ရွှေတိဂုံစေတီတော်တွင် မသိုးသင်္ကန်းမရက်ဖြစ်၊တန်ဆောင်း၄ခုမှ ရုပ်ပွါးတော်များနှင့် ပတ္တမြားမျက်ရှင်ဘုရားအား ရွှေကြာသင်္ကန်းပူဇော်မည်

0
214

(Unicode)

ရွှေတိဂုံစေတီတော်တွင် မသိုးသင်္ကန်းမရက်ဖြစ်၊တန်ဆောင်း၄ခုမှ ရုပ်ပွါးတော်များနှင့် ပတ္တမြားမျက်ရှင်ဘုရားအား ရွှေကြာသင်္ကန်းပူဇော်မည်

တန်ဆောင်းမုန့်လပြည့်နေ့တွင် ရွှေတိဂုံစေတီတော်ရှိ တန်ဆောင်း၄ခုမှ ရုပ်ပွါးတော်များနှင့် အထက်ပစ္စယံမှ ပတ္တမြားမျက်ရှင်ဘုရားကို ရွှေကြာသင်္ကန်းကပ်လှူမည်ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ထံမှ သိရပါသည်။

ယခုနှစ်တွင်မသိုးသင်္ကန်းမရက်ဖြစ်ပဲ ရွှေကြာ သင်္ကန်းသာ ကပ်လှူသွားဖြစ်တယ်လို့ ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောပါသည်။

ဒါ့အပြင် ရွှေတိဂုံစေတီတော်ဖူးမြော်ခွင့်ကို အဖိတ်နေ့နှင့် လပြည့်နေ့တွေမှာ နံနက် ၅နာရီမှ ည ၇ နာရီထိ အချိန်တိုးမြှင့်ဖူးမြော်ခွင့်ပြုထားပါသည်ဟု ၄င်းက ပြောပါသည်။

ရွှေတိဂုံစေတီတော်ကို ပုံမှန် နံနက် ၅နာရီမှ ည နေ ၆နာရီထိ ဖူးမြော်ခွင့်ပြုထားပြီး နေ့စဉ်ဘုရားဖူးလာသူဦးရေ ၁၀၀၀၀ ဝန်းကျင်ရှိကာ ပိတ်ရက်တွေမှာတော့ ၂၀၀၀၀ ကျော်လောက်ရှိသည်ဟု သိရပါသည်။

ရွှေတိဂုံစေတီတော်တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲကို ကိုဗစ်၁၉ အခြေအနေကြောင့် ယခုနှစ်တွင်မလုပ်ဖြစ်တာဟု သိရပါသည်။

(Zawgyi)

ေ႐ႊတိဂုံေစတီေတာ္တြင္ မသိုးသကၤန္းမရက္ျဖစ္၊တန္ေဆာင္း၄ခုမွ ႐ုပ္ပြါးေတာ္မ်ားႏွင့္ ပတၱျမားမ်က္ရွင္ဘုရားအား ေ႐ႊၾကာသကၤန္းပူေဇာ္မည္

တန္ေဆာင္းမုန္႔လျပည့္ေန႔တြင္ ေ႐ႊတိဂုံေစတီေတာ္ရွိ တန္ေဆာင္း၄ခုမွ ႐ုပ္ပြါးေတာ္မ်ားႏွင့္ အထက္ပစၥယံမွ ပတၱျမားမ်က္ရွင္ဘုရားကို ေ႐ႊၾကာသကၤန္းကပ္လႉမည္ဟု ေ႐ႊတိဂုံေစတီေတာ္ ေဂါပကအဖြဲ႕ထံမွ သိရပါသည္။

ယခုႏွစ္တြင္မသိုးသကၤန္းမရက္ျဖစ္ပဲ ေ႐ႊၾကာ သကၤန္းသာ ကပ္လႉသြားျဖစ္တယ္လို႔ ေဂါပကအဖြဲ႕ဝင္တစ္ဦးက ေျပာပါသည္။

ဒါ့အျပင္ ေ႐ႊတိဂုံေစတီေတာ္ဖူးေျမာ္ခြင့္ကို အဖိတ္ေန႔ႏွင့္ လျပည့္ေန႔ေတြမွာ နံနက္ ၅နာရီမွ ည ၇ နာရီထိ အခ်ိန္တိုးျမႇင့္ဖူးေျမာ္ခြင့္ျပဳထားပါသည္ဟု ၄င္းက ေျပာပါသည္။

ေ႐ႊတိဂုံေစတီေတာ္ကို ပုံမွန္ နံနက္ ၅နာရီမွ ည ေန ၆နာရီထိ ဖူးေျမာ္ခြင့္ျပဳထားၿပီး ေန႔စဥ္ဘုရားဖူးလာသူဦးေရ ၁၀၀၀၀ ဝန္းက်င္ရွိကာ ပိတ္ရက္ေတြမွာေတာ့ ၂၀၀၀၀ ေက်ာ္ေလာက္ရွိသည္ဟု သိရပါသည္။

ေ႐ႊတိဂုံေစတီေတာ္တြင္ ႏွစ္စဥ္က်င္းပေလ့ရွိသည့္ မသိုးသကၤန္းရက္လုပ္ပူေဇာ္ပြဲကို ကိုဗစ္၁၉ အေျခအေနေၾကာင့္ ယခုႏွစ္တြင္မလုပ္ျဖစ္တာဟု သိရပါသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here