ပြည်တွင်းလေယာဉ်စီးခရီးသည်များ ကိုဗစ်၁၉ရောဂါရှိ၊မရှိ အခမဲ့စစ်ဆေးနိုင်မည့်နေရာများ

0
289

(Unicode)

ပြည်တွင်းလေယာဉ်စီးခရီးသည်များ ကိုဗစ်၁၉ရောဂါရှိ၊မရှိ အခမဲ့စစ်ဆေးနိုင်မည့်နေရာများ

ပြည်တွင်းလေယာဉ်စီးခရီးသည်တွေအနေနဲ့ check in မဝင်ခင်၄၈နာရီအတွင်း ကိုဗစ်၁၉ ရောဂါပိုးရှိ/မရှိကို ကျန်းမာရေးဝန်ကြီးဌာနမှ RDT ဖြင့် အခမဲ့စစ်ဆေးပေးမည်ဟု နိုဝင်ဘာ ၁၁နေ့က ကြေညာချက်ထုတ်ခဲ့ပါတယ်။

စစ်ဆေးနိုင်မည့်နေရာစာရင်းတွေကို ကျန်းမာ ရေးဝန်ကြီးဌာနက ထပ်မံထုတ်ပြန်ပေးခဲ့ပြီး နေပြည်တော်၊ရန်ကုန်၊မန္တလေး၊ရခိုင်၊တနင်္သာရီစတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးက သတ်မှတ်နေရာတွေမှာ အခမဲ့စစ်ဆေးနိုင်ကြောင်း ထုတ်ပြန် ထားပါတယ်။

နေပြည်တော်မှာဆိုရင်
-ကုတင်(၁၀၀)ပြည်သူ့ဆေးရုံကြီး၊လယ်ဝေးမြို့မှာ စစ်ဆေးနိုင်ပြီး

ရန်ကုန်မှာဆိုရင်တော့
-သူနာပြုတက္ကသိုလ်ဝင်းအတွင်းမှာရှိတဲ့ သူနာပြုတက္ကသိုလ် ၊Test Center
-ကျိုက္ကလော့ဘုရားရှေ့က မင်္ဂလာဒုံသာသနာ့ဗိမာန်မှာရှိတဲ့ မင်္ဂလာဒုံ Test Center
-ကျိုက်ခေါက်ဘုရားလမ်းမကြီး၊သန်လျင်သာ့သနာ့ဗိမာန်မှာရှိတဲ့ သန်လျင် Test Center နှင့်
-မြောက်ဒဂုံ၊မြို့နယ်ပြည်သူ့ဆေးရုံက ဒဂုံမြို့သစ်(မြောက်ပိုင်း) Test Center တို့မှာစစ်ဆေးနိုင်ကြောင်းသိရပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှာဆိုရင်
မန္တလေးတိုင်းဒေသကြီးအတွင်းက မြို့နယ် (၂၈) မြို့နယ်ရဲ့ သက်ဆိုင်ရာ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့်
-၆၂လမ်း၊၃၆လမ်းx၃၇လမ်းကြား၊မဟာအောင် မြေမြို့နယ်မှာရှိတဲ့ နဒီမြန်မာဟိုတယ်စင်တာမှာစစ်ဆေးနိုင်ပါတယ်။

ရခိုင်ပြည်နယ်မှာဆိုရင်
-စစ်တွေမြို့နယ်၊အမ်းမြို့နယ်၊ကျောက်ဖြူမြို့နယ်၊သံတွဲမြို့နယ်၊မာန်အောင်မြို့နယ်တို့ရဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာ စစ်ဆေးနိုင် ပြီး

တနင်္သာရီတိုင်းဒေသကြီးမှာတော့
-ကော့သောင်းမြို့နယ်၊ဆေးရုံကြီးဟောင်းဝင်းအတွင်းက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာ စစ်ဆေးနိုင်ကြောင်း သိရပါတယ်။

(Zawgyi)

ပြည်တွင်းလေယာဉ်စီးခရီးသညျ  များ ကိုဗစ်၁၉ရောဂါရှိ၊မရှိ အခမဲ့စစ်ဆေးနိုင်မည့်နေရာများ



နေပြည်တော်မှာဆိုရင်






LEAVE A REPLY

Please enter your comment!
Please enter your name here