ကမ္ဘာ့ပထမဆုံးကိုဗစ်ကာကွယ်ဆေး (ရှူဆေး) တရုတ်မိတ်ဆက်

0
214

(Unicode)

ကမ္ဘာ့ပထမဆုံးကိုဗစ်ကာကွယ်ဆေး (ရှူဆေး) တရုတ်မိတ်ဆက်

ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၂ရက်နေ့က တရုတ်နိုင်ငံတောင်ပိုင်း၊ ဟိုင်နန်မှာ ၅ကြိမ်မြောက်ပြုလုပ်ခဲ့တဲ့ကုန်စည်ပြပွဲတစ်ခုမှာ တရုတ်နိုင်ငံထုတ်ကမ္ဘာ့ပထမဆုံးကိုဗစ်ကာကွယ်ဆေး (ရှူဆေး) အမျိုးအစားကို စတင်မိတ်ဆက်ပြသခဲ့ပါတယ်။

တရုတ်ကူးစက်ရောဂါဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့ CanSinoBIO ကုမ္ပဏီတို့ကပူးပေါင်းပြီး ယခုကာကွယ်ဆေးကိုထုတ်လုပ်ခဲ့ကြတာဖြစ်ပါတယ်။

၎င်းရှူဆေးတွင် ထိုးဆေးမှာပါဝင်တဲ့အာနိသင်ရဲ့ ၅ပုံ ၁ပုံ ပါဝင်ပြီး အကြောထိုးဆေးတစ်ချောင်းနဲ့တူညီတဲ့ ကိုယ်ခံအားတုံ့ပြန်မှုကိုရရှိစေကာ ဒုတိယအဆင့်စမ်းသပ်စစ်ဆေးမှုမှာ ကနဦးအောင်မြင်ပြီး အရေးပေါ်အသုံးပြုခွင့်ရရှိထားပြီးဖြစ်တယ်လို့သိရပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၂၀ခုနှစ် စက်တင်ဘာလမှစတင်ကာ လက်တွေ့စမ်းသပ်စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ကြတာဖြစ်ပြီး တရုတ်နိုင်ငံထုတ် စိုင်နိုဖမ်း နဲ့ စိုင်နိုဗက် တို့ကတော့ WHO မှထောက်ခံချက်ရရှိထားကာ ကမ္ဘာ့နေရာအနှံမှာ တွင်ကျယ်စွာအသုံးပြုနေကြတဲ့ ကာကွယ်ဆေး ၂မျိုးဖြစ်ပါတယ်။

(Zawgyi)

ကမာၻ႔ပထမဆုံးကိုဗစ္ကာကြယ္ေဆး (ရႉေဆး) တ႐ုတ္မိတ္ဆက္

ၿပီးခဲ့တဲ့ႏိုဝင္ဘာလ ၁၂ရက္ေန႔က တ႐ုတ္ႏိုင္ငံေတာင္ပိုင္း၊ ဟိုင္နန္မွာ ၅ႀကိမ္ေျမာက္ျပဳလုပ္ခဲ့တဲ့ကုန္စည္ျပပြဲတစ္ခုမွာ တ႐ုတ္ႏိုင္ငံထုတ္ကမာၻ႔ပထမဆုံးကိုဗစ္ကာကြယ္ေဆး (ရႉေဆး) အမ်ိဳးအစားကို စတင္မိတ္ဆက္ျပသခဲ့ပါတယ္။

တ႐ုတ္ကူးစက္ေရာဂါဆိုင္ရာကြၽမ္းက်င္ပညာရွင္ေတြနဲ႔ CanSinoBIO ကုမၸဏီတို႔ကပူးေပါင္းၿပီး ယခုကာကြယ္ေဆးကိုထုတ္လုပ္ခဲ့ၾကတာျဖစ္ပါတယ္။

၎ရႉေဆးတြင္ ထိုးေဆးမွာပါဝင္တဲ့အာနိသင္ရဲ႕ ၅ပုံ ၁ပုံ ပါဝင္ၿပီး အေၾကာထိုးေဆးတစ္ေခ်ာင္းနဲ႔တူညီတဲ့ ကိုယ္ခံအားတုံ႔ျပန္မႈကိုရရွိေစကာ ဒုတိယအဆင့္စမ္းသပ္စစ္ေဆးမႈမွာ ကနဦးေအာင္ျမင္ၿပီး အေရးေပၚအသုံးျပဳခြင့္ရရွိထားၿပီးျဖစ္တယ္လို႔သိရပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ၂၀၂၀ခုႏွစ္ စက္တင္ဘာလမွစတင္ကာ လက္ေတြ႕စမ္းသပ္စစ္ေဆးမႈေတြကို ျပဳလုပ္ခဲ့ၾကတာျဖစ္ၿပီး တ႐ုတ္ႏိုင္ငံထုတ္ စိုင္ႏိုဖမ္း နဲ႔ စိုင္ႏိုဗက္ တို႔ကေတာ့ WHO မွေထာက္ခံခ်က္ရရွိထားကာ ကမာၻ႔ေနရာအႏွံမွာ တြင္က်ယ္စြာအသုံးျပဳေနၾကတဲ့ ကာကြယ္ေဆး ၂မ်ိဳးျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here