ငမိုးရိပ်ရေသန့်စင်စက်ရုံ(ညောင်နှစ်ပင်)ရေပို့ပိုက်လိုင်းပြင်ဆင်မှုလျင်မြန်စွာပြီးစီးလို့ ရေပြန်ပေးနိုင်ပြီဖြစ်

0
163

(Unicode)

ငမိုးရိပ်ရေသန့်စင်စက်ရုံ(ညောင်နှစ်ပင်)ရေပို့ပိုက်လိုင်းပြင်ဆင်မှုလျင်မြန်စွာပြီးစီးလို့ ရေပြန်ပေးနိုင်ပြီဖြစ်

ရန်ကုန်စည်ပင်၊အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)ရဲ့ မှော်ဘီမြို့နယ်၊အထယုကျေးရွာနားက ငမိုးရိပ်ရေသန့်စင်စက်ရုံ(ညောင်နှစ်ပင်)ရေပို့ပိုက်လိုင်းတွေရဲ့ HDPE ဖလန်းပိုက်ဆက်နေရာနဲ့သံပိုက်အဆက်နေရာတွေမှာရေယိုစိမ့်မှုဖြစ်ခဲ့တာကြောင့် ပြန်လည်ပြင်ဆင်ရာမှာလျင်မြန်စွာပြီးစီးသွားလို့ နိုဝင်ဘာ ၁၅ ရက်ညနေ ၄ နာရီကစပြီး ရန်ကုန်မြောက်ပိုင်းနှင့်အရှေ့ပိုင်းမြို့နယ်များသို့ ပုံမှန်ရေပေးဝေနေပြီဖြစ်ပါတယ်။

ညောင်နှစ်ပင် ရေသန့်စင်စက်ရုံဟာ ငမိုးရိပ်ဆည်ကရေကိုသန့်စင်ပြီး ရန်ကုန်မြို့တွင်းကိုနေ့စဉ်ရေပေးဝေနေတာပါ။နိုဝင်ဘာ ၁၄ ရက်မနက် ၁၀ နာရီကစပြီး ဒုတိယအဆင့်ရေတွန်းစက်ရုံက ရေတွန်းစက်ကို အနည်းငယ်ပျက်စီးမှုတွေရှိခဲ့လို့ ပြုပြင်ခဲ့ပါတယ်။

ပြုပြင်ရာမှာ သတ်မှတ်ထားတဲ့ နိုဝင်ဘာလ ၁၆ ရက်မွန်းလွဲ ၂ နာရီအထိ ၅၂ နာရီကြာမြင့်နိုင်တယ်လို့ထုတ်ပြန်ထားပေမဲ့လည်း လုပ်သားတွေရဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့လို့ နာရီ ၃၀ နဲ့ပြုပြင်ပြီးစီးခဲ့ပါတယ်။

မင်္ဂလာဒုံ၊မြောက်ဥက္ကလာပ၊ရွှေပေါက္ကံမြို့သစ်၊တောင်ဥက္ကလာပ၊သင်္ဃန်းကျွန်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ဒေါပုံ၊တာမွေ၊မေတ္တာညွန့်ရပ်ကွက်တို့မှာ ရေလျော့နည်းခြင်းနဲ့ခေတ္တရေပြတ်တောက်ခြင်းများဖြစ်ပေါ်ခဲ့ပါတယ်။

(Zawgyi)

ငမိုးရိပ္ေရသန႔္စင္စက္႐ုံ(ေညာင္ႏွစ္ပင္)ေရပို႔ပိုက္လိုင္းျပင္ဆင္မႈလ်င္ျမန္စြာၿပီးစီးလို႔ ေရျပန္ေပးႏိုင္ၿပီျဖစ္

ရန္ကုန္စည္ပင္၊အင္ဂ်င္နီယာဌာန(ေရႏွင့္သန႔္ရွင္းမႈ)ရဲ႕ ေမွာ္ဘီၿမိဳ႕နယ္၊အထယုေက်း႐ြာနားက ငမိုးရိပ္ေရသန႔္စင္စက္႐ုံ(ေညာင္ႏွစ္ပင္)ေရပို႔ပိုက္လိုင္းေတြရဲ႕ HDPE ဖလန္းပိုက္ဆက္ေနရာနဲ႔သံပိုက္အဆက္ေနရာေတြမွာေရယိုစိမ့္မႈျဖစ္ခဲ့တာေၾကာင့္ ျပန္လည္ျပင္ဆင္ရာမွာလ်င္ျမန္စြာၿပီးစီးသြားလို႔ ႏိုဝင္ဘာ ၁၅ ရက္ညေန ၄ နာရီကစၿပီး ရန္ကုန္ေျမာက္ပိုင္းႏွင့္အေရွ႕ပိုင္းၿမိဳ႕နယ္မ်ားသို႔ ပုံမွန္ေရေပးေဝေနၿပီျဖစ္ပါတယ္။

ေညာင္ႏွစ္ပင္ ေရသန႔္စင္စက္႐ုံဟာ ငမိုးရိပ္ဆည္ကေရကိုသန႔္စင္ၿပီး ရန္ကုန္ၿမိဳ႕တြင္းကိုေန႔စဥ္ေရေပးေဝေနတာပါ။ႏိုဝင္ဘာ ၁၄ ရက္မနက္ ၁၀ နာရီကစၿပီး ဒုတိယအဆင့္ေရတြန္းစက္႐ုံက ေရတြန္းစက္ကို အနည္းငယ္ပ်က္စီးမႈေတြရွိခဲ့လို႔ ျပဳျပင္ခဲ့ပါတယ္။

ျပဳျပင္ရာမွာ သတ္မွတ္ထားတဲ့ ႏိုဝင္ဘာလ ၁၆ ရက္မြန္းလြဲ ၂ နာရီအထိ ၅၂ နာရီၾကာျမင့္ႏိုင္တယ္လို႔ထုတ္ျပန္ထားေပမဲ့လည္း လုပ္သားေတြရဲ႕ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့လို႔ နာရီ ၃၀ နဲ႔ျပဳျပင္ၿပီးစီးခဲ့ပါတယ္။

မဂၤလာဒုံ၊ေျမာက္ဥကၠလာပ၊ေ႐ႊေပါကၠံၿမိဳ႕သစ္၊ေတာင္ဥကၠလာပ၊သဃၤန္းကြၽန္း၊ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)၊ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)၊ေဒါပုံ၊တာေမြ၊ေမတၱာၫြန႔္ရပ္ကြက္တို႔မွာ ေရေလ်ာ့နည္းျခင္းနဲ႔ေခတၱေရျပတ္ေတာက္ျခင္းမ်ားျဖစ္ေပၚခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here