႏွစ္ေယာက္ေလာက္ထိသြားတယ္ဆိုတာေတာ့ မသိရေသးဘူးလို႔ ၿမိဳ႕ခံေတြဆီက သိရပါတယ္။

အခင္းျဖစ္ၿပီးခ်ိန္မွာ လုံၿခဳံေရးအဖြဲ႕ေတြထပ္ေရာက္လာၿပီး စြယ္ေတာ္ကားႀကီးကြင္းအတြင္းမွာစစ္ေဆးတာေတြ ရပ္ကြက္ေတြအတြင္းလိုက္စစ္တာေတြ ၆၈ လမ္းပိတ္ၿပီးစစ္ေဆးတာေတြအျပင္ ဆိုင္ကယ္ေတြကို အဓိကထားၿပီး စစ္ေဆးတာေတြလုပ္ေဆာင္ခဲ့ၾကပါတယ္။

Mandalay ကညန ႐ုံးပုံ
Photo _ CJ


LEAVE A REPLY

Please enter your comment!
Please enter your name here