နီပွန်ဖောင်ဒေးရှင်းက မြန်မာနိုင်ငံသို့ ကိုဗစ် ကပ်ရောဂါနှင့်ပတ်သက်၍ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်မည်

0
118

(Unicode)

နီပွန်ဖောင်ဒေးရှင်းက မြန်မာနိုင်ငံသို့ ကိုဗစ် ကပ်ရောဂါနှင့်ပတ်သက်၍ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်မည်

ဂျပန်နိုင်ငံ၊ The Nippon Foundation အဖွဲ့ဥက္ကဋ္ဌ Mr. Yohei Sasakawa ဦးဆောင်သည့် အဖွဲ့နှင့် နစကကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းတို့ နိုဝင်ဘာ ၁၄ရက်ညနေပိုင်းက တွေ့ဆုံစဉ်ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်နေသည့် ဆေးရုံဆောက်လုပ်ရေးနှင့် အဆင့်မြှင့်တင်ရေး လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ပေးနိုင်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။

The Nippon Foundation မှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်သွားရန်လည်းရှိနေသည်ဟု ဆိုသည်။

ယင်းအပြင် ကိုဗစ်-၁၉ ရောဂါကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနမှ လိုအပ်မည့် ဆေးနှင့်ဆေး ပစ္စည်း များ၊ ဆေးရုံ၊ ဆေးခန်းများ ဆောက်လုပ်လှူဒါန်းနိုင်မည့်ကိစ္စ၊ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လှူဒါန်းပေးအပ်နိုင်မည့်အခြေ အနေများ၊ ဂျပန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်ရန် ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

(Zawgyi)

နီပြန္ေဖာင္ေဒးရွင္းက ျမန္မာႏိုင္ငံသို႔ ကိုဗစ္ ကပ္ေရာဂါႏွင့္ပတ္သက္၍ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီမ်ား ေပးအပ္မည္

ဂ်ပန္ႏိုင္ငံ၊ The Nippon Foundation အဖြဲ႕ဥကၠ႒ Mr. Yohei Sasakawa ဦးေဆာင္သည့္ အဖြဲ႕ႏွင့္ နစကက်န္းမာေရးဝန္ႀကီးေဒါက္တာသက္ခိုင္ဝင္းတို႔ ႏိုဝင္ဘာ ၁၄ရက္ညေနပိုင္းက ေတြ႕ဆုံစဥ္ဂ်ပန္ႏိုင္ငံ၏ အကူအညီျဖင့္ ေဆာင္႐ြက္ေနသည့္ ေဆး႐ုံေဆာက္လုပ္ေရးႏွင့္ အဆင့္ျမႇင့္တင္ေရး လုပ္ငန္းမ်ား ျပန္လည္ေဆာင္႐ြက္ေပးႏိုင္ေရးကိစၥမ်ား ေဆြးေႏြးခဲ့ၾကသည္။

The Nippon Foundation မွ ျမန္မာႏိုင္ငံသို႔ ကိုဗစ္-၁၉ ေရာဂါႏွင့္ပတ္သက္၍ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီမ်ား ေပးအပ္သြားရန္လည္းရွိေနသည္ဟု ဆိုသည္။

ယင္းအျပင္ ကိုဗစ္-၁၉ ေရာဂါကာ ကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားတြင္ ဝန္ႀကီးဌာနမွ လိုအပ္မည့္ ေဆးႏွင့္ေဆး ပစၥည္း မ်ား၊ ေဆး႐ုံ၊ ေဆးခန္းမ်ား ေဆာက္လုပ္လႉဒါန္းႏိုင္မည့္ကိစၥ၊ ဂ်ပန္ႏိုင္ငံမွ ျမန္မာႏိုင္ငံအတြက္ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးမ်ား လႉဒါန္းေပးအပ္ႏိုင္မည့္အေျခ အေနမ်ား၊ ဂ်ပန္-ျမန္မာ ႏွစ္ႏိုင္ငံဆက္ဆံေရး ပိုမိုတိုးတက္ေကာင္းမြန္ရန္ ေဆာင္႐ြက္ႏိုင္မည့္ ကိစၥရပ္မ်ား စသည္တို႔ကိုလည္း ေဆြးေႏြးခဲ့ၾကေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here