ဝမ်းတွင်းမြို့နယ်၊ မူလတန်းကျောင်းအုပ်ဆရာမကြီး သေနတ်ပစ်ခံရ၍ သေဆုံး

0
243

(Unicode)

ဝမ်းတွင်းမြို့နယ်၊ မူလတန်းကျောင်းအုပ်ဆရာမကြီး သေနတ်ပစ်ခံရ၍ သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ကျင်းရွာနေ မူလတန်းကျောင်းအုပ်ဆရာမဒေါ်စိန်ကြည်နိုဝင်ဘာလ ၁၁ရက်နေ့ နေ့လည်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားသည်။

ဆရာမကြီးသည် ခင်ပွန်းဖြစ်သူနှင့် နေအိမ်အတွင်း ထိုင်နေစဉ် သေနတ်သမား ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုသေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခဲ့၍ ဆရာမကြီး ဒေါ် စိန်ကြည်တွင် ရင်ဘက် ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်ရရှိခဲ့ပြီး သေဆုံးခဲ့သလို ခင်ပွန်းဖြစ်သူသည်လည်း ဝဲဘက်ရင်အုံ သေနတ်ထိမှန် ၁ ချက် ရရှိခဲ့သည်ဟု နစကက ပြောသည်။

ဆရာမကြီး ဒေါ်စိန်ကြည်သည် Non CDM တစ်ဦးဖြစ်သည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ပြောသည်။

ဝမ်းတွင်းမြို့နယ်၊ ကျင်းရွာနေ မူလတန်းကျောင်းအုပ်ဆရာမဒေါ်စိန်ကြည် အသတ်ခံရမှုနှင့် ပတ်သတ်ပြီး မည်သည့်အဖွဲ့က ဆောင်ရွက်သည် ကိုသတင်းမထုတ်ပြန်ကြသေးပေ။

(Zawgyi)

ဝမ္းတြင္းၿမိဳ႕နယ္၊ မူလတန္းေက်ာင္းအုပ္ဆရာမႀကီး ေသနတ္ပစ္ခံရ၍ ေသဆုံး

 

မႏၲေလးတိုင္းေဒသႀကီး၊ ဝမ္းတြင္းၿမိဳ႕နယ္၊ က်င္း႐ြာေန မူလတန္းေက်ာင္းအုပ္ဆရာမေဒၚစိန္ၾကည္ႏိုဝင္ဘာလ ၁၁ရက္ေန႔ ေန႔လည္ပိုင္းက ေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ ေသဆုံးသြားသည္။

ဆရာမႀကီးသည္ ခင္ပြန္းျဖစ္သူႏွင့္ ေနအိမ္အတြင္း ထိုင္ေနစဥ္ ေသနတ္သမား ၂ ဦးက ဆိုင္ကယ္ ၁ စီးျဖင့္ ေရာက္ရွိလာၿပီး ပစၥတိုေသနတ္ျဖင့္ ၆ ခ်က္ ပစ္ခတ္ခဲ့၍ ဆရာမႀကီး ေဒၚ စိန္ၾကည္တြင္ ရင္ဘက္ က်ည္ေဖာက္ဝင္ဒဏ္ရာ ၃ ခ်က္ရရွိခဲ့ၿပီး ေသဆုံးခဲ့သလို ခင္ပြန္းျဖစ္သူသည္လည္း ဝဲဘက္ရင္အုံ ေသနတ္ထိမွန္ ၁ ခ်က္ ရရွိခဲ့သည္ဟု နစကက ေျပာသည္။

ဆရာမႀကီး ေဒၚစိန္ၾကည္သည္ Non CDM တစ္ဦးျဖစ္သည္ဟု နစကသတင္းထုတ္ျပန္ေရးအဖြဲ႕က ေျပာသည္။

ဝမ္းတြင္းၿမိဳ႕နယ္၊ က်င္း႐ြာေန မူလတန္းေက်ာင္းအုပ္ဆရာမေဒၚစိန္ၾကည္ အသတ္ခံရမႈႏွင့္ ပတ္သတ္ၿပီး မည္သည့္အဖြဲ႕က ေဆာင္႐ြက္သည္ ကိုသတင္းမထုတ္ျပန္ၾကေသးေပ။


LEAVE A REPLY

Please enter your comment!
Please enter your name here